Planning ဆိုတာ ကြိုတင်စီစဉ်မှုပါပဲ။ ကျနော်တို့ မိတ်ဆွေတို့ နိုင်ငံတစ်နိုင်ငံငံကို ခရီးထွက်တော့မယ်ဆိုရင် အရင်ဦးဆုံး Plan ချရတယ်မဟုတ်လားဗျာ။ ဘယ်နေ့မှာ ဗီဇာလျှောက်ရမယ်၊ ဘယ်နေ့ဆိုရင် ရမယ်။ ပြီးရင် လေယာဉ်လက်မှတ် Booking တင်ရမယ်၊ ၀ယ်ရမယ် အစရှိသည်ဖြင့်ပေါ့ဗျာ။ အဲဒီလိုမှ Plan မလုပ်ပဲ အနားကပ်မှ လောရင်တော့ ဗီဇာက အချိန် (၃)ပတ်ပေးရတယ်။ ခရီးက နှစ်ပတ်အတွင်း ထွက်ရမယ်ဆိုရင် အကုန်လုံး လွဲချော်ကုန်မှာဖြစ်ပါတယ်။ ပြီးတော့ လေယာဉ်လက်မှတ်ကလည်း မရတော့ဘူး။ သွားပြီပေါ့။ အဲဒီလိုပုံစံပါပဲ။ 
Planning ဟာ Management ဘာသာရပ်မှာ အခြေခံအကျဆုံး အစိတ်အပိုင်းတစ်ခုပါ။ ကုမ္ပဏီတစ်ခုရဲ့ Management System ကြီးကို ဘယ်လိုတည်ဆောက်ကြမလဲ၊ ဦးတည်ချက် (Objectives)တွေကို ဘယ်လို သတ်မှတ်ကြမလဲ အစရှိသည်တို့ကို Planning မှာလုပ်ဆောင်ရပါတယ်။ Planning ကိုအဆက်မပြတ် လုပ်ဆောင်ရပါတယ်။ ဘာလို့လည်းဆိုတော့ ကုမ္ပဏီတွေ၊ လုပ်ငန်းခွင်တွေမှာ လတ်တလော၊ ရုတ်တရက် ဖြစ်ပေါ်တတ်တဲ့ အခက်အခဲတွေ၊ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ တစ်ခါတစ်တရံမှာ အဲဒီလို ပြဿနာမျိုးဟာ ဘယ်လိုမှဖြေရှင်းလို့မရတာတွေ၊ (Uncontrollable) ထိန်းချုပ်လို့မရတာတွေ ရှိတတ်ပါတယ်။ ဆိုတော့ လုပ်ငန်းတစ်ခုကို လုပ်တော့မယ် ရည်ရွယ်တိုင်း Plan ချပြီးတော့ လုပ်ဆောင်ကြရပါတယ်။ အဲဒီလိုလုပ်ခြင်းဖြင့် အမှားရှိခဲ့ရင်တောင်မှ အမှားနဲသွားတဲ့အတွက် ဆုံးရှုံးနစ်နာမှုလည်း တစ်ဖက်မှာ နဲသွားမှာ ဖြစ်ပါတယ်။
မည်သူမဆို၊ ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်လုပ်ငန်းခွင်မဆို၊ အမှားနဲ့မကင်းပါဘူး။ အမှားကို နဲအောင်ပဲ လုပ်နိုင်ပါတယ်။ အဲဒီတော့ အမှားမဖြစ်အောင်၊ နဲအောင် (Planning) ကြိုတင်ပြင်ဆင်မှုကသာ အသက်ရောက်ဆုံး ကာကွယ်နည်းပါပဲ။ ဥပမာ- အလုပ်နောက်ကျပြီး အဆူခံမထိချင်ရင် အိပ်ရာစောစောထရပါတယ်။ ရေစောစောချိုးရပါတယ်။ ပြီးရင် အိမ်ကနေ စောစောထွက်ဖို့ ပြင်ဆင်ရပါတယ်။ အဲလိုမှမဟုတ်ပဲ အလုပ်ချိန်နားနီးမှ ကပ်ထပြီးတော့ လောလောနဲ့ ရေမိုးချိုးရင်တော့ ရုံးနောက်ကျပြီး အဆူခံထိပီသာမှတ်။ အဲဒီလိုပုံစံပေါ့ဗျာ။
