ကျေးဇူးရှင်ဖြစ်သော သဘာဝပတ်ဝန်းကျင်ကို လူသားတို့ ကျေးဇူးကန်းကြ၍ သဘာဝပတ်ဝန်းကျင်၏ ဒဏ်ခတ်ခြင်းကို ခါးစည်းခံနေကြရသည်။ ထိုသဘာဝဘေးဆိုး အန္တရာယ်မျိုးစုံမှ ကင်းဝေးရန် နည်းလမ်းမှာ သဘာဝပတ်ဝန်းကျင်ကို လူသားတစ်ရပ်လုံး၏ လှုပ်ရှားမှုအသွင်ဖြင့် ထိန်းသိမ်းစောင့်ရှောက် ကြရန်သာဖြစ်သည်။
အိုဇုန်းလွှာတွင် ဓါတုဗေဒ ဖွဲ့စည်းမှုအရ အောက်စီဂျင်(၃)လုံး ပါဝင်၍ မြေပြင်မှ ကီလိုမီတာ(၂၀)မှ (၄၀)အမြင့်တွင် တည်ရှိသည်။ သက်ရှိများအား အန္တရာယ်ကြီးမားစေသော ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးသည်။ လူတို့ အသုံးများသော ကာဗွန်၊ ကလိုရင်း၊ ဖလူအိုရင်း အက်တမ်များက ကမ္ဘာ့လေထုအတွင်း ထိုးဖောက်ပြီး ဓါတုဖွဲ့စည်းမှုအရ အိုဇုန်းဒြပ်များနှင့် ပူးပေါင်းပြီး အိုဇုန်းကို ဖျက်စီးပစ်လိုက်ကြသည်။
ပျက်စီးသွားသော အိုဇုန်းလွှာများကို ပြုပြင်၍ မရတော့သဖြင့် ပို၍ထပ်မံ မပျက်စီးအောင် ထိန်းသိမ်းကြရသည်။ အိုဇုန်းလွှာကို ပျက်စီးစေသော အက်တမ်များ ထိန်းချုပ်ရန် ကြိုးစားလာကြသည်။ လေထုတွင် လူတို့ထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် များမှလာ၍ ကမ္ဘာကြီး ယခင်ကထက် ပို၍ပူနွေးလာသည်။
အိုဇုန်းလွှာ တစ်ရာခိုင်နှုန်း ပျက်စီးတိုင်း ခရမ်းလွန်ရောင်ခြည် နှစ်ရာခိုင်နှုန်း တိုးလာသည်။ လေပွေလှိုင်းများကြောင်းလည်း အိုဇုန်းလွှာ ပျက်စီးနိုင်သည်။ သီးနှံထွက်နှုန်း ကျဆင်းခြင်း၊ ရေခဲပြင်များ အရည်ပျော်ခြင်း၊ စသည့် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ အပင်များမှ ထုတ်လွှတ်သော အောက်ဆီဂျင်များ အိုဇုန်းလွှာကို ဆက်လက်ဖြည့်ဆည်း ပေးနေမှသာ ကျနော်တို့၏ ကမ္ဘာမြေကြီးကို ခရမ်းလွန်ရောင်ခြည် ဒဏ်မှ ကာကွယ်ပေး နိုင်မည်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်က ဖန်ဆင်းထားသော သစ်ပင်၊ သစ်တောများ ဘယ်လောက် အရေးကြီးသည် ဆိုသည်ကို ကျနော်တို့ မငြင်းနိုင်တော့ပေ ………… ။
ဆက်လက်ဖော်ပြမည် ………
လူသားသည် သဘာဝပတ်ဝန်းကျင်၏ တစ်စိပ်တစ်ဒေသ မကပဲ သဘာဝပတ်ဝန်းကျင်ကို မှီခိုကာ အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ရှိ ရေ၊ လေ၊ မြေ၊ အပူချိန်၊ အစားအစာ၊ အ၀တ်အထည်၊ နေစ၇ာအိမ်၊ အသုံးအဆောင် ပစ္စည်းမျိုးစုံတို့ကို သုံးစွဲ၍ အသက်ရှင် နေကြရသည်။
မြန်မာနိုင်ငံ၏ ဧရိယာ စတုရန်းမိုင် (၂၆၁၂၈၈)အနက် (၅၇)ရာခိုင်နှုန်းသည် သစ်တောများဖြင့် ဖုံးလွှမ်းခဲ့သည်။ ကြိုးဝိုင်းသစ်တော (၁၅)ရာခိုင်နှုန်းနှင့် ကြိုးပြင်သစ်တော (၄၂)ရာခိုင်နှုန်း ဖြစ်သည်။ သစ်တော အမျိုးအစား (၁၁)မျိုးရှိသည်။ သစ်ပင်အမျိုးပေါင်း (၇၀၀၀)ကျော်ရှိသည်။
