ခွန်ရဲသွေး ဆိုထားတဲ့ (ခမ်း) ဆိုတဲ့ သီချင်းအခွေကို Download ရယူနိုင်ပါပြီ။ Download မလုပ်ခင် ကိုယ်ကြိုက်တဲ့ သီချင်းပဲ နားဆင်ရွေးချယ်ပြီး Download လုပ်နိုင်ရန်အတွက် (သို့မဟုတ်) MP3 သီချင်းအွန်လိုင်း နားဆင်လိုလျှင်တော့ ပုံအောက်က <Continue Reading> ဆိုတဲ့လင့်ပေါ်မှာ နှိပ်လိုက်ပါဗျာ။ သီချင်းကို Download လုပ်ရန်အတွက် သီချင်းခေါင်းစဉ်ပေါ်မှာ နှိပ်လိုက်ပါ။
VCD Version ကြည့်ချင်သူများ အတွက် ခွန်ပအိုဝ်းရဲ့ Youtube Channel မှာ သွားရောက်နားဆင် ကြည့်ရှုနိုင်ပါတယ်။

အိုကေဗျာ Screen Shot များနှင့် တင်ပေးပါလို့ Admin ကြီးမှ တောင်းဆိုလာတာကြောင့် ပြန်တောင်းဆိုရတော့မယ် ထင်ပါတယ်။ Image Upload/Download အတွက် ကျွန်တော့်မှာ Permission မရှိသေးပါဘူး။ ဟီး။ လေးတောင့်ကွက်လေးတွေ ဖြစ်နေတာက အခု font မှာ Rendering ပါ လို့ပါ။ Rendering ကို အကြမ်းဖျင်း မြန်မာစာအတွက် ပြောရရင် Font ကို အမှန်အတိုင်း ပြင်ပေးတာပေါ့။ အရင်က ရိုက်ခဲ့တဲ့ font တွေမှာဆိုရင် – (အရင်ဆုံး စကားပလင်ခံလိုက်ပါသည်
)
Pa-Oh font ကို လောလောဆယ် ရိုက်လို့ရအောင်ရယ် မြင်လို့ရအောင်ရယ် တင်ပေးလိုက်ပါတယ်။ Font က ကိုစိုးမင်း(မာ့ခ်) ရဲ့ Tahoma ကို hack လုပ်ထားတဲ့ Zawgyi True Type Font ကို Modify ပြန်လုပ်ထားခြင်းသာ ဖြစ်ပါတယ်။ Input Method အတွက်ကတော့ Key Magic ကိုသုံးမှ ရပါမယ်။ PaOh Unicode Font ကို အမှန်လုပ်ချင်ပါတယ်။ ခက်တာက ကျွန်တော် ပအိုဝ်းစာကို ကျွှန်တော် မတတ်တော့ပါဘူး။ ပြန်ကြည့်နေပါတယ်။ သီချင်းတွေ အသေအလဲနားထောင်ရင်းပေါ့။ တကယ်က Unicode 5.2 နဲ့ ကိုက်ညီတဲ့ (သူတို့အဆိုအရ – Data ကိုဘယ်လို Store လုပ်လဲ၊ ပအိုဝ်း ရေးထုံးနဲ့ ကိုက်ညီလား ကွှန်တော် မသိသေးပါဘူး။ Pa-Oh Unicode က ရှိပြီးသားပါ။ ThanLwin Soft က ထုတ်တဲ့ Ekaya Input Method မှာ ပါပါတယ်။ Font က “ပိတောက်” font ကိုသုံးရပါမယ်။ တစ်ခုပဲ ခက်တာက သူက အများအသုံး ရင်းနှီးနေပြီဖြစ်တဲ့ Font တွေနဲ့ အမှန်အတိုင်း မမြင်ရတော့မှာရယ် input ကလည်း ကွာခြား သွားမှာ ရယ်ကြောင့်ပါ။ ပအိုဝ်:စာကို ကျွှန်တော် ပြန်ကြည့်ရမယ် ဆိုတာ ဒီလိုပါ။ လိုအပ်ပါတယ်။ မြန်မာစာမှာလိုပါပဲ Data ကို ဘယ်လို Store လုပ်ရမလဲဆိုတာ နည်းနည်း ကျွှန်တော့်အတွက် အခက်အခဲ ဖြစ်နေပါတယ်။ Unicode မှာက Logical အတိုင်းပဲ Data ကို Store လုပ်ရလို့ပါ။
