ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ စီစဉ်ထုတ်လုပ်တဲ့ ရွှေးကောက်ပွဲအတွက် မဲဆွယ်တဲ့ သီချင်းခွေဖြစ်ပါတယ်။ ဒီအခွေထွက်တာ ၂၀၁၀-ခုနှစ် ကတည်းက ဖြစ်ပါတယ်။ VCD Version ကိုတော့ Youtube Channelမှာ တင်ထားပေးပါတယ်ခင်ဗျာ .. ။ သီချင်းများ Online နားဆင်နိုင်ရန်နှင့် Download ရန်အတွက် အောက်ဖော်ပြပါ Album ပုံပေါ်မှာ ကလစ်နှစ်ပြီး သီချင်းဆိုက်သို့ တိုက်ရိုက် သွားရောက်နိုင်ပါတယ်။
(၉) နဂါ, နဂါ, .. နဂါ, !!! - ခွန်ခမ်းခြွိုင်,
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

လူအုပ်စုတွေ၊ လူအုပ်စုတွေ စီးပွားရေးလုပ်ငန်းတစ်ခု အတူလက်တွဲ လုပ်ကိုင်ကြတဲ့အခါ ကုမ္ပဏီတွေ ထောင်တတ်ကြတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီလိုပဲ ကမ္ဘာပေါ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတော်တော်များများ တွေမှာလည်းပဲ ကုမ္ပဏီဆိုတဲ့ နည်းစနစ်နဲ့ သွားကြတာ ဖြစ်ပါတယ်။ ဆိုတော့ ကုမ္ပဏီဆိုတဲ့ အဓိပ္ပါယ်ကဘာလဲ အမျိုးအစားတွေ ဘယ်လိုကွဲပြားသလဲဆိုတာကို ဗဟုတုတအနေနဲ့ ခွန်ပအိုဝ်းကို အလည်လာရောက်သူ မိတ်ဆွေသင်္ဂဟများသို့ မျှဝေချင်ပါတယ်။
Company ကုမ္ပဏီဆိုတဲ့ ဝေါဟာရကို Formal ကျကျခေါ်ရင် “Corporation” လို့ခေါ်ပါတယ်တဲ့။ “Corporation” ဘယ်ကလာသဲမေးရင် “Corpus” လို့ခေါ်တဲ့ Latin ဘာသာက လာတာပါတဲ့ဗျာ။ အဓိပ္ပါယ်က ဘာလဲဆိုရင် အင်္ဂလိပ်လို “Body”တစ်ခု တစ်နည်းအားဖြင့် ပါဝင်ဖွဲ့စည်းထားတဲ့ အရာတစ်ခု၊ ကုမ္ပဏီတစ်ခု၊ (သို့မဟုတ်) လူတစ်စုလို့ ခေါ်ပါတယ်တဲ့။ အဲဒါကြောင့် တစ်ခါတစ်လေ ကျွန်တော်တို့ သတင်းစာတွေမှာ ဖတ်တတ်ရပါတယ် Government Body ဆိုတဲ့ အသုံးအနှုန်းတွေဟာ အစိုးရတစ်ရပ်ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာ ခန္ဓာကိုယ်ကို ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းထားသလိုမျိုးလို့ ဥပမာ ပြချင်တာ တူပါရဲ့ဗျာ။ ဆိုတော့ အဓိပ္ပါယ် အပြည့်အစုံကို ပြောရရင်တော့ လူပုဂ္ဂိုလ်တွေ၊ လူပုဂ္ဂိုလ်တွေ စုစည်းကြပြီးတော့ စီးပွားရေး လုပ်ငန်းတစ်ခုကို အတူလက်တွဲပြီး လုပ်ကြတယ်လို့ ဆိုရမယ်ပေါ့ဗျာ။

“Corporation” တစ်ခုကို တည်ထောင်ချင်တဲ့အခါမှာ ခက်သလားလို့ မေးရင် ပညာရှင်တွေက မခက်ပါဘူးတဲ့ဗျာ။ ဘာလုပ်ဖို့ပဲလိုသလဲဆိုရင် “Corporation” တစ်ခု တည်ထောင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေမှာ Registration fee အနည်းငယ်ပေးသွင်းပြီး ဖောင်ဖြည့်လိုက်ရုံပါပဲတဲ့ဗျာ။ မှတ်ပုံတင်လိုက်တဲ့ ပုံစံပဲဖြစ်ပါတယ်။ အကယ်၍ မိတ်ဆွေဟာ “inc” ဆိုတဲ့ စကားလုံးကို ကုမ္ပဏီနာမည်တွေရဲ့ နောက်မှာ တွေ့ခဲ့တယ်ဆိုရင် (e.g. Khun Inc.) အဲဒီကုမ္ပဏီဟာ Corporation အနေနဲ့ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ နေပါအုံး “inc” ဆိုတဲ့အဓိပ္ပါယ်ကရော ဘာကြီးလည်းလို့မေးရင် … “inc” ဆိုတာ “incorporated” တဲ့ဗျာ။ အဓိပ္ပါယ်က Corporation တစ်ခုဖြစ်ဖို့အတွက် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတစ်ခုလို့ အဓိပ္ပါယ်အပြည့်အစုံ ထွက်ပါတယ်။