ရှမ်းပြည်နယ်သည် သစ်တောဧရိယာ အများဆုံးရှိသောပြည်နယ် ဖြစ်၍ ဧရိယာ စတုရန်းမိုင် (၄၅၀၅၀)ရှိသည်။ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သယံဇာတများကို ခေတ်မှီစက်များဖြင့် မြန်မြန်များများ ထုတ်ယူသုံးစွဲနေကြ၍ သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးကြရသည်။
အိုဇုန်းလွှာပေါက်ခြင်း၊ ဖန်လုံအိမ် အာနိသင် တိုးလားခြင်း၊ သစ်တောပြုန်းတီးခြင်း၊ အပူအအေး လွန်ကဲခြင်း၊ မုန်တိုင်းထန် ရေကြီးခြင်း၊ မြေဆီလွှာခန်းခြောက်ခြင်း၊ သောက်သုံးရေ ရှားပါးခြင်း၊ လေထုညစ်ညမ်းခြင်း၊ သစ်ပင်နှင့် တိရစ္ဆာန်များ မျိုးတုံးလားခြင်း စသည့် အန္တရာယ်များစုံ ကြုံတွေ့နေရသည်။ သစ်တော ပါရဂူများက တိုင်းပြည်တစ်ပြည် သဘာဝအန္တရာယ်များ ကာကွယ်နိုင်ရန် သစ်တောထွက်ပစ္စည်း အတော်အသင့်ရှိသည့် သစ်တောကြိုးဝိုင်း (၂၅) ရာခိုင်နှုန်း ရှိရန်လိုအပ်ကြောင်း သိရှိရသည်။
အခုတလော သူငယ်ချင်း၊ မိတ်ဆွေများ ပြောပြချက်အရ ရေပြဿနာတွေ၊ ရာသီဥတု ပြဿနာတွေ များများပြားပြား ကြားသိပြီးတော့ မြင်နေရတယ်၊ စိတ်မကောင်း ဖြစ်မိတာ အမှန်ပဲ။ အဲဒါကြောင့်မို့လို့ ပြဿနာက ဘယ်ကစခဲ့သလဲ၊ ဘယ်သူတွေလုပ်တာလဲ ဆိုတာကို ကျနော် နဲနဲတင်ပြသွားမှာ ဖြစ်ပါတယ်။ Climate Change ဖြစ်ပုံအဆင့်ဆင့်ကို Documentary လုပ်ထားတဲ့ ဗီဒီယိုကို ကြည့်ချင်ရင်တော့ ဒီမှာနှိပ်ပါ။
တရားခံကတော့ ကျနော်တို့ human လို့ခေါ်တဲ့ လူတွေပါပဲခင်ဗျာ။ လူတွေဟာ အရမ်းလောဘကြီး ကြပြီးတော့ အရင်းအမြစ်တွေကို လိုအပ်ချက်ထက် ပိုမိုလောဘ မတရားကြီး သုံးစွဲခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီပြဿနာကြီးကို ဖြေရှင်းဖို့ Solution ဆိုတာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ လူတွေအားလုံး တက်ညီလက်ညီနဲ့ စုပေါင်းပြီးတော့ (သဘာဝ ပတ်ဝန်းကျင်)ကို ထိန်းသိမ်းစောင့်ရှောက် သွားကြဖို့ပါပဲ။ မဟုတ်ရင်တော့ ကျနော်တို့ မိတ်ဆွေတို့ ကြည့်ဖူးတဲ့ 2012 ရုပ်ရှင်ကြီးဟာ တစ်ကယ် သက်ဝင်လှုပ်ရှား လာပါလိမ့်မယ်။ အနှေးနဲ့ အမြန်ပါပဲခင်ဗျာ။
လူတွေဟာ ၀မ်းရေး၊ ပညာရေး၊ ဘာရေး၊ ညာရေး အစရှိတဲ့ အရေးပေါင်း မြောက်မြားစွာ အတွက်ပဲ သဲကြီးမဲကြီး လုပ်နေကြပြီးတော့ (သဘာဝပတ်ဝန်းကျင်) ဘယ်လောက် အရေးကြီးတယ် ဆိုတာကို မေ့ထားတတ်ကြပါတယ်။ အအေးခန်း (aircondition)ထဲမှာ နေနေတဲ့ လူတွေအတွက် အေးချမ်းပေမယ့်၊ တစ်ကယ် ဒုက္ခပင်လယ်ဝေနေတဲ့ ကျနော်တို့ Humanတွေ ကမ္ဘာအနှံ့အပြားမှာ ရှိနေပါတယ်။ အဓိကခံစား နေရတာတော့ ကျနော်တို့လို ဆင်းရဲသားနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ပြောသလောက် ဘာမှမလုပ်ခဲ့ရပဲ ခံနေရတဲ့ လူတွေပါ။ ဒီတော့ ကမ္ဘာပေါ်မှာ ဘယ်နေရာပဲ ဖြစ်ဖြစ် လေထုညစ်ညမ်းမှု လုပ်ဆောင်လာခဲ့လျှင် တစ်ကမ္ဘာလုံးကို ထိခိုက်တယ်ဆိုတာ ကောင်းတဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။