အခုတင်လိုက်တဲ့ သီချင်းအခွေကတော့ (စုံတွဲ သီချင်း)ခွေ ဖြစ်ပါတယ်။ ဒီသီချင်းခွေရဲ့ နာမည်ကတော့ (ရက်)ဆိုတဲ့ ဗမာလို (အချစ်)ပေါ့။ ဒီအခွေကိုလည်း တောင်ကြီးကို ကျနော်အလည်ပြန်စဉ်က အဆိုတော် နန်းမိုးမိုးစံ ကိုယ်တိုင် လက်ဆောင်ဆိုပြီးတော့ ပေးလိုက်တဲ့ အခွေဖြစ်ပါတယ်။ တစ်ခွေလုံး အွန်လိုင်းတင်ဖို့အတွက် ကျနော်နန်းမိုးမိုးစံကို ခွင့်တောင်းပြီးတော့ ခွင့်ပြုပြီးလည်း ဖြစ်ပါတယ်။ MP3 သီချင်းအွန်လိုင်း နားဆင်လိုလျှင်တော့ ပုံအောက်က <Continue Reading> ဆိုတဲ့လင့်ပေါ်မှာ နှိပ်လိုက်ပါဗျာ။ သီချင်းကို Download လုပ်ရန်အတွက် သီချင်းခေါင်းစဉ်ပေါ်မှာ နှိပ်လိုက်ပါ။
VCD Version ကြည့်ချင်သူများ အတွက် ခွန်ပအိုဝ်းရဲ့ Youtube Channel မှာ သွားရောက်နားဆင် ကြည့်ရှုနိုင်ပါတယ်။

အခုတင်လိုက်တဲ့ အခွေက ကျနော်တောင်ကြီးကို အလည်ပြန်တုန်းက ခွန်တူးလေးနဲ့ တွေ့ပြီးသူက လက်ဆောင်ဆိုပြီးတော့ ပေးသွားတဲ့ အခွေဖြစ်ပါတယ်။ သူကိုယ်တိုင်ပေးထားတာ ဆိုတော့ ကဲ Share ပြီဗျာ တစ်ခွေလုံး။ တောင်ကြီးမှာနေတဲ့ ညီအစ်ကိုတွေကလဲ အခွေလေးတွေ၊ အသစ်တွေထွက်ရင် အားပေးလိုက်ကြ အုံးပေါ့ဗျာ။ အခုခွေ အခွေနာမည်က (နာ,နောဝ်, .. ခွေဖ၀) တဲ့ဗျာ။ MP3 သီချင်းအွန်လိုင်း နားဆင်လိုလျှင်တော့ ပုံအောက်က <Continue Reading> ဆိုတဲ့လင့်ပေါ်မှာ နှိပ်လိုက်ပါဗျာ။ သီချင်းကို Download လုပ်ရန်အတွက် သီချင်းခေါင်းစဉ်ပေါ်မှာ နှိပ်လိုက်ပါ။
VCD Version ကြည့်ချင်သူများ အတွက် ခွန်ပအိုဝ်းရဲ့ Youtube Channel မှာ သွားရောက်နားဆင် ကြည့်ရှုနိုင်ပါတယ်။

ကျနော်တို့ ပအိုဝ်းစာကို အွန်လိုင်းမှာ အသုံးပြုနိုင်ရန်အတွက် Unicode လေးတစ်ခုကို ညီလေးတစ်ယောက်ရဲ့ အကူညီဖြင့် Zawgyi Unicode ကို Modify ပြန်လုပ်ပြီးတော့ စမ်းသပ်လျှက်ရှိပါတယ်။ မကြာခင် အတောအတွင်းမှာ စမ်းသပ်အသုံးပြုတော့မှာ ဖြစ်ပါတယ်။ Zawgyi Unicode က Burmese Online လောကမှာ Standardized သဘောမျိုးဖွယ် အသုံးပြုလျှက်ရှိပြီး တွင်တွင်ကျယ်ကျယ် လက်ရှိအသုံး ပြုလျှက်ရှိပါတယ်။ အဲဒီအတွက် ပအိုဝ်းစာ အက္ခရာတွေမှာလဲ မြန်မာ Fonts တွေနဲ့ (မဲုင်ငါ & မဲုင်ပက်ငါ) ဆိုပြီးတော့ နှစ်ခုလောက်ပဲ ထူးထူးခြားခြား ကွဲပြားနေတာကို တွေ့ရှိရပါတယ်။
