Best view in Microsoft Internet Explorer (IE) and Windows Media Player plug-in is in uses:
ကျနော် အခုတလော ပို့စ်အသစ်တွေ မတင်နိုင်ခြင်းအတွက် စာဖတ်သူများ၊ အလည်လာသူများကို ခွင့်ပန်ပါတယ် ခင်ဗျာ။ ကျနော်ခရီးလွန်နေလို့ သြဂုတ်လလောက်မှ ပို့စ်အသစ်များ သေသေချာချာ ပြန်လည်တင်ပြနိုင်မှာ ဖြစ်ပါတယ်။
ကျနော့်ရဲ့ Absent ကာလအတွင်းမှာ (ပအိုဝ်;လိတ်လဲုင်,)ဆိုတဲ့ ခွန်သာဒွန်း ရေးထားတဲ့ သီးချင်းတစ်ပုဒ်ကို ခံစား နားဆင်ထားနှင့်ကြပါ ခင်ဗျာ။ အဓိပ္ပါယ်ကို သေချာ နားလည်အောင် နားဆင်ပြီးတော့ ကျနော်တို့ ဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားရတော့မှာပေါ့ .. (~_~) ။
အလည်လာရောက်မှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အချိန်မှီ Update မလုပ်နိုင်မှုအတွက်လဲ စာဖတ်သူများကို forgive me for the absent ပါ။ ကျေးဇူးတင်ပါတယ်။
ပုံ- ခွန်ပအိုဝ်း

ပအိုဝ်;လိတ်မွူးကို မကြာခင် (On-line)အွန်လိုင်း လေ့လာနိုင်တော့မည် ဖြစ်ပါသည်။ လောလောဆယ်မှာတော့ Khun Pa-Oh Team Member များမှ ဒီဇိုင်းနှင့် ပြင်ဆင်မှုများ ပြုလုပ်လျှက် ရှိပါတယ်။ PDF e-book နှင့်သော်လည်းကောင်း၊ အွန်လိုင်း Slide Show အနေဖြင့်သော်လည်းကောင်း၊ Flipping Book အနေဖြင့် သော်လည်းကောင်း တင်ဆက်သွားဖို့ အစီအစဉ်ရှိပါတယ်။
အလွယ်ကူဆုံးကတော့ PDF ဆိုပေမယ့်၊ Flipping Book နဲ့ ကျနော် တင်ဆက်ဖို့ စဉ်းစားနေဆဲပါ။ လေ့လာသူများ၊ စာဖတ်သူများ အဆင်ပြေမှုကသာ ခွန်ပအိုဝ်း၏ ဦးတည်ချက် ဖြစ်တဲ့အတွက် .. ကျနော်တို့ The best solution ကို ရှာဖွေမွေနှောက်လျှက် ရှိပါတယ်။ နဲနဲတော့ အချိန်လိုအပ်မည် ဖြစ်တဲ့အတွက် .. စောင့်မျှော်ဖတ်ရှု ကြပါလို့ .. ခွန်ပအိုဝ်းရဲ့ စာဖတ်ပရိတ်သတ်များကို ကြိုတင်အသိပေး လိုက်ရပါတယ်ခင်ဗျာ။
အမိမြေမှ ပအိုဝ်;လိတ်လဲုင်,သွဉ်တန်,ကို သွားရောက်ဖို့ အခက်အခဲ ရှိနေသူများအတွက် အထူးရည်ရွယ်ထားတာ ဖြစ်သလို – လွယ်ကူမြန်ဆန်စွာ လေ့လာနိုင်ရေးအတွက် ရည်ရွယ်ထားပါတယ်။
မိမိလူမျိုးတို့၏ စာပေနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းသည် မိမိတိုင်းရင်းသားတို့၏ ဘ၀ပေးတာဝန် တစ်ရပ်ပင် ဖြစ်ပါသည်။
မျှော်
ကျေးဇူးရှင်ဖြစ်သော သဘာဝပတ်ဝန်းကျင်ကို လူသားတို့ ကျေးဇူးကန်းကြ၍ သဘာဝပတ်ဝန်းကျင်၏ ဒဏ်ခတ်ခြင်းကို ခါးစည်းခံနေကြရသည်။ ထိုသဘာဝဘေးဆိုး အန္တရာယ်မျိုးစုံမှ ကင်းဝေးရန် နည်းလမ်းမှာ သဘာဝပတ်ဝန်းကျင်ကို လူသားတစ်ရပ်လုံး၏ လှုပ်ရှားမှုအသွင်ဖြင့် ထိန်းသိမ်းစောင့်ရှောက် ကြရန်သာဖြစ်သည်။