ဒီတော့ဗျာ Corporation ဆိုတာ Company ကိုပြောတာ။ Incorporation ဆိုတာက Corporation ဖြစ်ဖို့အတွက် လုပ်ဆောင်ချက်လို့ အကျဉ်းချုပ် မှတ်သားထားနိုင်ပါတယ်။ The formal name for a company is “Corporation” တဲ့။ “Corporation” is a body formed for the purpose of carrying out a business တဲ့။ ပြီးတော့ Incorporation is the legal process of setting up a corporation ပေါ့ဗျာ။ အဓိပ္ပါယ်တွေ မှားတတ်လွန်းလို့ အကြိမ်ကြိမ် ပြန်ရေးပြရခြင်း ဖြစ်ပါတယ်။ ဒီလိုအသုံးအနှုန်းတွေဟာ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး စတင်ပြောင်းလဲနေတဲ့ အချိန်ကာလတွေမှာ သိထားသင့်တယ် ထင်လို့ မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
နောက်ပိုင်းတွေမှာ အချိန်ရရင် ရသလို ဒီ့ထက်ပိုပြီး အသေးစိပ် မျှဝေပါမယ်။ နောက် Private Company နဲ့ Public Company တွေရဲ့ ကွာခြားချက်တွေကိုလည်း တင်ပြဖို့ စီစဉ်ထားပါတယ်။ Private Company ဆိုတာ ကိုယ်ပိုင်လုပ်ငန်း Public Company တွေဆိုတာ Shares တွေနဲ့ ပါဝင်ဖွဲ့စည်း ရပ်တည်ထားပြီးတော့ လူတိုင်း Business Owner လို့ခေါ်တဲ့ စီးပွားရေး လုပ်ငန်းပိုင်ရှင် ဖြစ်ပိုင်ခွင့်ရှိတယ် အစရှိတဲ့ Shares နဲ့ဆိုင်တဲ့အပိုင်းတွေ တစ်နည်းအားဖြင့် Stock Market အကြောင်းတွေပေါ့ အတတ်နိုင်ဆုံး ရေးသားမျှဝေသွားဖို့ စီစဉ်ထားပါတယ်။ စောင့်မျှော် ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ ..
ပဉ္စမအကြိမ်မြောက် စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်သွားတဲ့ ပအိုဝ်းအမျိုးသားနေ့ကို စည်စည်ကားကားနဲ့ အောင်မြင်စွာ စီစဉ်ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပအိုဝ်းအမျိုးသားနေ့ (သို့) ပအိုဝ်းတပေါင်းပွဲတော်ကို တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကလည်း အသီးသီး ကြွရောက်ချီးမြင့်ခဲ့သာမကပဲ မိမိတို့ရဲ့ ကိုယ်စီ တိုင်းရင်းသား အကပဒေသာများဖြင့်လည်း အားဖြည့်ကူညီ စီစဉ်တင်ဆက်ခဲ့ကြပါတယ်။
ပအိုဝ်းအမျိုးသားနေ့ကို အသီးသီး ကြွရောက်အားပေးချီးမြင့်ခဲ့ကြတဲ့ အထူးသဖြင့် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ကချင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ရှမ်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ မွန်မိသားစုမှ ကိုယ်စားလှယ်များ၊ ရခိုင်မိသားစုမှ ကိုယ်စားလှယ်များကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဤနေရာတွင် ကျေးဇူးမှတ်တမ်း ပြုအပ်ပါသည်ခင်ဗျာ။