အဲဒီအတွက် ကျနော်တို့ရဲ့ ညီငယ်လေးတစ်ယောက်ဖြစ်တဲ့ (ခွန်မိုးကျော် (ခ) အခွံ – (Online ကလောင်)- မန္တလေး ကွန်ပျူတာ တက္ကသိုလ်) -၇၃-လမ်း၊ မန္တလေး Future Sky Internet Cafe မှ Zawgyi Unicode ကို Modify လုပ်ပြီးတော့ စမ်းသပ်ထားတာလေးကို မကြာခင်မှာ ခွန်ပအိုဝ်းမှာ မျှဝေသွားမှာ ဖြစ်ပါတယ်။ ကျနော် Screen Shoot လေး အရင်မျှဝေလိုက်ပါတယ်။ Continue Reading
ရေထုညစ်ညမ်းခြင်း
ဤကမ္ဘာမှလွှဲ၍ အခြားဂြိုလ်များတွင် ရေမရှိ။ ကမ္ဘာ၏ (၇၅) ရာခိုင်နူန်းသည် ရေထုဖြင့် ဖုံးလွှမ်းသကဲ့သို့ လူ့ခန္ဓာ၏ (၇၁) ရာခိုင်နူန်းလည်း ရေဖြင့်ဖွဲ့စည်းထားသည်။ ရေသည်လူသားအတွက် အဖိုးအတန်ဆုံးသော အရင်းအမြစ်ဖြစ်သည်။ လူသား၏ ကျန်းမာခြင်း မကျန်းမာခြင်းကို အဓိကဖန်တီးပေးနေသည်မှာလည်း ရေပင်ဖြစ်သည်။ အပင်များ တိရစ္ဆာန်များသည် ရေကိုမှီ၍ အသက်ရှင်ကြရသည်။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးစီ၏ အဆုံးစွန်သော ဖွံ့ဖြိုးတိုးတက်မူကို စည်းကမ်းကလနား သတ်မှတ်ထားသော နယ်နိမိတ်သည် ရေပင်ဖြစ်သည်။ ကမ္ဘာသည် ရေငံ (၉၉) ရာခိုင်နူန်းကျော်ရှိသော်လည်း ရေချိုမှာမူ (၀.၁) ရာခိုင်နူန်းသာရှိသည်။
ပြောင်းဖူးတစ်ဖူးရရန် ရေဂါလံ (၅၀)လိုသည်။ ပေါင်မုန့်တစ်ချပ်ရရန် ရေ (၃၇) ဂါလံလိုသည်။ အာလူးတစ်နှပ်စာရရန် ရေ(၁၄၀၀)ဂါလံ လိုသည်။ အမဲသားတစ်ပေါင်ရရန် ရေဂါလံ (၁၆၀၀)လိုသည်။ ဂျုံတစ်တန်ရရန် ရေဂါလံ (၄၄၀၀၀) လိုသည်။ စိုက်ပျိုးရေးလုပ်ငန်းမှ ရေကိုအဆမတန်သုံးစွဲလာကြသည်။ ရေတွင်နိုက်ထြိတ်များ၊ အာဆင်းနှစ်များ၊ ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ၊ အနုမြူဓာတ်ပြာများ၊ ဓာတ်ဆိုးဆေးများ၊ ပြဒါးရည်များ၊ ကက်ဒမီယံဓာတ်များ၊ ကော့စတစ်များ၊ ရေနံယိုဖိတ်မူများ၊ အမှိုက်၊ အညစ်အကြေးများစွာ ပျော်ဝင်လျက်ရှိသည်။
မြေအောက်ရေထုတ်ယူသုံးစွဲမူ နှစ်ဆတိုးလာသည်။ မြစ်ရေများ ပင်လယ်မရောက်မီ ရေများခမ်းခြောက်သွားနိုင်သည်။ စွန့်ပစ်ရေကို နည်းအမျိုးမျိုးကြံဆ၍ ရေသန့်ရရန် ငွေကုန်ကြေးကျ များစွာကုန်နေရသည်။ ရေချိုရေသန့်များ မဆုံးရှုံး မကွယ်ပျောက်စေရန် လူသားတိုင်း အသိတရားဖြင့် အလေးထား ဆောင်ရွက်ကြရန် လိုပါသည်။


Recent Comments