ပြီးတော့ Planning မှာ အဖွဲ့အစည်းတွေက သူတို့ရဲ့ Strenghts (အားသာချက်) & Weaknessses (အားနည်းချက်) တွေကိုလည်း လေ့လာမှတ်သားရပါတယ်။ အဲဒါတင်မကပဲ Opportunities (အခွင့်အလမ်းတွေ) & Threats (ထောင်ချောက်၊ အန္တရာယ်)တွေကိုလည်း Planning မှာ လေ့လာရမှာဖြစ်ပါတယ်။ အဲဒီ Theory က SWOT (စွက်)အသံထွက်ပြီး Management လောကမှာ လူသိများပါတယ်။ Strenghts & Weaknesses and Opportunities & Threats ဆိုပြီးတော့ပေါ့။ SWOT အကြောင်းကို ကျနော်နောက်ပိုင်း ပို့စ်တစ်ခုမှာ ဖော်ပြသွားပါမယ်။
Management ပညာရှင်တစ်ယောက်ဖြစ်တဲ့ KOONTZ က Planning ဆိုတာကို ဒီလိုအဓိပ္ပါယ် ဖော်သွားပါတယ်။ “Planning is deciding in advance – what to do, when to do & how to do. It bridges the gap from where we are & where we want to be” တဲ့ဗျာ။ လုပ်ငန်းတစ်ခုမှာ ကြိုတင်ပြင်ဆင်မှု Planning ဆိုတာ ဆုံးဖြတ်ချက်တွေကို ကြိုတင်ချမှတ်လိုက်တာပါပဲတဲ့။ ဘာတွေလုပ်ရမလဲ၊ ဘယ်အချိန်မှာလုပ်မလဲ၊ ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေကိုပေါ့ဗျာ။
Planning ဆိုတာ ပြဿနာတွေကို ဖြေရှင်းတဲ့ခါမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေကို ချမှတ်တော့မယ့် အခါမှာပဲဖြစ်ဖြစ် လိုက်နာကျင့်သုံးလို့ကောင်းတဲ့ အလေ့အထတစ်ခုပါပဲ။ အဲဒီလို ကြိုတင်စီစဉ်ထားမှ ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းတိုင်းမှာ ကြိုတင်ပြင်ဆင်မှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အဲဒါမှ ကိုယ့်မှာရှိနေတဲ့ Human ဒါမှမဟုတ် Non-Human resources (လူနဲ့ကုန်ကြမ်းအရင်းအမြစ်) တွေကို လက်တွေ့ကျကျ အသုံးချနိုင်မှာ ဖြစ်ပါတယ်ဗျာ။ ဥပမာ- လက်ဖက်ရည်ဆိုင်မှာ ဆိုင်က အရမ်းရောင်းကောင်းပါတယ်။ ဒါပေမယ့် စားသုံးသူတွေ မှာယူတဲ့အစားစာတွေကို လိုက်ချပေးဖို့ စားဖိုမှူးဆီကို မှာပေးဖို့ စားပွဲထိုး ၀န်ထမ်းတွေက နဲနေတယ်။ အဲတော့ ရှိတဲ့ စားပွဲထိုးနဲနဲက စားသုံးသူတွေ ကျေနပ်အောင် ၀န်ဆောင်မှု ပေးနှိုင်မှာ မဟုတ်တော့ဘူး။ ဒီတော့ စားသုံးသူတွေ စောင့်ရတာ ကြာလို့ လှည့်ပြန်သွားနိုင်တယ် မဟုတ်လားဗျ။