မှတ်တမ်းတင် ဓါတ်ပုံများကို ကျွန်တော်တို့ Facebook ပေါ်တွင် မျှဝေပြီးဖြစ်သော်လည်း အများသူငါ ညီအစ်ကိုမောင်နှမများ ကြည့်ရှုနိုင်ရန်နှင့် ပြန်လည် သတိရအောင့်မေ့စေရန် အလို့ငှါ ကျွန်တော်တို့ ဒီဆိုက်မှာပဲ Gallery တစ်ခုတည်ဆောက်ပြီး မှတ်တမ်းတင် ဓါတ်ပုံများကို တင်ပေးသွားမှာ ဖြစ်ပါတယ်။ ယာယီအနေနဲ့ ဓါတ်ပုံအချို့ကို တင်ပေးလိုက်ပါပြီ။
နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ပအိုဝ်းမိသားစု စင်္ကာပူနိုင်ငံမှ ဦးစီးပြီးတော့ ကျင်းပပြုလုပ်ခဲ့တဲ့ ပအိုဝ်းအမျိုးသားနေ့ (သို့) ပအိုဝ်းတပေါင်းပွဲတော်သို့ ကြွရောက်ချီးမြင့်ကြကုန်သော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အသီးသီးနှင့်တကွ ကြွရောက်ခဲ့ကြကုန်သော ဧည့်သည်တော်များ အားလုံးကို ပအိုဝ်းမိသားစု-စင်္ကာပူနိုင်ငံကိုယ်စား အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။ နောက်နောင်လည်း ဒီလိုပဲ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အချင်ချင်း ရိုင်းပင်းကူညီကြပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးထဲမှာ စည်းစည်းလုံးလုံးနဲ့ အတူတကွ နေထိုင်သွားနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျာ။




ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးမှာ ပြုပြင်ပြောင်းလဲမှုကြီးတွေ မကြာသေးခင်အချိန်ကာလ အတောအတွင်းမှစတင်၍ ပြုပြင်ပြောင်းလဲမှု အရိပ်အယောင်များစွာကို တွေ့မြင်နေရတာ ညီအစ်ကို မောင်နှမများအားလုံး အသိပဲဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ကျွန်တော်တို့ ခွန်ပအိုဝ်းမှလည်း ခေတ်နဲ့အညီ အချိန်အခါနဲ့အညီ ဆိုသလို ဖြစ်ပေါ်နေတဲ့ ခေတ်ကာလနဲ့ လိုက်လျောညီထွေမှုရှိအောင်၊ နောက်ပြီး ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေပေါ်မှာ ကျွန်တော်တို့ ပအိုဝ်းလူမျိုးများလည်း အများနည်းတူ သိရှိနားလည်ပြီး ခေတ်နောက်မကျရလေအောင် ဆိုပြီးတော့ ရည်ရွယ်ပြီး ခေတ်နဲ့ညီတဲ့ နိုင်ငံရေးဆိုင်ရာ အခေါ်ဝေါ်များကို တတ်နိုင်သမျှ ရေးသားဖော်ပြရန် စီစဉ်လျှက်ရှိပါတယ်။

ကျွန်တော်တို့အပါအ၀င် များစွာသော ကျွန်တော်တို့ရဲ့ ပအိုဝ်းညီအစ်ကို မောင်မယ်များလည်း နိုင်ငံရေးဆိုတဲ့ အဓိပ္ပါယ်ကို တိတိကျကျ မသိတတ်ကြပါဘူး။ ဥပမာ- ဒီမိုကရေစီဆိုတဲ့ အနက်အဓိပ္ပါယ်ကိုလည်း သေသေချာချာ မသိတတ်ကြပါဘူး။ နောက် တရားဥပဒေ စိုးမိုးရေး ဆိုတာဘာလဲ အစရှိတဲ့ အဓိပ္ပါယ်များကိုလည်း ကျွန်တော်တို့ သတင်းတွေမှာ ဖတ်ရင်း၊ ရုပ်သံဖိုင်များ နားဆင်ရင်းနဲ့မှ သိလာရတယ် မဟုတ်လားဗျာ။
