ခွန်အောင်နိုင် သီဆိုထားတဲ့ (စေ,နိန်းယာ,အွီ;) သီချင်းခွေကို မကြာခင် တစ်ခွေလုံးတင်ပေးပါမယ်။ စောင့်မျှော် နားဆင်၊ Download ကြပါကုန် … ။ www.paohswee.com မှာလည်း ဒီသီချင်းခွေမှ သီချင်းအချို့ကို တင်ထားပြီးသား ရှိပါတယ်။ အဲမှာလည်း သွားရောက် နားဆင်နိုင်ပါတယ်ခင်ဗျာ။
ပအိုဝ်;သွီ; ခေါ် ပအိုဝ်း Social Network ဆိုက်မှာ Ning ရဲ့ Branded Music Player ကို ၀ယ်ယူသုံးစွဲလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ပအိုဝ်းသီချင်းများ Upload လုပ်ပြီးမျှဝေချင်တဲ့ ညီအစ်ကိုများ သွားရောက်တင်ပြီး မျှဝေနိုင်ပါပြီတဲ့။ မိမိတို့ရဲ့ ပအိုဝ်းသွီး စာမျက်နှာတွေမှာလည်း သီချင်း Player မှာ တင်ထားလို့ရပါပြီ။ ကိုယ်ကြိုက်တဲ့ သီချင်းလည်း တင်နိုင်ယူနိုင်ပါပြီတဲ့။
သွားရောက် စမ်းသပ်ကြရအောင်လို့ သတင်းကောင်းပါးလိုက်ပါတယ်ဗျာ။ @ www.paohswee.com
ပအိုဝ်းရိုးရာ လူမျိုးသီချင်းများ၊ အမျိုးသားသီချင်းများ သီဆိုရာမှာ နာမည်ကြီးတဲ့ ခွန်အုံးသာတို့၊ ခွန်ဇော်ဗဲင်;တို့၊ နန်းမိုးမိုးစံတို့ ပါဝင်သီဆိုထားတဲ့ အခွေတစ်ခွေဖြစ်ပါတယ်။ ကွန်လွန်ပြီးဖြစ်တဲ့ မျိုးချစ်သီချင်းရေးဆရာလည်းဖြစ်၊ ဂီတမှူးကြီးလည်းဖြစ်တဲ့ ခွန်သာဒွန်း ရေးသားထားတဲ့ သီချင်းများလည်း ပါဝင်ပါတယ်။ ကျွန်တော် အချိန်ရတဲ့အခါ VCD ရော MP3 ပါ Convert လုပ်ပြီး တင်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုတော် နန်းမိုးမိုးစံကို အွန်လိုင်းမှာ တွေ့တုန်းက ကျွန်တော့်ကို အခွေကောင်းများ ညွှန်းပါအုံးလို့ မေးတဲ့အခါ သူက ဒီအခွေကို ညွှန်းခဲ့ပါတယ်။ ဒါနဲ့ ဦးကြီးခမ်းက ညီမလေး တစ်ယောက်အကူညီနဲ့ အခွေ ၀ယ်ပြီးပို့ပေးဖို့ အကူညီတောင်းခဲ့တယ်။ အခွေဝယ်ပြီး ပို့ပေးတဲ့ ညီမလေး နန်းပူးလေး-ဦးကြီးခမ်းရပ်အား ကျေးဇူးမှတ်တမ်းပြုပါတယ်။ အခွေကို စင်္ကာပူနိုင်ငံအထိ သယ်ဆောင်လာပေးတဲ့ ခွန်သာထက်-ဦးကြီးခမ်းရပ် ကိုလည်း အထူးကျေးဇူး တင်ပါတယ်ခင်ဗျာ။
နောက်နောင်လည်း များများ ၀ယ်ပို့ပေးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်
.. ။ MP3 သီချင်းအွန်လိုင်း နားဆင်လိုလျှင်တော့ ပုံအောက်က <Continue Reading> ဆိုတဲ့လင့်ပေါ်မှာ နှိပ်လိုက်ပါဗျာ။ သီချင်းကို Download လုပ်ရန်အတွက် သီချင်းခေါင်းစဉ်ပေါ်မှာ နှိပ်လိုက်ပါ။
VCD Version ကြည့်ချင်သူများ အတွက် ခွန်ပအိုဝ်းရဲ့ Youtube Channel မှာ သွားရောက်နားဆင် ကြည့်ရှုနိုင်ပါတယ်။

