လူ့ယဉ်ကျေးမှုများ စတင်ပေါ်ပေါက်လာစဉ်မှစ၍ ကမ္ဘာအရပ်ရပ်မှာ အလံသဘောဆောင်သော အမှတ်အသား အဖြစ်၊ လွှင့်ထူသူတို့၏ ရည်ရွယ်ချက်နှင့် သင့်လျော်သည့် ကျေးငှက်တိရိစ္ဆာန်တို့၏ ရုပ်တု စသောအရာဝတ္တု များကို အသုံးပြုခဲ့ကြသည်။ နောင်တွင် အလံကို ပုံပန်းသဏ္ဌာန် အရွယ်အစားအမျိုးမျိုး၊ အခေါ်အဝေါ် အသုံးအနှုန်း အဆင့်ဆင့် ပြောင်းလျက် သုံးစွဲလာခဲ့ကြသည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာ စသည်တို့သည် အလံများ၏ ရှေ့ပြေးဟု ဆိုရပေမည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာများသည် ဂေါတမမြတ်စွာဘုရား လက်ထက်ကပင် စတင်အသုံးပြုခခဲ့ကြသည်။ တံခွန်၊ ကြက်လျှာတို့ကို အခြေပြု မြစ်ဖျားခံ၍ တစ်စတစ်စဖြင့် မျက်မှောက်ခေတ်အလံများကို ကျယ်ပြန့်စွာ သုံးစွဲလာခဲ့ ကြသည်။
ခရစ်မပေါ်မီ အနှစ် (၉၀၀) ခန့်က အာဆီးရီးယားနိုင်ငံ၌ တံခွန်များ၊ စစ်အလံများ သုံးစွဲခဲ့ကြပုံကို ထိုခေတ်က ထုလုပ်သော ကျောက်ရုပ်များ အိုးခွက်များပေါ်၌ တွေ့မြင် ခဲ့ရသည်။ အလံကို အ၀တ်စဖြင့် ချုပ်လုပ် အသုံးပြုခြင်းကို ရောမတို့ စတင်တီထွင်ခဲ့ကြသည်။ ဥရောပတိုက်နိုင်ငံများ၌ အလံလွှင့်ထူသည့် အလေ့အထကို ဆာရာဆင်လူမျိုးများမှ စတင်ပျံ့နှံ့သွားခဲ့သည်ဟု ဆိုသည်။ ခရစ်တော်မပေါ်မီ အနှစ်(၃၀၀)ခန့်က ရောမဧကရာဇ်များ သုံးသော အလံတော်သည် ယခုခေတ် အလံတော်များနှင့် နီးစပ်တူညီသည်ဟု ဆိုနိုင်သည်။ အရှေ့တိုင်းတွင် အလံကို ရှေးအကျဆုံး အသုံးပြုခဲ့သော နိုင်ငံမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ပင်ဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ တံခွန်များ၊ အလံများကိုင်ဆောင် သုံးစွဲသည့် အလေ့အထသည် မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပျံ့နှံ့ ရောက်ရှိသွားသည်။
အလံဟူသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့ကြသည် မဟုတ်ပေ။ အခြေအမြစ်ရှိသော အကြောင်းရင်းခံ တစ်ခုခုကို သော်လည်းကောင်း၊ အကျိုးပြုသော ဦးတည်ချက် တစ်ခုခုကို သော်လည်းကောင်း အခြေခံကြသည် သာဖြစ်သည်။ ရင့်ကျက်နက်နဲသော အဓိပ္ပာယ်ကိုဆောင်သည့် အမှတ်အသားတစ်ခုပင် ဖြစ်သည်။ တစ်နည်းအားဖြင့် အလံသည် ရည်ရွယ်ချက်တစ်ခုခု (သို့မဟုတ်) အထိမ်းအမှတ်အဖြစ် အသုံးပြုသော ရောင်စုံခြယ် ပိတ်စမျိုးဖြစ်သည်။ အလံဟူသော စကားလုံးမှာ လေထဲ၌ လှုပ်ရှားနေသည့် အရာဟူ၍ လည်းကောင်း၊ မြန်မာအဘိဓာန်ကျမ်းတွင် အလံသည် အရောင်ပုံစံ အမျိုးမျိုးရှိ၍ တိုင်၊ တုတ်တံများတွင် တပ်၍ လွင့်ထူရသောအ၀တ် (သို့မဟုတ်) စက္ကူဖြင့် ပြုလုပ်ထားသည့် အရာဟူ၍လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ အမျိုးသားအလံ (သို့မဟုတ်) နိုင်ငံတော်အလံမှာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအတွက် အမှတ်အသားကြီးတစ်ခု ဖြစ်သည်။ ယခုခေတ် နိုင်ငံတိုင်း၌ ရှိသော အမျိုးသားအလံ (သို့မဟုတ်) နိုင်ငံတော် အသီးသီးသည် မိမိတို့လူမျိုး၏ ဇာတိသွေး ဇာတိမာန် ပြင်းထန်တက်ကြွစေရန် အလို့ဌာ မိမိတို့ တိုင်းပြည်နှင့် သက်ဆိုင် ဆီလျော်စွာ သတ်မှတ်ပြဠာန်းထားသည့် အလံများဖြစ်ကြသည်။
(၉) နက်တော;လာ ခေါ် နတ်တော်လတွင် ပွဲတော် အထူးကျင်းပလေ့ မရှိပေ။ တစ်နှစ်စာ ထင်းဖူလုံရေးအတွက် တောသို့အစုအဖွဲ့အလိုက်ဝင်ကာ သစ်ကြီးဝါးကြီးများကို လှဲခုတ်ခြင်း၊ ပိုင်းဖြတ်ခြင်းကိစ္စများနှင့် တောသူတောင်သားတို့ ဘာသာဘာဝ မအားလပ်နိုင်အောင် လုပ်ကိုင်နေကြရသည် ဖြစ်သောကြောင့်တည်း။
(၁၀) ပြာသိုဝ်လာ/ပြာ;သို;လာ ခေါ် ပြာသိုလမှာ နက်တော;လာတွင် လှဲဖြတ်ခုတ်ပိုင်းထားသော သစ်ကြီးဝါးကြီးများကို ထင်းအဖြစ်ခွဲခြမ်းစိတ်ဖြာပြီး နေပြလှမ်းဖြန့်ထားသည့် အလုပ်များဖြင့် အချိန်ကုန်လေ့ ရှိကြပါသည်။ “ပွယ်,ပေါင်” ခေါ် ရဟန်းသံဃာတော်များ အပြစ်ကြီးများကို ဆေးကြောခြင်း သံဃဒိသိတ်၊ ပရိဝတ်ဆောက်တည်ပွဲကိုလည်း ဤလတွင် ကျင်းပလေ့ရှိပါသည်။ တောင်ကြီးမြို့နယ် စလဲကျေးရွာအုပ်စု (တရဲုင်) တွင် ပွယ်,ပေါင် ကိုကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း တစ်ရာကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ဂျပန်ခေတ်ပျက် ကာလမှာပင် မပျက်ကွက်ခဲ့ပေ။ မြန်မာနိုင်ငံဒေသအနှံ့အပြား ကျင်းပလေ့ရှိသော်လည်း သုံးနှစ်တစ်ကြိမ်ကျသာ ကျင်းပလေ့ရှိပါသည်။ ပအိုဝ်းဒေသတွင် တရဲုင်နှင့် ကျုံးဒေသတွင် နှစ်စဉ် အစဉ်အလာ မပျက်ခဲ့ပေ။ “ဗွူအဲဉ်ထောင်း” ခေါ် ကောက်ညှင်းကို ထောင်းပြီး အချိုရည်နှင့် ကြံသကာရည်ဖြင့် ဆမ်းစားရသော ရိုးရာမုန့်များကို ပြုလုပ် လှူဒါန်းလေ့ရှိသော လလည်းဖြစ်ပါသည်။