ကျွန်တော်တို့ အဲဒီလို လေ့လာရင်းနဲ့ သိလာခဲ့တဲ့ အကြောင်းအရာ အခေါ်အဝေါ်တွေကို ပြန်လည်မျှဝေချင်တဲ့ သဘောလဲပါတယ်။ ပြီးတော့ အခေါ်အဝေါ်များကို သိပြီးကြတဲ့ ညီအစ်ကိုများလည်း ရှိပါတယ်။ အဲဒီအတွက် ခွန်ပအိုဝ်းမှာ မိမိတို့ရဲ့ ပအိုဝ်းလူမျိုးများအတွက် ၀င်ရောက်ရေးသား မျှဝေဖို့ ဖိတ်ခေါ်ပါရစေဗျာ … …
မိမိတို့လူမျိုးများအတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးနဲ့ အတူလက်တွဲပြီး ကိုယ်စီတတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းလုပ်ဆောင် ကြပါစို့လို့ တိုက်တွန်း နိုးဆော်လိုက်ပါတယ်ဗျာ …..။ အခေါ်အဝေါ်များ၊ အကြောင်းအရာများ ရေးသားမျှဝေရန် စိတ်ဝင်စားကြတဲ့ ညီအစ်ကိုများ ခွန်ပအိုဝ်းသို့ ဆက်သွယ်လိုပါက admin(at)khunpaoh.com သို့ လိတ်မူနိုင်ပါကြောင်း (သို့မဟုတ်) ဒီပို့စ်ရဲ့အောက်မှာ Comment ချန်ထားနိုင်ပါကြောင်း အသိပေးပါရစေဗျာ။ ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော ကောဇာသက္ကရာဇ်မှာ ပုဂံခေတ်သက္ကရာဇ်ခေါ် ပုပ္ပါးစောရဟန်းမင်း လက်ထက် သက္ကရာဇ် ဖြိုကြွင်းမှုမှ စတင်ရေတွက်လာသော ခုနှစ်များဖြစ်သည်။ ပျူသက္ကရာဇ်များပင် ဖြစ်သကဲ့သို့ မြန်မာပြက္ခဒိန်နှစ်များတွင် အသုံးပြုလေ့ရှိသော တစ်ဆယ့်နှစ်လရာသီ၏ အမည်ဝေါဟာရ အဓိပ္ပါယ်များသည်လည်း ပျူဘာသာ ပျူဝေါဟာရများပင်ဖြစ်ကြောင်း သိရှိနားလည်သူ နည်းပါးခဲ့ပါသည်။
ကမ္ဘာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုအတတ်သည် အာရှ၏ပျူခေတ်ကာလမှ စတင်ခဲ့ခြင်းဖြစ်သကဲ့သို့ တောင်သူလယ်လုပ် စိုက်ပျိုးရေးအတတ်ပညာများသည် လည်းကောင်း၊ ရေကိုအလိုရှိသလို တားဆီးသိုလှောင် ထိန်းသိမ်းထားပြီး အသုံးချနိုင်စွမ်းအတတ်တို့သည် လည်းကောင်း ပျူတို့၏ကြံစည် အားထုတ်ကြိုးပမ်းနိုင်ခဲ့မှုများတွင် ရှေးဦးပထမအစောဆုံး ဖြစ်ခဲ့ပါသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ပျူတို့အား တောင်သူဟု ခေါ်ဆိုခဲ့ခြင်း အကြောင်းတရားများအနက် တစ်ခုအဖြစ် ယူဆနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
တောင်သူလယ်လုပ်ယာခုတ်ခြင်းမှ အစပြု၍ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာခဲ့သော ရက်လနှစ်များကို ရေတွက်မှတ်သားမှုများ ပြုသောအခါ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ထူးခြားမှုမှ အမှတ်သင်္ကေတများဖြင့် ညွှန်းဆို ပြုလျက် အမည်နာမ ကင်ပွန်းတပ်ကာ သုံးစွဲလာခဲ့ကြသည်။ ထို့ကြောင့် ပအိုဝ်းတို့၏ ဆယ့်နှစ်လရာသီ အခေါ်အဝေါ်များသည် ရာသီဥတုနှင့် စိုက်ရေးပျိုးရေး လုပ်ငန်းများအပေါ် အခြေတည်ပြီး မည်တွင်လာခဲ့ရကြောင်း သိရှိမှတ်သားနိုင်ပါသည်။
ပထမဦးဆုံးသော လအမည်မှာ “တာ;ကူ,လာ” ဖြစ်သည်။ တာ;မှာ အချိန်ကာလကို ဆိုလိုသည်။ ကူ, မှာ ကူးပြောင်းခြင်းဖြစ်သည်။ လာမှာ လဖြစ်သည်။ ဒေါက်တာသန်းထွန်း၏ “မြန်မာသမိုင်းပုံ” အဆိုအားဖြင့် တန်ခူးလ၊ ထန်းသီးခူးသည့်လ ဟုဆိုပါသည်။




Recent Comments