အိုဇုန်းလွှာ ပျက်စီးခြင်း
အိုဇုန်းလွှာတွင် ဓါတုဗေဒ ဖွဲ့စည်းမှုအရ အောက်စီဂျင်(၃)လုံး ပါဝင်၍ မြေပြင်မှ ကီလိုမီတာ(၂၀)မှ (၄၀)အမြင့်တွင် တည်ရှိသည်။ သက်ရှိများအား အန္တရာယ်ကြီးမားစေသော ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးသည်။ လူတို့ အသုံးများသော ကာဗွန်၊ ကလိုရင်း၊ ဖလူအိုရင်း အက်တမ်များက ကမ္ဘာ့လေထုအတွင်း ထိုးဖောက်ပြီး ဓါတုဖွဲ့စည်းမှုအရ အိုဇုန်းဒြပ်များနှင့် ပူးပေါင်းပြီး အိုဇုန်းကို ဖျက်စီးပစ်လိုက်ကြသည်။
ပျက်စီးသွားသော အိုဇုန်းလွှာများကို ပြုပြင်၍ မရတော့သဖြင့် ပို၍ထပ်မံ မပျက်စီးအောင် ထိန်းသိမ်းကြရသည်။ အိုဇုန်းလွှာကို ပျက်စီးစေသော အက်တမ်များ ထိန်းချုပ်ရန် ကြိုးစားလာကြသည်။ လေထုတွင် လူတို့ထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် များမှလာ၍ ကမ္ဘာကြီး ယခင်ကထက် ပို၍ပူနွေးလာသည်။
အိုဇုန်းလွှာ တစ်ရာခိုင်နှုန်း ပျက်စီးတိုင်း ခရမ်းလွန်ရောင်ခြည် နှစ်ရာခိုင်နှုန်း တိုးလာသည်။ လေပွေလှိုင်းများကြောင်းလည်း အိုဇုန်းလွှာ ပျက်စီးနိုင်သည်။ သီးနှံထွက်နှုန်း ကျဆင်းခြင်း၊ ရေခဲပြင်များ အရည်ပျော်ခြင်း၊ စသည့် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ အပင်များမှ ထုတ်လွှတ်သော အောက်ဆီဂျင်များ အိုဇုန်းလွှာကို ဆက်လက်ဖြည့်ဆည်း ပေးနေမှသာ ကျနော်တို့၏ ကမ္ဘာမြေကြီးကို ခရမ်းလွန်ရောင်ခြည် ဒဏ်မှ ကာကွယ်ပေး နိုင်မည်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်က ဖန်ဆင်းထားသော သစ်ပင်၊ သစ်တောများ ဘယ်လောက် အရေးကြီးသည် ဆိုသည်ကို ကျနော်တို့ မငြင်းနိုင်တော့ပေ ………… ။
ဆက်လက်ဖော်ပြမည် ………
လူသားသည် သဘာဝပတ်ဝန်းကျင်၏ တစ်စိပ်တစ်ဒေသ မကပဲ သဘာဝပတ်ဝန်းကျင်ကို မှီခိုကာ အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ရှိ ရေ၊ လေ၊ မြေ၊ အပူချိန်၊ အစားအစာ၊ အ၀တ်အထည်၊ နေစ၇ာအိမ်၊ အသုံးအဆောင် ပစ္စည်းမျိုးစုံတို့ကို သုံးစွဲ၍ အသက်ရှင် နေကြရသည်။
မြန်မာနိုင်ငံ၏ ဧရိယာ စတုရန်းမိုင် (၂၆၁၂၈၈)အနက် (၅၇)ရာခိုင်နှုန်းသည် သစ်တောများဖြင့် ဖုံးလွှမ်းခဲ့သည်။ ကြိုးဝိုင်းသစ်တော (၁၅)ရာခိုင်နှုန်းနှင့် ကြိုးပြင်သစ်တော (၄၂)ရာခိုင်နှုန်း ဖြစ်သည်။ သစ်တော အမျိုးအစား (၁၁)မျိုးရှိသည်။ သစ်ပင်အမျိုးပေါင်း (၇၀၀၀)ကျော်ရှိသည်။