ကျနော်က Humanထဲမှ လူတစ်ယောက် ဖြစ်သည်နှင့်အညီ ဘာမှ ထူးထူးခြားခြား မတတ်စွမ်းနိုင်ပေမယ့် သိတာလေးတွေ၊ ကျနော်တို့လူတွေ လုပ်သင့်လုပ်ထိုက်တာ အစရှိတာလေးတွေကို ကျနော်တင်ပြသွားမယ်ဗျာ ..။ အနဲဆုံးတော့ ဒီပို့စ်တွေ ဖတ်လိုက်ရတဲ့အတွက် ဗဟုတုတတော့ ရမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကဲ.. သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပို့စ်တွေကို ကျနော် နံပါတ်စဉ်အလိုက် ဆက်လက် ဖော်ပြသွားမှာပါ။ စောင့်မျှော်ဖတ်ရှုပါ ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ကျနော်တို့ ၂၀၀၈ ခုနှစ်တုန်းက တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားနေ့မှာ ကိုဇော်ဝင်းထွဋ် ဆိုသွားပေးတဲ့ (စည်လုံးခြင်းအတွက် သီချင်းတစ်ပုဒ်) ဆိုတဲ့ သီချင်းကို တင်ပြသွားမှာ ဖြစ်ပါတယ် .. ။ Live ဖြစ်တဲ့အတွက် သီချင်း Quality နဲနဲအဆင်မပြေ ဖြစ်ချင်ဖြစ်မယ်ဗျ။ ဒါပေမယ့် ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာအိုးစည်သံလေးနဲ့ ဆိုထားတဲ့အတွက် မိုက်တယ်ဗျ .. ။ နားဆင်ကြည့်ပါအုံး ခင်ဗျာ။
အပြည့်အစုံနဲ့ ဗီဒီယို Version ကိုကြည့်ချင်ရင်တော့ >ဒီမှာနှိပ်လိုက်ပါ< … ။ ကျနော့် Youtube နဲ့ ချိတ်ထားပေးပါတယ်ဗျ။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နယ်၌၊ ကက္ကူကျေးရွာအုပ်စု၊ ကက္ကူကျေးရွာတွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားသည် ဒေသခံတိုင်းရင်းသား လူမျိုးများသာမက မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများ ကမ္ဘာလှည့် ခရီးသည်များပါ စိတ်ဝင်စားပြီး လာရောက်ဖူးမြော် နေကြသော ဘုရားဖြစ်သည်။
မွေတော်ကက္ကူဘုရားသည် ဘီစီ (၂၆၈)အတွင်း ကမ္ဘာပေါ်တွင် အထင်ရှားဆုံး မင်းတစ်ပါးဖြစ်တော်မူသော မဂဓတိုင်း၊ ပါဋလိပုတ်ပြည်၊ မောရိယ မင်းဆက်ဖြစ်သော ဒေ၀ါနံပိယတိဿ ဘွဲ့ရသည့် သီရိဓမ္မ သောကမင်း၏ ကိုးတိုင်းကိုးဌာန သာသနာပြုချိန်မှစပြီး ယနေ့ထိတိုင်အောင် ကိုးကွယ်ပူဇော်လာခဲ့ကြသည့် ဘုရားတစ်ဆူ ဖြစ်ပါသည်။
၂၀ရာစု နှစ်များအတွင်း မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့ကို ဖွဲ့စည်းကာ ဆရာတော်ကြီးများ၏ သြ၀ါဒကို ခံယူပြီး ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် တန်ဆောင်မုန်းလပြည့်နေ့နှင့် တပေါင်းလပြည့်နေ့များတွင် နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဇနိယ ပွဲတော်များကိုလည်း ကျင်းပလျက်ရှိသည်။
