Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

အလည်လာသူပေါင်း

Hits

Pages|Hits |Unique

  • Last 24 hours: 734
  • Last 7 days: 4,295
  • Last 30 days: 10,256
  • Online now: 7

Monthly Archives: August 2011

မကြာမီအတောအတွင်းမှာ ထွက်ရှိတော့မယ့် ခွန်တူးလေးနဲ့ နန်းမိုးမိုးစံတို့ ဆိုထားတဲ့ (ရက်သ,ရိုင်း) အမည်ရခွေအသစ် ထွက်ရှိတော့ မှာဖြစ်ပါတယ်။ စောင့်မျှော် အားပေးနိုင်ရန်အတွက် ကြော်ငြာလိုက်ပါတယ်။ ရောင်းဈေးကတော့ VCD အခွေတစ်ခွေကို (၂၀၀၀)ကျပ်လို့ သိရပါတယ်။ အားပေးလိုက်ကြပါအုံးဗျာ။ အမြည်းသီချင်းကိုတော့ ကျွန်တော် နန်းမိုးမိုးစံဆီ တောင်းဆိုထားပါတယ်။ ရတာနဲ့ တင်ပေးပါမယ်ဗျာ။ လာမည့် စက်တင်ဘာလ 3rd Week ၀န်းကျင်လောက်မှာ ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။ သီချင်းခေါင်းစဉ် ပုံကြီးချဲ့ကြည့်လိုပါက အောက်ဖော်ပြပါ ပုံပေါ်မှာ ကလစ်နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

အခွေဝယ်ယူ ရရှိနိုင်မယ့် နေရာတွေကတော့။ တောင်ကြီးမှာဆိုရင် ဖူဂျီ၊ ခမ်းကောင် အစရှိတဲ့ အခွေဆိုင်တိုင်းမှာ ရရှိနိုင်ပြီ၊ ထိုင်းနိုင်ငံရောက် ပအိုဝ်းညီအစ်ကိုများအတွက် (ချင်းမိုင်မြို့ရှိ – နောင်ခံဘုန်းကြီးကျောင်း)တွင် ၀ယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။ အခုလောလောဆယ်တော့ ဘန်ကောက်မြို့မှာ ရောင်းချသင့်မသင့် စဉ်းစားနေတုန်းလို့ သိရပါတယ်။

အဲဒီခေတ်က ကျူပင်ခုတ် ကျူငုတ်မကျန်စေရဆိုတဲ့ ခေတ်ကြီး မဟုတ်လားဗျ။ လက်ဦးအောင် သတ်တာပါ။ ဘယ်လူမျိုးပဲဖြစ်ဖြစ် ကိုယ့်လူမျိုး မျိုးမပြတ်အောင်တော့ ကြံစည်ရတာပါပဲ။ ကျုပ်တို့ တောင်သားတွေဆိုတာ အေးအေးဆေးဆေး ကိုယ့်အလုပ်ကိုယ် လုပ်နေကြသူတွေပါ။ ဘယ်သူ့ကိုမှ ရန်မရှာပါဘူး။ အဃာတတို့ ကလဲ့စားတို့လဲ မထားပါဘူး။ ဒါပေမယ့် အမြဲတမ်း အနှိမ်ခံနေရရင် နိုင်တဲ့သူကည်း အမြဲတမ်းနှိပ်စက်ညှင်းပန်းဖို့ လုပ်နေရင် ဘယ်သူဖြစ်ဖြစ် အခွင့်သာရင် ခံချတတ်တာ ဓမ္မတာပဲ မဟုတ်လား။ ကိုယ်ကခံချပြီ ဆိုရင်လည်း ရက်စက်တယ်လို့ ထင်ရအောင် အထိမခံ ဆော်ပစ်လိုက်ကြတာ၊ စန္ဒာဒေ၀ီတို့ကလည်း ဒီအတိုင်းလုပ်ခဲ့ကြတာပါ။ (တောင်သား (သို့) ရေမြေကိုအောင်နိုင်သူ၊ စောကြူမောင်၊ စာမျက်နှာ-၃၂)။