ထိုတစ်ဆယ့်နှစ်လများတွင် လအလိုက် ရိုးရာအစဉ်အလာအတိုင်း ပွဲတော်များကျင်းပလေ့ ရှိပါသည်။
(၁) တာ;ကူ,လတွင် သင်္ကြန်ပွဲ၊ တာတက်ပွဲများ ဆင်နွှဲလေ့ရှိကြပါသည်။ တာတက်ပွဲ ကျင်းပပုံမှာ သင်္ကြန် အတက်ရက်တွင် ကျရောက်သောနေ့မှာ တာစားသောနေ့ဖြစ်ပြီး အပုပ်ဖြစ်ကြောင်း ဥပမာ-တနင်္လာနေ့တွင် သင်္ကြန်အတက်ရက် ဖြစ်ပါက တနင်္လာသားသမီးများသည် တာစားပြီး အပုပ်ဖြစ်ကာ ဂြိုလ်ဆိုး ဂြိုလ်ညံ့များ ကောင်းမွန်သွားစေရန် ပဲပုတ်၊ ငပိစသော အပုပ်ခံအစားအစာများကို ဖြူစင်သန့်ရှင်းသော သောက်တော်ရေအိုးများကို ရေစင်ဖြည့်၍ အင်ရွက်ဖြင့်အုပ်ကာ အတူယူဆောင်ပြီး ရွာဦးကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရားစေတီများသို့ သင်္ကြန်တက်ချိန် တာတက်ချိန်များ၌ အိုးစည်ဗုံမောင်းများ တပျော်တပါးတီးခေတ်ကာ စုပေါင်းသွားရောက် တင်လှူခြင်းဖြင့် ကုသိုလ်ကောင်းမှုပြုကြပါသည်။ သင်္ကြန်ရက် အတွင်း ကောင်းမှုအစုစုအတွက် စတုဒီသာဒါန အကျိုးများအတွက် ရေစက်ချ သာဓုခေါ်ခြင်း အမျှဝေခြင်းများကိုလည်း တာတက်ပွဲနှင့်အတူ တစ်ပြိုင်တည်း ကျင်းပလေ့ရှိကြသည်။ ‘လူးဖဲုင်’ ခေါ် ဒုံးလွှတ်ပွဲကိုလည်း စတင်ကျင်းပလေ့ ရှိခဲ့ပါသည်။ ဟံလင်း၊ တကောင်းခေတ်က စတင်ရေကစားခဲ့ကြသည်။ အေးမြသော တောင်ပေါ်ဒေသတွင် ရေပက်ကစားခြင်းကို အထူးပြုလေ့မရှိပေ။ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးရောက်သောလ ဖြစ်သည်။

ပအိုဝ်းဘာသာဖြင့် ဘုရားရှိခိုးနည်းများကို စင်္ကာပူနိုင်ငံရောက် သူငယ်ချင်းတစ်ယောက်၏ အကူညီဖြင့် Hand-Writing ဖြင့် ပြုစုထားရှိပါသည်။ ကျွန်တော်တို့ရဲ့ ပအိုဝ်းညီအစ်ကို မောင်နှမများ အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပအိုဝ်းဘာသာဖြင့် ဘုရားရှိခိုးနည်း အတိအကျ မရကြသူများ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ Download လုပ်ပြီး မိမိတို့ရဲ့ ပအိုဝ်းသူငယ်ချင်းများသို့ပါ မျှဝေနိုင်ပါတယ်။ ဒီရှိခိုးနည်းဟာဆိုရင် အကျဉ်းချုပ် ရှိခိုးနည်းဖြစ်ပါတယ်။ ရေစက်ချနည်းနဲ့တကွ အပြီးအပြည့်စုံကို ပြင်ဆင်ရေးသားမှုအပြီးမှာ ခွန်ပအိုဝ်းမှာပဲ ပြန်လည်မျှဝေ ပေးသွားမှာ ဖြစ်ပါတယ်။ အားလုံးပဲ ပအိုဝ်းညီအစ်ကို၊ မောင်နှမတွေ အချင်းချင်း ပြန်မျှဝေကြပါလို့ တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