ရဟန္တာသိမ်တော် ——>
လူ့လောကတွင် ပစ္စုပ္ပန်နှင့်သံသရာ နှစ်ဖြာသော စီးပွားချမ်းသာအတွက် ဗုဒ္ဓသာသနာတော် အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲဖို့ လိုသည်။ သာသနာပြုလုပ်ငန်းမှာ သံဃာတော်များသည် ဦးစီးဦးဆောင်များ ဖြစ်ကြပါသည်။ ရဟန်းသံဃာတော်များ စဉ်ဆက်မပြတ်တည်ရှိနေရန် ဥပသမ္ပဒကံဆောင် ရဟန်းခံရာသိမ်သည် မရှိမဖြစ် အရေးကြီးလှပေသည်။ သိမ်မရှိပါက ရဟန်းခံ ဥပသမ္ပဒ ကံမြောက်နိုင်ခြင်း မရှိသောကြောင့် ရဟန်းသံဃာ ပြတ်လပ်သွားနိုင်ပါသည်။ ဦးဆောင်ရဟန်းသံဃာကင်းမဲ့ခဲ့ပါလျှင် ဗုဒ္ဓသာသနာတော်သည်လည်း လူ့လောကမှ ကွယ်ပျောက်သွားနိုင်သည်။
ဤအနာဂတ်အရေးကို မြော်တွေး၍ မဇ္ဈိမဒေသမှတစ်ပါး အခြားသော အစွန်းအဖျားကျသည့် ပစ္စန္တရာဇ် အရပ်ဒေသမှာ သိမ်သမုတ်ခြင်း စသော သံဃကံများ အောင်မြင်ပြီးမြောက်စွာ ဆောင်ရွက်နိုင်ရန် တတိယသင်္ဂါယနာတင်အပြီး ကိုးတိုင်းကိုးဌာန သာသနာပြုရာမှ ရှင်မဟာမောဂ္ဂလိ ပုတ္တဿမထေရ်နှင့် အသောကမင်းတရားကြီးတို့က သုဝဏ္ဏဘူမိသို့ သောဏမထေရ်နှင့် ဥတ္တရမထေရ်အမှူးရှိသော သံဃအဖွဲ့ငါးပါးကို အမြော်အမြင်ကြီးစွာ စေလွှတ်တော်မူခဲ့ခြင်း ဖြစ်သည်။
ဘုရင် အသောကမင်းတရားကြီးသည် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး သာသနာတော် (၂၁၈)သို့ ရောက်ရှိလာသောအခါ တတိယ သင်္ဂါယနာတင်ပွဲပြီးဆုံးခြင်း အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စေတီပေါင်း(၈၄၀၀၀) ရှစ်သောင်းလေးထောင်ကို တစ်ပြိုင်နက်တည်း တည်ထားကိုးကွယ်လိုသော ဆန္ဒတော်ဖြစ်ခဲ့လေသည်။ သို့ဖြစ်၍ ရာဇဂြိုလ်၊ ဝေသာလီ၊ ကပိလ၀တ်၊ အလ္လကပ္ပ၊ ဝေဌဒီပ၊ ပါဝါကုသိနာရုံပြည်များရှိ စေတီတော်များကို တူးဖြိုစေ၍ ဓာတ်တော်များကို ရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိခဲ့ပါ။ တူးဖြိုထားသော စေတီတော်များကို မူလပကတိအတိုင်း ပြန်လည်တည်ထား စေတော်မူခဲ့လေသည်။
ထို့နောက် ရာဇဂြိုလ်သို့ ပြန်လည်ကြွရောက်ကာ ပရိသတ်လေးပါး စုံညီစည်းဝေးပြီး ဓာတ်တော်များအကြောင်း စုံစမ်းမေးမြန်း ရာတွင်မှ သက်တော်(၁၂၀)ရှိသော မထေရ်ကြီးက မိမိ(၇)နှစ်သားအရွယ် ငယ်စဉ်ကာလတွင် ငါ၏ဆရာ မထေရ်ကြီးနှင့်အတူ ပန်းတောင်းကိုကိုင်ကာ ကျောက်စေတီတစ်ဆူကို သွားရောက်ဖူးမျှော် ပူဇော်ခဲ့ဖူးကြောင်း မိန့်ကြားခဲ့သည်။ ထိုနေရာကို စုံစမ်းပြီး၊ မင်းကြီးက သွားရောက်တူးဖော်သည့်အခါ ရှင်မဟာကဿပနှင့် ဘုရင်အဇာတသတ်တို့ အဓိဋ္ဌာန်ပြုပြီး တည်ထားသော ဓာတ်တော်သိုက်ကို တွေ့ရလေသည်။










Recent Comments