တောင်သူတွေဟာ သုဝဏ္ဏဘူမိမှာ ရှိနေပြီး အခြားလူမျိုးတွေနဲ့ မပေါင်းချင်ကြဘူး။ ကင်းကင်းရှင်းရှင်း နေချင်ကြသည်။ အနေနီးလို့ မလွှဲမကင်းသာ ဆက်ဆံရပေမယ့် အခြားလူမျိုးတွေနဲ့ လက်ထပ်ထိမ်းမြားတာကို လုံးဝမလိုကြဘူးတဲ့။ လူမျိုးနွယ်ရောတာကို မလိုလားဘူး။ သူတို့ဟာ သုဝဏ္ဏဘူမိက အညာကို ဆန်တက်လာခဲ့ကြတယ်။ နောက်ဆုံးပုပ္ပါးတောင်ခြေကို ရောက်လာတယ်။ ပုပ္ပါးနယ် တောင်သာအရပ်မှာ နေခဲ့ကြပြန်တယ်။ အဲဒီမှာလည်း အခြားမျိုးနွယ်တွေ ရှိတယ်။ သူတို့နဲ့ သွေးနှောမှာကို စိုးရိမ်ကြပြန်တယ်။ တစ်ခါ တောင်သာအရပ်က ထွက်လာခဲ့ကြပြန်တယ်။ ဧရာဝတီဖြစ်ကြီးကို ဖြတ်ကြတယ်။ ဒီဖက်ကိုရောက်တော့ နှစ်စုကွဲသွားပြန်သတဲ့။ တစ်စုက အနောက်ဘက် မင်းဘူးခရိုင်ကိုဝင်တယ်။ တစ်စုက ပခုက္ကူခရိုင်အတွင်း ၀င်လာကြတယ်။ မင်းဘူးခရိုင်အတွင်း ရောက်သွားကြတဲ့အစုဟာ စလင်းမြို့နယ်ကို ဖြတ်ကျော်သွားပြန်တယ်။ ဒီလိုနဲ့ စေတုတ္တရာမြို့နယ်ကို ရောက်သွားကြတယ်။ အဲဒီမှာ ရွာတည်ပြီးနေတယ်။ (တောင်သား (သို့) ရေမြေကိုအောင်နိုင်သူ၊ စောကြူမောင်၊ စာမျက်နှာ- ၅၈၊ ၅၉)။

Continue Reading

သံထုံမြေကို အမှတ်ရစိမ့်သောငှါ သထုံအောင်မြေမှ မြေကိုးဆုပ်နှင့် ရေကိုးမှုတ်ကို မိမိတို့ အစုအဖွဲ့ အလိုက်ပါအောင် ယူဆောင်ထွက်ပြေးခဲ့ကြသည့် ပအိုဝ်းများမှာ အဓိကအားဖြင့် ရှေးကပင် မျိုးနွယ်တူတို့ပျော်စံရာ ကမ္ဘောဇ (ကမ္ဘာဦးအစမြေ) တောင်ပေါ်မြေဒေသဆီသို့ (၇)အုပ်စု ခိုဝင်သွားခဲ့ကြသည်။ ကျန်နှစ်အုပ်စုအနက် တစ်အုပ်စုမှာ (မော်ထောဖာ) ဦးဆောင်သောအုပ်စုက ပခုက္ကူအနောက်ဘက်သို့ ပြောင်းရွှေ့သွားကြသည်။ ယင်းတို့မှာ တောင်သားတိုင်းရင်းသားများအဖြစ် ယနေ့တိုင် ထင်ရှားနေကြသည်။ ကျန်တစ်အုပ်စုမှာ စာဟောဆရာ (မော်ထောဖာ)၏ ညွှန်ကြားချက်အရ စစ်တောင်းမြစ်ဝှမ်းနှင့် ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံနယ်စပ်ဘက်သို့  ပြောင်းရွှေ့နေထိုင်ကြသည်။ (ပအိုဝ်း၊ မောင်ခွန်နွယ်-အင်းလေး၊ အမျိုးသားစာပေဆုရ စာမျက်နှာ-၆၀)။