ထိုနည်း၎င်းပဲ လက်ဖက်ရည်ဆိုင်တစ်ဆိုင် သိပ်ရောင်းမကောင်းဘူး။ ဒါပေမယ့် စားပွဲထိုးဝန်ထမ်းတွေက များနေတယ်။ လုပ်စရာမရှိတော့ ထိုင်တဲ့ဝန်ထမ်းက ထိုင်နေတယ်ပေါ့ဗျာ။ အဲဒါဟာ Man Power ကို Waste တာနဲ့ အတူတူပါပဲ။ ကိုယ့်မှာရှိတဲ့ အရင်းအမြစ် (Resources) တွေကို အလဟသပ် ဖြုန်းနေတာနဲ့ အတူတူပါပဲတဲ့ဗျာ။ ကိုယ်က သေချာ Plan မချခဲ့လို့ အဲဒီလိုဖြစ်တာပေါ့။ အဲတော့ လူများပြီး အလုပ်မဖြစ်တော့ လစာပေးရတာ များပြီး ၀င်ငွေနဲတော့ စီးပွားရေး ဘယ်ကောင်းတော့မလဲဗျာ။ အဲဒီလိုပုံစံပါပဲခင်ဗျာ။ ဒါက Human Resource Planning ပေါ့။ Non-Human Recourse တွေက ဘာတွေလဲဆိုတော့ ကိုယ့်ဆီမှာ ရှိနေတဲ့ ကုန်ကြမ်းတွေပေါ့။ ကုန်ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေကို ကြိုတင်မှာယူတာတို့ပေါ့။
ဒီနေရာမှာ ဥပမာ- ထပ်ပေးရရင် ရှမ်းခေါက်ဆွဲဆိုင်လေးတစ်ဆိုင်ပေါ့။ ခေါက်ဆွဲတွေကို ဈေးထဲကနေ သူက မှာယူပြီးတော့ ခေါက်ဆွဲဆိုင်လေး ဖွင့်ထားတယ်ပေါ့။ ခေါက်ဆွဲကို နည်းည်းလေး မှာမိတဲ့အတွက် စားသုံးသူတွေများလာရင် ခေါက်ဆွဲက ကုန်ပီ၊ ဟော လှည့်ပြန်ကုန်ပီတဲ့ဗျာ နောက်ရက် လာချင်မှ လာကြတော့မယ်။ အဲဒီလိုမှ မဟုတ်ပဲ ခေါက်ဆွဲကို ဈေးကနေ အများကြီး သွားမှာမိတယ်။ ဖြစ်ချင်တော့ စားတဲ့သူက နဲတယ်။ လူပါးတယ်ပေါ့ဗျာ။ ခေါက်ဆွဲ ရောင်းမကုန်လို့ အကုန်ပျက်ရော။ ရုံးပီ ပိုက်ဆံ။ အဲဒါက Non-Human Resource ဥပမာပါ။ လူ့စွမ်းအား မဟုတ်တဲ့ အရင်းအမြစ်ပေါ့။ အဲဒီလို မဖြစ်အောင် ကိုယ်က အတွေ့အကြံပေါ်မူတည်ပြီးတော့ လေ့လာထားရမယ်ဗျ။ မနက်မှာ လူစားများတယ် များများ မှာထားလိုက်။ ဒီနေ့က အလုပ်ပိတ်ရက် လူတွေအပြင်သိပ်မထွက်ဘူး နဲနဲပဲမှာမယ် ဥပမာပေါ့ဗျာ။
ထိုနည်းတူပဲ ကုမ္ပဏီတွေမှာ ရှိတဲ့ Manager တွေလည်း Plan ပိုတောင်ချရပါသေးတယ်ဗျာ။ ဥပမာ- ဈေးကွက်မြင့်တင်ရေး Plan, ၀န်ထမ်းလိုအပ်ရင် လိုအပ်သလို ငှားဖို့ Plan, နောက် ရောင်းဝယ်ရေး Plan အစရှိသည်ဖြင့်ပေါ့။ အဲဒီလို Plan တွေချပြီးတဲ့အခါမှာ ချထားတဲ့ Plan အတိုင်းလိုက်လုပ်ရတော့တာပါပဲဗျာ။ Planning ပိုင်းက တော်တော်တောင် များသွားပြီ။ ရှင်းအောင်ပြောရတော့ နဲနဲရှည်သွားတယ်ဗျာ။


Recent Comments