Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

စီးပွားရေးပညာ

Managing လို့ခေါ်တဲ့ စီမံခန့်ခွဲမှုနဲ့ Leading လို့ခေါ်တဲ့ ဦးဆောင်ညွှန်ကြားမှု စကားလုံးနဲ့ လုပ်ဆောင်ချက်တွေဟာ တူမလိုလိုနဲ့ မတူပါဘူး။ Managing မှာ Manager တွေရှိတယ်။ အဲဒီမန်နေဂျာတွေ ဘာလုပ်သလဲဆိုရင် မန်နေဂျာတွေဟာ Employee လို့ခေါ်တဲ့ ၀န်ထမ်းတွေ (သို့မဟုတ်) အလုပ်သမားတွေကို စီမံကွပ်ကဲရတယ်၊ တာဝန်တွေ ခွဲဝေသတ်မှတ်ပေးရတယ်။ သူ့လက်အောက်မှာရှိတဲ့ အလုပ်သမားတွေဟာ ပေးအပ်ခွဲဝေထားတဲ့ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ကြရဲ့လား၊ နောက်ပြီး ကုမ္ပဏီပေါ်လစီ နည်းဥပဒေအတိုင်း လုပ်ဆောင်ရဲ့လား ဆိုတဲ့အချက်တွေကို လိုက်ကြည့်ရပါတယ်။ အဓိကကတော့ ကုမ္ပဏီရဲ့ (Goal or Object) ရည်မှန်းချက်ပန်းတိုင်တွေကို ကောင်းကောင်းနဲ့ မှန်မှန်ကန်ကန် ဖော်ဆောင်နိုင်ရဲ့လားပေါ့။

ဝန်ထမ်းတွေဟာ မန်နေဂျာခိုင်းတဲ့အတိုင်း၊ ညွှန်ကြားထားတဲ့အတိုင်း လိုက်လုပ်ကြရတယ်။ ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ကြပြီး နောက်ဆုံး မန်နေဂျာကို လုပ်ငန်း ပြီးဆုံးမှု ရှိမရှိကို Report တင်ရပါတယ်။ ဘာလို့လဲဆိုရင် မန်နေဂျာဟာ အဲဒီဝန်ထမ်းတွေရဲ့ Supervisor ဖြစ်ပြီး အဲဒီဝန်ထမ်းတွေနဲ့ ပက်သက်သမျှ လုပ်ငန်းအားလုံးကို အဲဒီမန်နေဂျာက တာဝန်ယူထားရလို့ပါ။ အဲဒါ ခင်ဗျားကြီး ပြောမှလားဗျာလို့ ပြောစရာရှိပါတယ်။ အခြေခံကို နားလည်အောင် ရေးတာ ဖြစ်တဲ့အတွက် … ရှိစေတော့ ..

Leading မှာ Leader လို့ခေါ်တဲ့ ခေါင်းဆောင်တွေရှိပါတယ်။ Employee လို့ခေါ်တဲ့ ၀န်ထမ်းတွေ၊ အလုပ်သမားတွေက Leader တွေကို ဘယ်လိုမြင်သလဲဆိုရင် သူတို့ကို သူတို့ရဲ့ ပေးအပ်ထားတဲ့ တာဝန်တွေ မှန်မှန်ကန်ကန် ပြီးမြောက်အောင် ဦးဆောင်ညွှန်ကြားပေးတဲ့ ခေါင်းဆောင်ကြီး တစ်ယောက်လို့ မြင်ပါတယ်။ တစ်နည်းအားဖြင့် သူတို့တွေကို Motivate လုပ်ပေးတဲ့ လူကြီးပေါ့။ Motivate ဖြစ်တယ်ဆိုတာ ဘယ်လိုလဲဆိုတော့ အလုပ်လုပ်ချင်စိတ်ရှိအောင် ဆွဲဆောင်၊ ဦးဆောင်ညွှန်ကြားပေးတာကို ဆိုလိုတာပါ။ (ဥပမာ- I’m not motivated to do this job ဆိုတာ ကျွန်တော်ဟာ ဒီအလုပ်ကို လုပ်ချင်စိတ်မရှိဘူး ဆိုတဲ့အဓိပ္ပါယ် ရပါတယ်။ စိတ်မပါဘူးပေါ့ဗျာ)။