Continue Reading

တတိယအကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား (ခေါ်) Lar Khaung Khai Suu ပွဲတော်ကို စင်္ကာပူနိုင်ငံ Sims Avenue အမှတ် ၁၆၅ ရှိ Harvest Care Center တွင် ၂၀၁၁ခုနှစ် သြဂုတ်လ ၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ထိုကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသို့ ကျွန်တော်တို့ စင်္ကာပူနိုင်ငံရောက် ပအိုဝ်းမိသားစုမှ ညီအစ်ကို၊ မောင်နှမများမှလည်း တက်ရောက် အားပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ စင်္ကာပူရောက် ပအိုဝ်းမိသားစု မှလည်း ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား (ခေါ်) Lar Khaung Khai Suu ပွဲတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပအိုဝ်းရိုးရာ အိုးစည်ဗုံမောင်းအက ဖြင့်လည်း ကပြဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။

စင်္ကာပူရောက် ဇွဲကပင် မျိုးချစ်လူငယ်များအဖွဲ့မှ ဦးစီးပြီး ပွဲတော်ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဇွဲကပင် မျိုးချစ်လူငယ်များအဖွဲ့မှ ညီအစ်ကိုများ ဟာဆိုရင် ကျွန်တော်တို့ စင်္ကာပူရောက် ပအိုဝ်းမိသားစုမှ ဦးစီးပြီး ၂၀၁၁-ခုနှစ်-မတ်လမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (ဒဲဉ်သီ;လာဗွေ (ခေါ်) ပအိုဝ်းအမျိုးသားနေ့) ပွဲတော်ကို အင်တိုက်အားတိုက် ၀င်ရောက် အားဖြည့်ကူညီ ဖျော်ဖြေပေးခဲ့တဲ့ ဇွဲကပင်မျိုးချစ်လူငယ်များအဖွဲ့မှ ညီအစ်ကိုများလည်း ဖြစ်ပါတယ်။

ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားမှ အထိန်းအမှတ် ဓါတ်ပုံများ၊ ဗီဒီယိုများကို စုဆောင်းပြီးတင်ပေးရန် စီစဉ်ထားပါတယ်။ စောင့်မျှော်ကြည့်ရှု ကြပါခင်ဗျာ။ လောလောဆယ်တော့ ကျနော်တို့ ကရင်ညီအစ်ကိုများ တင်ထားတဲ့ Youtube ဗွီဒီယိုများကို ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ။  ဒီမှာကလစ်ခေါက်ပြီး ကြည့်နိုင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ခွန်ပအိုဝ်းရှိ ပို့စ်များကို ပြန်လည်ပြုပြင်နေဆဲ ဖြစ်ပါတယ်။ အရင်က Online MP3 နားဆင်နိုင်ရန်အတွက် ကျွန်တော် Microsoft ရဲ့ Windows Media Player plugin ကို အသုံးပြုခဲ့ပါတယ်။ အဲတော့ Microsoft ရဲ့ Internet Explorer (IE)မှာ အကုန်အဆင်ပြေတယ်။ ဒါပေမယ့် အဲဒီ Windows Media Player Plugin က Firefox မှာ Compatible မဖြစ်ပါဘူး။ သီချင်းတော့ ဖွင့်လို့ရပေမယ့် Firefox ဖွင့်လိုက်ရင်ပဲ ပို့စ်ထဲမှာရှိတဲ့ MP3 Playerနဲ့ ပို့စ်တွေ မှန်သမျှ အကုန်လုံး သီချင်း Auto Play တော့တာပါပဲ။ အဲတော့ ဆူညံသွားတာပေါ့ဗျာ။