ရှမ်းပြည်နယ်သည် သစ်တောဧရိယာ အများဆုံးရှိသောပြည်နယ် ဖြစ်၍ ဧရိယာ စတုရန်းမိုင် (၄၅၀၅၀)ရှိသည်။ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သယံဇာတများကို ခေတ်မှီစက်များဖြင့် မြန်မြန်များများ ထုတ်ယူသုံးစွဲနေကြ၍ သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးကြရသည်။
အိုဇုန်းလွှာပေါက်ခြင်း၊ ဖန်လုံအိမ် အာနိသင် တိုးလားခြင်း၊ သစ်တောပြုန်းတီးခြင်း၊ အပူအအေး လွန်ကဲခြင်း၊ မုန်တိုင်းထန် ရေကြီးခြင်း၊ မြေဆီလွှာခန်းခြောက်ခြင်း၊ သောက်သုံးရေ ရှားပါးခြင်း၊ လေထုညစ်ညမ်းခြင်း၊ သစ်ပင်နှင့် တိရစ္ဆာန်များ မျိုးတုံးလားခြင်း စသည့် အန္တရာယ်များစုံ ကြုံတွေ့နေရသည်။ သစ်တော ပါရဂူများက တိုင်းပြည်တစ်ပြည် သဘာဝအန္တရာယ်များ ကာကွယ်နိုင်ရန် သစ်တောထွက်ပစ္စည်း အတော်အသင့်ရှိသည့် သစ်တောကြိုးဝိုင်း (၂၅) ရာခိုင်နှုန်း ရှိရန်လိုအပ်ကြောင်း သိရှိရသည်။
Continue Reading…
နီပအိုဝ်;ယို လို,မျို,ပဲင်;လိတ်လဲုင်, အ၀်;စွဉ်;လဲ့၊ အ၀်;ကြွို့,အ၀်ကြ, ဟွုန်ဗာ;ထီဗာ;ဖိုနေးလွုမ်,၊ အသွုံ,နွို့နဲုင်းမဲုင်,သေတ၀်း။ အုံနွောင်,အ၀်;နွောင်,ငါလဲ့ မွေးလဉ်း အွဉ်;သ,စားန၀်,သွူ။ ဖေ;ဝွေ;ခြေင် လိတ်အုပ်လဲ့ အီးသွုံ,ဗာ;နဲုင်းမဲုင်, သေတ၀်း၊ ယူ;ဖွီဖွီဖဲုင်ဖဲုင် အွဉ်;ဒျ,ကဲုင်ဗော့,ဒျာ; ထာ,ဆေင်; ထွာဗော့,ဒျာ; ရုံးဆာ;ဖုံသွူ။ (လိတ်ပအိုဝ်;) သီချင်းနားထောင်ရန် Continue Reading ကိုနှိပ်ပါ။

Continue Reading…
အခုတလော သူငယ်ချင်း၊ မိတ်ဆွေများ ပြောပြချက်အရ ရေပြဿနာတွေ၊ ရာသီဥတု ပြဿနာတွေ များများပြားပြား ကြားသိပြီးတော့ မြင်နေရတယ်၊ စိတ်မကောင်း ဖြစ်မိတာ အမှန်ပဲ။ အဲဒါကြောင့်မို့လို့ ပြဿနာက ဘယ်ကစခဲ့သလဲ၊ ဘယ်သူတွေလုပ်တာလဲ ဆိုတာကို ကျနော် နဲနဲတင်ပြသွားမှာ ဖြစ်ပါတယ်။ Climate Change ဖြစ်ပုံအဆင့်ဆင့်ကို Documentary လုပ်ထားတဲ့ ဗီဒီယိုကို ကြည့်ချင်ရင်တော့ ဒီမှာနှိပ်ပါ။
တရားခံကတော့ ကျနော်တို့ human လို့ခေါ်တဲ့ လူတွေပါပဲခင်ဗျာ။ လူတွေဟာ အရမ်းလောဘကြီး ကြပြီးတော့ အရင်းအမြစ်တွေကို လိုအပ်ချက်ထက် ပိုမိုလောဘ မတရားကြီး သုံးစွဲခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီပြဿနာကြီးကို ဖြေရှင်းဖို့ Solution ဆိုတာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ လူတွေအားလုံး တက်ညီလက်ညီနဲ့ စုပေါင်းပြီးတော့ (သဘာဝ ပတ်ဝန်းကျင်)ကို ထိန်းသိမ်းစောင့်ရှောက် သွားကြဖို့ပါပဲ။ မဟုတ်ရင်တော့ ကျနော်တို့ မိတ်ဆွေတို့ ကြည့်ဖူးတဲ့ 2012 ရုပ်ရှင်ကြီးဟာ တစ်ကယ် သက်ဝင်လှုပ်ရှား လာပါလိမ့်မယ်။ အနှေးနဲ့ အမြန်ပါပဲခင်ဗျာ။

