A: Good afternoon, class. အတန်းသား၊သူတို့ရေ… ကောင်းသောနေ့လည်ခင်းပါ။
B: Good afternoon, teacher. ကောင်းသောနေ့လည်ခင်းပါဆရာမ။
A: It’s time to study now. အခု လေ့လာကျက်မှတ်ဖို့အချိန်တန်ပြီ။
B: Fine, let’s begin the lesson. ကောင်းပြီ။ သင်ခန်းစာစကြရအောင်။
A: Please open your book. ကျေးဇူးပြုပြီး စာအုပ်ကို ဖွင့်လိုက်ပါ။
B: Yes, teacher. ဟုတ်ကဲ့ပါ ဆရာမ။
A: Do you understand Lesson Five? သင်ခန်းစာ (၅) ကို နားလည်လား။
B: Yes, we understand Lesson Five. ဟုတ်ကဲ့။ သင်ခန်းစာ (၅) ကို ကျနော်တို့ နားလည်ပါတယ်။
Classroom Expressions – စာသင်ခန်း အသုံးအနှုန်းများ
Come in, please. ကျေးဇူးပြုပြီး အထဲဝင်လာပါ။
Sit down, please. ကျေးဇူးပြုပြီး ထိုင်ပါ။
Stand up, please. ကျေးဇူးပြုပြီး မတ်တပ်ရပ်ပါ။
Open your book, please. ကျေးဇူးပြုပြီး စာအုပ်ကိုဖွင့်ပါ။
Don’t open your book, please. ကျေးဇူးပြုပြီး စာအုပ်မဖွင့်ပါနဲ့။
Do you understand? နားလည်လား။
Yes, I understand. ဟုတ်ကဲ့။ နားလည်ပါတယ်။
No, I don’t understand. အင့်ဟင်။ နားမလည်ဘူး။
Listen and repeat. နားထောင်ပြီး လိုက်ဆိုပါ။
Listen and don’t repeat. နားထောင်ပါ။ လိုက်မဆိုပါနဲ့။
Read altogether now. အခု အတူတူဖတ်လိုက်ပါ။
It’s time to begin. စဖို့အချိန်တန်ပြီ။
Conversation (2)
A: Good afternoon, Nang Bwar Kyi.
ကောင်းသော နေ့လည်ခင်းပါ နာင်းဗွာစီ။
B: Good afternoon, Khun Rak Kham.
ကောင်းသော နေ့လည်ခင်းပါ ခွန်ရက်ခမ်း။
A: How are you?
နေကောင်းပါရဲ့လား။
B: I am fine, thanks. And you?
နေကောင်းပါတယ်။ နင်ကော် နေကောင်းရဲ့လား။
A: I am pretty well.
ဒေါင်ဒေါင်မြည်ပါပဲကွာ။
Conversation (1)
A: Good morning. How are you?
ကောင်းသောနံနက်ခင်းပါ။ နေကောင်းလား။
B: Good morning. I am fine, thanks. And you?
ကောင်းသောနံနက်ခင်းပါ။နေကောင်းပါတယ်။ ကျေးဇူးပါ။ သင်ကော်။
A: I am fine too. My name is Khi John. What is your name?
ကျနော်လဲနေကောင်းပါတယ်။ ကျနော့်နာမည် ခီဂျွန် ပါ။ နာမည်ဘယ်လိုခေါ်ပါသလဲ။
B: My name is Khun Lazer.
ကျနော့်နာမည် ခွန်၆လစာ ပါ။
ကျွန်တော်တို့ ညီအစ်ကို၊ မောင်နှမများ အင်္ဂလိပ်စာ လေ့လာရန် ဆန္ဒရှိသောမိတ်ဆွေများ ခွန်ပအိုဝ်းကို လည်ပတ်ရင်း အင်္ဂလိပ်စာပါ တစ်ခါတည်း လေ့လာနိုင်ရန်အတွက် တောင်ကြီးမြို့ အမှတ်(၁၈)၊ West Circular Road၊ ဈေးပိုင်းရပ်ရှိ Mr.Richard Language School မှ ဆရာ Richard ကိုဖိတ်ခေါ်ပြီး ခွန်ပအိုဝ်းမှာ အင်္ဂလိပ်စာ ပို့ချဖို့ ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ ဒီနေ့ကစပြီး ဆရာ Richard မှ နေ့စဉ်နေ့စဉ် အချိန်ရတာနဲ့ အင်္ဂလိပ်စာ ပို့ချမှုကို စတင်တော့မှာဖြစ်ပါတယ်။ ဆရာ့မှာ သင်တန်းကျောင်းလည်း ရှိတဲ့အတွက် အားလပ်ချိန်ပေါ် မူတည်ပြီးတော့ ပို့ချမှာဖြစ်ပါတယ်။
အင်္ဂလိပ်စာ လေ့လာလိုသော ညီငယ်၊ ညီမငယ်များ လာရောက်ဖတ်ရှုဖို့ ဖိတ်ခေါ်ပါရစေ
။ တစ်ပြိုင်တည်း ကျနော်တို့ရဲ့ ခွန်ပအိုဝ်းမှာ အင်္ဂလိပ်စာ ဘာသာရပ်ကို ပို့ချပေးမယ့် Volunteer ဆရာကြီး Mr.Richard ကို ကြိုဆိုလိုက်ကြရအောင်လားဗျာ။


Recent Comments