ဒီကနေ့ အလည်လာရောက်သူ မိတ်ဆွေအပေါင်းကို … ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ အကပဒေသာနဲ့ ဖျော်ဖြေလိုက်ပါရစေ .. ။ ကျနော်တို့ ပအိုဝ်းအမျိုးသား ပွဲတော်(ခေါ်) တပေါင်းပွဲတော် (၀ါ) ပအိုဝ်း အမျိုးသားနေ့ပေါ့ .. အဲဒီနေ့ကြီးဟာဆိုရင် .. ဒီနှစ် ဖေဖော်ဝါရီလ၊ အင်္ဂလိပ်လို (၂၇) နေ့မှာ ကျရောက်တာ ဖြစ်ပါတယ်… ။
ထို့အညီ .. အနယ်နယ်အရပ်ရပ်မှာ ရောက်ရှိနေကြတဲ့ ကျနော်တို့ ပအိုဝ်း တိုင်းရင်းသားတွေဟာ … ပအိုဝ်းအမျိုးသားနေ့ (၀ါ) ပအိုဝ်းတပေါင်းပွဲတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ … ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းနဲ့ … ပွဲတော်ကို ဆင်နွဲတတ်ကြပါတယ် .. ။
နှစ်စဉ်နှစ်စဉ် တပေါင်းလပြည့်နေ့ ရောက်တိုင်း … ဆင်နွဲလေ့ရှိတဲ့ ပအိုဝ်းရိုးရာ ပွဲတော်တစ်ခု ဖြစ်ပါတယ် .. ။ ဒီတော့ .. အခြေအနေအရ အဝေးရောက်နေကြတဲ့ .. ကျနော်တို့ ပအိုဝ်း တိုင်းရင်းသား ညီအစ်ကိုမောင်နှမများဟာ …. ပွဲတော်ကြီးကို လွမ်းဆွတ်တမ်းတ နေမိမှာ အမှန်ပါ … ။ ဘယ်လိုပဲဖြစ်ဖြစ် … ပွဲတော်ကို သွားရောက်၊ လာရောက် မဆင်နွဲနိုင်ကြတဲ့ ကျနော်တို့ ပအိုဝ်း ညီအစ်ကို မောင်နှမများအတွက်၊ ဟောဒီက … အကပဒေသာနဲ့ … တင်ဆက် ဧည့်ခံလိုက်ပါရစေ …
.. ။
အလည်ရောက်လာကြတဲ့ အခြားတိုင်းရင်းသားများကိုလဲ ဧည့်ခံပါတယ်. … ။ Happy Watching our Pa.Oh Traditional Dancing ပါ ခင်ဗျာ … (^_^) .. ။ Cheers !!!!


Recent Comments