လူတွေဟာ ၀မ်းရေး၊ ပညာရေး၊ ဘာရေး၊ ညာရေး အစရှိတဲ့ အရေးပေါင်း မြောက်မြားစွာ အတွက်ပဲ သဲကြီးမဲကြီး လုပ်နေကြပြီးတော့ (သဘာဝပတ်ဝန်းကျင်) ဘယ်လောက် အရေးကြီးတယ် ဆိုတာကို မေ့ထားတတ်ကြပါတယ်။ အအေးခန်း (aircondition)ထဲမှာ နေနေတဲ့ လူတွေအတွက် အေးချမ်းပေမယ့်၊ တစ်ကယ် ဒုက္ခပင်လယ်ဝေနေတဲ့ ကျနော်တို့ Humanတွေ ကမ္ဘာအနှံ့အပြားမှာ ရှိနေပါတယ်။ အဓိကခံစား နေရတာတော့ ကျနော်တို့လို ဆင်းရဲသားနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ပြောသလောက် ဘာမှမလုပ်ခဲ့ရပဲ ခံနေရတဲ့ လူတွေပါ။ ဒီတော့ ကမ္ဘာပေါ်မှာ ဘယ်နေရာပဲ ဖြစ်ဖြစ် လေထုညစ်ညမ်းမှု လုပ်ဆောင်လာခဲ့လျှင် တစ်ကမ္ဘာလုံးကို ထိခိုက်တယ်ဆိုတာ ကောင်းတဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။
ကျနော်က Humanထဲမှ လူတစ်ယောက် ဖြစ်သည်နှင့်အညီ ဘာမှ ထူးထူးခြားခြား မတတ်စွမ်းနိုင်ပေမယ့် သိတာလေးတွေ၊ ကျနော်တို့လူတွေ လုပ်သင့်လုပ်ထိုက်တာ အစရှိတာလေးတွေကို ကျနော်တင်ပြသွားမယ်ဗျာ ..။ အနဲဆုံးတော့ ဒီပို့စ်တွေ ဖတ်လိုက်ရတဲ့အတွက် ဗဟုတုတတော့ ရမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကဲ.. သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပို့စ်တွေကို ကျနော် နံပါတ်စဉ်အလိုက် ဆက်လက် ဖော်ပြသွားမှာပါ။ စောင့်မျှော်ဖတ်ရှုပါ ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ကျနော်တို့ ၂၀၀၈ ခုနှစ်တုန်းက တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားနေ့မှာ ကိုဇော်ဝင်းထွဋ် ဆိုသွားပေးတဲ့ (စည်လုံးခြင်းအတွက် သီချင်းတစ်ပုဒ်) ဆိုတဲ့ သီချင်းကို တင်ပြသွားမှာ ဖြစ်ပါတယ် .. ။ Live ဖြစ်တဲ့အတွက် သီချင်း Quality နဲနဲအဆင်မပြေ ဖြစ်ချင်ဖြစ်မယ်ဗျ။ ဒါပေမယ့် ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာအိုးစည်သံလေးနဲ့ ဆိုထားတဲ့အတွက် မိုက်တယ်ဗျ .. ။ စကားပြောတဲ့ အပိုင်းကို ကျနော် ဖြတ်ညှပ်လိုက်ပြီးတော့ MP3 ပြောင်းထားတာ ဖြစ်ပါတယ်။ နားဆင်ကြည့်ပါအုံး ခင်ဗျာ။
အပြည့်အစုံနဲ့ ဗီဒီယို Version ကိုကြည့်ချင်ရင်တော့ >ဒီမှာနှိပ်လိုက်ပါ< … ။ ကျနော့် Youtube နဲ့ ချိတ်ထားပေးပါတယ်ဗျ။