နောက်ပိုင်းမှာ ပအိုဝ်းဘာသာဖြင့် (ရေစက်ချ) ကန်တော့နည်း အပြည့်အစုံကိုလည်း တင်ပြရန် လက်ရှိ ကြိုးပမ်းလျှက်ရှိပါတယ်။ ဒီအစီအစဉ်အတွက် အထူးပံ့ပိုး ကူညီပေးတဲ့ သူငယ်ချင်း (ခွန်အောင်လွင် – ခေတ္တစင်္ကာပူ)ကိုလည်း ဒီနေရာမှာ ကျေးဇူးမှတ်တမ်းပြုအပ်ပါတယ်။
ဒဿမမြောက်လအမည်မှာ ပြာသို၊ ပြာသိုဝ်လ ဖြစ်သည်။ ပအိုဝ်းဘာသာဖြင့် ပြာ;သို; ထင်းများ ခွဲဖြန့်သောလ ဟုဆိုပါသည်။ ပြကို ‘ပျ’ ဟုရေးသေးကြောင်း၊ ပျားကောင်ကို ရည်ညွှန်းကြောင်း ‘သိုဝ်’ မှာစုဆောင်း သိုလှောင်ခြင်း ဖြစ်ကြောင်း ပျားရည်နှင့် ပျားဖယောင်းများ စုဆောင်းသည့်လဖြစ်ကြောင်းနှင့် တစ်ချို့ကလည်း ထင်းမီးသွေးပြာများကို သိုလှောင်ကြသည့်လဖြစ်ကြောင်း ယူဆပြောဆိုကြပါသည်။
ဧကာဒဿမမြောက်လမှာ တပို့တွဲ (တပိုဝ်တွဲ) လဖြစ်ပြီး ပအိုဝ်းဘာသာဖြင့် ‘တဖွိုးတွယ်;’ ဖြစ်ပြီး ထမ်းပိုးဖြင့် ပြာသိုလတွင် ခွဲဖြန့်ထားသော ထင်းများကို အတွဲလိုက် အဆိုင်းလိုက် ထမ်းပိုးသယ်ဆောင်ရသောလ ဟုဆိုပါသည်။
ဒွါဒဿမမှာ တပေါင်, (ခေါ်) တပေါင်းလ ဖြစ်သည်။ ပအိုဝ်းတို့၏ ရာဇ၀င်တွင် “သူရိယစန္ဒာ မဟာဒွတ္တပေါင်” မင်းကြီးသည် အထင်ရှားဆုံးဖြစ်သည်။ သူရိယ (နေမင်း)၊ စန္ဒာ (လမင်း)၊ မဟာ (ကြီးမြတ်ခြင်း/အထူးဖြစ်ခြင်း)၊ ဒွတ်/ဒွိ (နှစ်မျိုး/နှစ်ခု)၊ တပေါင် (ပေါင်းစုံခြင်း/ပေါင်းစပ်ခြင်း) ထို့ကြောင့် နေမင်းနှင့် လမင်းနှစ်ပါး အထူးစုံခိုက် မွေးဖွားခဲ့သောမင်း၏ မွေးလ၊ ကမ္ဘာဦးကာလ နေမင်းလမင်းနှစ်ပါးစုံ ပေါင်းဆုံ ပေါ်ထွန်းခဲ့သော တာကာလ ‘တပေါင်;လာ’ ဟုဆိုလိုပါသည်။ တစ်နည်းအားဖြင့် တပေါင်းကို စဖွေါင်;လာဟုလည်း ခေါ်ပါသေးသည်။ ခြံယာမြေများကို စည်းရိုးမှတ်သား ပိုင်းခြားသည့်လ ဟုဆိုလိုပါသည်။ တပေါင်းလကို ထန်းပင်နှင့် ဆိုင်သည့် အမည်ဖြစ်ကြောင်း ထန်းဖိုပင်များမှ ခံယူရရှိသော ထန်းရည်ကို မီးနှင့်ကျိုချက်ပြီး ထန်းလျက်လုပ်သောလ ဟုဆိုပါသည်။





Recent Comments