ဆက်လက်ဖတ်ရှုရန်

Management ဆိုတဲ့ စီမံခန့်ခွဲမှုဘာသာရပ်ရဲ့ လုပ်ငန်းတာဝန် တစ်ခုဖြစ်တဲ့ Organizing ကိုမြန်မာလို တိုက်ရိုက်ပြန်လိုက်ရင် (ဖွဲ့စည်းခြင်း။ စုစည်းခြင်း)ပေါ့ Getting Together (or) Bringing Together လို့ပြောရင် ပိုရှင်းမယ်ထင်တယ်။ တစ်ခါတစ်လေ အင်္ဂလိပ်လို ဒီလိုလေး ပြောလိုက်တော့ ဖတ်ရတာပိုရှင်းသွားလို့ ဒီလိုလွယ်တဲ့ စကားစုတွေနဲ့ပဲ နောက်ပိုင်းတွေမှာ ရေးသွားမယ်ဗျာ။ အချို့ အင်္ဂလိပ်စာလုံးတွေကို မြန်မာလိုပြန်ရတာ အရမ်းခက်တယ်။ နှစ်လုံးတည်းနဲ့ ကပ်ရှုပ်တာတွေ ဖြစ်တတ်တယ်။ အဲဒါကြောင့်ပါ ဘိုလိုဆန်ချင်လွန်းလို့ မဟုတ်ကြောင်းပါ။ :D

Organizing ဟာ Planning ပြီးရင် နောက်တစ်ဆင့်အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်တယ်။ Organizing ကို getting prepared, getting organized လို့လည်းပြောဆို သုံးနှုန်းကြတယ်။ ပြင်ပြင်ဆင်ဆင်ရှိပါစေ၊ စုစုစည်စည်းရှိပါစေပေါ့။  ဘယ် စီမံခန့်ခွဲမှုအဖွဲ့ပဲဖြစ်ဖြစ် အလုပ်လုပ်တော့မယ်ဆိုရင် မိမိတို့ရဲ့ အဖွဲ့အစည်း (Organization or Company) ရဲ့ ရည်မှန်းချက်ပန်းတိုင် (Goal) ကိုရောက်အောင် အရောက်လှမ်းကြရတယ်။ အဲဒီတော့ Organizing တာဝန်က အပေါ်မှာ ပြောခဲ့သလိုပဲ (Bringing Together) လုပ်ရတယ်ပေါ့။ ဘာတွေကို Bringing Together လုပ်မှာလဲ။ Resources လို့ခေါ်တဲ့ အဖွဲ့အစည်းရဲ့ အရင်းအမြစ်တွေပေါ့။ ဘာတွေပါလဲဆိုတော့ Financial လို့ခေါ်တဲ့ ငွေရေးကြေးရေး၊ Physical Resources လို့ခေါ်တဲ့ လုပ်ငန်းလုပ်ဆောင်ရမှာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ၊ နောက် (Human Resources) လို့ခေါ်တဲ့ လူ့အရင်းအမြစ်တွေ တစ်နည်းအားဖြင့် ၀န်ထမ်းတွေပေါ့။ အဲဒီအစရှိသည်ကို Bringing Together လုပ်ရပါတယ်။

ဆက်လက်ဖတ်ရှုရန်

Planning ဆိုတာ ကြိုတင်စီစဉ်မှုပါပဲ။ ကျနော်တို့ မိတ်ဆွေတို့ နိုင်ငံတစ်နိုင်ငံငံကို ခရီးထွက်တော့မယ်ဆိုရင် အရင်ဦးဆုံး Plan ချရတယ်မဟုတ်လားဗျာ။ ဘယ်နေ့မှာ ဗီဇာလျှောက်ရမယ်၊ ဘယ်နေ့ဆိုရင် ရမယ်။ ပြီးရင် လေယာဉ်လက်မှတ် Booking တင်ရမယ်၊ ၀ယ်ရမယ် အစရှိသည်ဖြင့်ပေါ့ဗျာ။ အဲဒီလိုမှ Plan မလုပ်ပဲ အနားကပ်မှ လောရင်တော့ ဗီဇာက အချိန် (၃)ပတ်ပေးရတယ်။ ခရီးက နှစ်ပတ်အတွင်း ထွက်ရမယ်ဆိုရင် အကုန်လုံး လွဲချော်ကုန်မှာဖြစ်ပါတယ်။ ပြီးတော့ လေယာဉ်လက်မှတ်ကလည်း မရတော့ဘူး။ သွားပြီပေါ့။ အဲဒီလိုပုံစံပါပဲ။