အဲဒီတော့ အချို့ Visitor များက Feedback ပေးပါတယ်။ အချို့ပို့စ်တွေကို ဖွင့်လိုက်တဲ့အခါမှာ သီချင်းသံတွေ ပြိုင်တူထွက်လာလို့ အကုန်လိုက်ပိတ် ရတဲ့ဒုက္ခတွေရောပေါ့။ အဲတော့ ကျွန်တော်စဉ်းစားရပါတော့တယ်။ အဲဒီအတွက် ဖြေရှင်းချက်တစ်ခုခုတော့ ရှာရတော့မယ်။ ပအိုဝ်း MP3 သီချင်းတွေကို Microsoft ရဲ့ Internet Explorer ရော Mozilla ရဲ့ Firefox မှာပါ အလုပ်ကောင်းကောင်းလုပ်မယ့် MP3 Player Plugin ရှာရတော့မယ်ပေါ့။ ရှာလို့တွေ့ပေမယ့် ဖရီးပေးတာတွေက အသုံးပြုလို့ သိပ်အဆင်မပြေချင်ဘူး။ အမျိုးမျိုး စမ်းကြည့်ဖူးတယ်။ musicbox, 8tracks, mixpod တွေ စုံလို့ဗျာ စမ်းတာ .. စိတ်ကြိုက်မတွေ့ဘူး။ သီချင်းဖွင့်လို့ရတယ် ဒါပေမယ့် Restriction တွေက ခပ်များများ ဆိုတော့ ဆက်လို့ရှာတုန်းပေါ့ဗျာ။

Visitor များထဲမှ MP3 Plugin ကောင်းကောင်းလေး တွေ့ရင် ပြောပြပါအုံးဗျာ။ အကြံပေးပါအုံးဗျို့။ :D ကျေးဇူးတင်ပါတယ်။ မကြာခင်တော့ MP3 Player ကောင်းကောင်းတစ်ခု တွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။

Visitors များအားလုံး မင်္ဂလာပါ။ ခွန်ပအိုဝ်းဆိုက်ကို Template ဒီဇိုင်း အသစ်ပြောင်းလဲ သတ်မှတ်ထားပါတယ် ခင်ဗျာ။ အဲဒါကြောင့် အချို့ပို့စ်တွေမှာ ပို့စ်မညီမညာ ဖြစ်ခြင်း၊ အစီအစဉ်မကျခြင်း၊ အချို့ Download Link များ Broken ဖြစ်နေခြင်း အစရှိတဲ့ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နိုင်ဖွယ် ရှိပါတယ် ခင်ဗျာ။ ပို့တော်တော်များများကို လက်ရှိ Template အသစ်နဲ့ ကိုက်ညီအောင် လိုက်လံပြင်ဆင်လျှက်ရှိပါတယ်။ တော်တော်များများတော့ အဆင်ပြေမှု ရှိပါပြီ။ ဒါပေမယ့် ဒီ့ထက်ကောင်းအောင်တော့ နေ့စဉ်နဲ့အမျှ လုပ်ဆောင်သွားမှာပါခင်ဗျ

 

နောက်ပြီး Visitors များထံမှ အကူညီတစ်ခုတောင်းချင်တာက အကယ်၍ မိမိဖတ်ရှုနေတဲ့ ပို့စ်ထဲက သီချင်း Download Link တွေ အလုပ်မလုပ်ဘူး။ ပြီးတော့ အခက်ခဲတွေ ရှာဖွေတွေ့ရှိခဲ့ရင် Comment ပဲဖြစ်ဖြစ် admin(a)khunpaoh.com သို့ပဲ ဖြစ်ဖြစ် အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။ အလည်လာရောက်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ညီအစ်ကို မောင်နှမများ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

 

admin@ခွန်ပအိုဝ်း