Planning ဟာ Management ဘာသာရပ်မှာ အခြေခံအကျဆုံး အစိတ်အပိုင်းတစ်ခုပါ။ ကုမ္ပဏီတစ်ခုရဲ့ Management System ကြီးကို ဘယ်လိုတည်ဆောက်ကြမလဲ၊ ဦးတည်ချက် (Objectives)တွေကို ဘယ်လို သတ်မှတ်ကြမလဲ အစရှိသည်တို့ကို Planning မှာလုပ်ဆောင်ရပါတယ်။ Planning ကိုအဆက်မပြတ် လုပ်ဆောင်ရပါတယ်။ ဘာလို့လည်းဆိုတော့ ကုမ္ပဏီတွေ၊ လုပ်ငန်းခွင်တွေမှာ လတ်တလော၊ ရုတ်တရက် ဖြစ်ပေါ်တတ်တဲ့ အခက်အခဲတွေ၊ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ တစ်ခါတစ်တရံမှာ အဲဒီလို ပြဿနာမျိုးဟာ ဘယ်လိုမှဖြေရှင်းလို့မရတာတွေ၊ (Uncontrollable) ထိန်းချုပ်လို့မရတာတွေ ရှိတတ်ပါတယ်။ ဆိုတော့ လုပ်ငန်းတစ်ခုကို လုပ်တော့မယ် ရည်ရွယ်တိုင်း Plan ချပြီးတော့ လုပ်ဆောင်ကြရပါတယ်။ အဲဒီလိုလုပ်ခြင်းဖြင့် အမှားရှိခဲ့ရင်တောင်မှ အမှားနဲသွားတဲ့အတွက် ဆုံးရှုံးနစ်နာမှုလည်း တစ်ဖက်မှာ နဲသွားမှာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

ကျနော်တို့ ဒီစာမျက်နှာမှာ Management ရဲ့  Functions (လုပ်ငန်းတာဝန်)တွေကို လေ့လာရအောင်ဗျာ။
အခြေခံအားဖြင့် Management မှာ Functions (၄)ခု ရှိပါတယ်။

(1) Planning
(2) Organizing
(3) Leading/Directing
(5) Controlling အစရှိသည်တို့ ဖြစ်ကြပါတယ်။

ဒါတွေပဲလားဆိုတော့… မဟုတ်ပါဘူး။ အဖွဲ့အစည်းလို့ခေါ်တဲ့ Organization အပေါ်မှာ မူတည်ပြီးတော့ Functions တွေဒီ့ထက်ပိုပြီး ရှိနိုင်ပါတယ်။ ဥပမာ- Staffing လို့ခေါ်တဲ့ ၀န်ထမ်းခန့်အပ်မှုတွေပေါ့။ အဲဒါက Human Resouce Management ဘာသာရပ်ပေါ့ဗျာ။ နောက် Coordinating, Reporting, Budgeting ဆိုပြီးတော့လည်း အဖွဲ့အစည်းပေါ်၊ ကုမ္ပဏီပေါ်မှာ မူတည်ပြီးတော့ ရှိနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

ကျနော် ဒီ Management Matters ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Management လို့ခေါ်တဲ့ (စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ (သို့မဟုတ်) စီမံခန့်ခွဲမှု နည်းပညာ)ပေါ့ အဲဒီဘာသာရပ်နဲ့ ပက်သက်ပြီးတော့ အထူးမျှဝေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းမှာသင်ခဲ့ရတဲ့ သင်ခန်းစာတွေထဲက မှတ်မိသလောက်နဲ့အတူ စာအုပ်တွေလည်း ပြန်လှန်ရင်း၊ အွန်လိုင်းမှာလည်း Reference လုပ်ရင်းနဲ့ပဲ ကျနော်တို့ Management ဆိုတဲ့ ဘာသာရပ်ကို အတူတူလေ့လာရအောင်ဗျာ။ Management ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာသာရပ်တွေ အများကြီးရှိပါတယ်။ ဘာကို Manage လုပ်မှာလဲ? ဘယ်လိုအဖွဲ့အစည်းမျိုးမှာ Manage လုပ်မှာလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့လည်း ကွဲပြားကြပါသေးတယ်။

ကျနော်တို့ မစခင် Management ဆိုတဲ့အခေါ်အဝေါ်ကို ဘယ်ကစတင်ခဲ့သလဲ ဆိုတဲ့ သမိုင်းကြောင်းတိုလေးကို ကြည့်ရအောင်ဗျာ။ Manage ဆိုတဲ့ စီမံခန့်ခွဲမှု စကားလုံးအသုံးအနှုန်းက Latin ဘာသာမှတစ်ဆင့် Italian ဘာသာစကားဖြစ်တဲ့ Maneggiare က ဆင်းသက်လာတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ လုပ်ငန်းတွေကို ကိုင်တွယ်လုပ်ဆောင်တာလို့ အဓိပ္ပါယ်ရပါတယ်တဲ့ဗျာ။ အဲဒီနောက်မှာ ပြင်သစ်ဘာသာစကား ဖြစ်တဲ့ Mesnagement ဆိုတဲ့အပေါ် အခြေပြုပြီးတော့ အင်္ဂလိပ်လို Management ဆိုတဲ့ ဝေါဟာရအနေနဲ့ (၁၇/၁၈) ရာစုဝန်းကျင်လောက်မှာ စတင်ခေါ်ဆို သုံးစွဲကြတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဆက်လက်ဖတ်ရှုရန်

စီးပွားရေးနဲ့ စီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ Post များကို ကျွန်တော်တို့ ပအိုဝ်းလူငယ်များ ဖတ်ရှုနိုင်ရန် တင်ဆက်ဖို့ စီစဉ်နေပါတယ်။ အချိန်ရရင် ရသလို တင်ပြသွားမှာဖြစ်ပါတယ်။ စီးပွားရေး လောကမှာ ရှိနေတဲ့ Organization ခေါ်အဖွဲ့အစည်းတွေရဲ့ အခြေခံ ဖွဲ့စည်းပုံနဲ့ ကိုယ်စီ လုပ်ငန်းတာဝန်တွေ ဘယ်လိုရှိသလဲ အစရှိသည်ကို မျှဝေတင်ပြသွားပါမယ်။

နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေး၊ နိုင်ငံရေး အခြေအနေတွေ ကျွန်တော်တို့ကို တစ်နည်းမဟုတ်တစ်နည်း တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်တဲ့ နည်းနဲ့ပဲ ဖြစ်ဖြစ် ဘယ်လိုသက်ရောက်နိုင်သလဲ အစရှိတဲ့ ခေါင်းစဉ်တွေနဲ့အတူ တင်ဆက်သွားဖို့ စီစဉ်ထားပါတယ်။ အကောင်ထည်ဖော်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။

ခွန်ပအိုဝ်းမှာ ဆောင်းပါးပဲ ဖြစ်ဖြစ် ဗဟုတုတ ရစေလိုတဲ့ Post တွေပဲ ဖြစ်ဖြစ် မိမိလူမျိုးအတွက် တစ်ကယ် အသုံးဝင်တယ်ဆိုရင် ဘယ်လိုအကြောင်းအရာ မဆို ၀င်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်။ ကိုယ်ကျွမ်းကျင်ရာ ကျွမ်းကျင်ရာ ဘာသာရပ်များကို မျှဝေဖို့ ဖိတ်ခေါ်ပါတယ်။ အကယ်၍ ဆက်သွယ်လိုခဲ့လျှင် ဒီပို့စ်အောက်မှာ comment ချန်ထားပေးခဲ့ပါ။ ကျွန်တော် ဆက်သွယ်လာမှာပါ။ အားလုံးပဲ ကျေးဇူးတင်ပါတယ်။