ဒီသီချင်းခွေကို ကွန်နက်ရှင် မကောင်းတဲ့ကြားက ခက်ခက်ခဲခဲ ပို့ပေးခဲ့တဲ့ ညီလေး ခွန်လေး-ဟိုပုံး (ဒီပုန်း)
ကို ခွန်ပအိုဝ်းမှ အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပြီး တကာလ အွန်လိုင်းတိုက်ရိုက် သီချင်းနားဆင်လိုတဲ့ ညီအစ်ကိုမောင်နှမတွေက ပုံအောက်နားက Continue Reading ဆိုတဲ့ လင့်ပေါ်မှာ နှိပ်ပြီး သီချင်း နားဆင်နိုင်ပါပြီခင်ဗျာ။

ခွန်တူးလေး သီဆိုထားတဲ့ (အနုပညာ;သားထာ,ရက်) အခွေ VCD Versionကို လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကျော်လောက်က ခွန်ပအိုဝ်းရဲ့ Youtube Channel မှာတင်ခဲ့ပါတယ်။ အခုတစ်ခါတော့ MP3 Version ပေါ့။ အွန်လိုင်းနာဆင်လိုသူများ နားဆင်နိုင်ပါပြီခင်ဗျာ။ ။ အောက်က Continue Reading ဆိုတဲ့လင့်ပေါ်နှိပ်ဗျာ။
သီချင်းတွေကို Size လျော့ပြီးတော့ ချုံ့ထားပါတယ်။ အသံ Quality တော့ အရမ်းကောင်းတယ်ဗျာ။ ဆိုက်တော့ နဲနဲကြီးမယ်။ ကြီးတယ်ဆိုတာကလည်း 3MB or 4MB အများဆုံးပါပဲဗျာ။ မြန်မာပြည်ကနေ နားထောင်မယ့် ညီအစ်ကိုတွေသာ နဲနဲဒုက္ခရောက်တယ်။ နားဆင်လိုက်ပါအုံးဗျာ။ တစ်ခုခု အဆင်ပြေတာ မရှိရင် Comment ချန်ထားနိုင်ပါတယ်။

အညတရ အမည်ရတဲ့ သီချင်းခွေ Album လေးကို တောင်ကြီးက ပြန်ရောက်လာတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူညီနဲ့ ရရှိခဲ့ပါတယ်။ (အညတရ)ဆိုတဲ့ သီချင်းခွေကို ပအိုဝ်းလူငယ်သုံးယောက်ဖြစ်တဲ့ (ခွန်ဖိုးသား၊ ခွန်သဲနိုင်၊ ခွန်ဒေး)တို့ သီဆိုထားကြတာ ဖြစ်ပါတယ်။ VCD သီချင်းတွေကိုတော့ တစ်ခွေလုံး ကျွန်တော့်ရဲ့ Youtube Channel မှာ တင်ထားပြီး ဖြစ်ပါတယ်။ သွားရောက်နားဆင် နိုင်ပါပြီခင်ဗျာ။ MP3 တွေကိုတော့ အခုမှ Convert လုပ်ပြီးပြီးချင်း Size နဲနဲချုံ့ပြီး အောက်မှာတင်လိုက်ပါပြီ။
အမှန်ကတော့ ခွင့်ပြုချက်တောင်းဖို့ စဉ်းစားပါသေးတယ်။ ဆက်သွယ်မှုအခက်ခဲတွေကြောင့် မတောင်းတော့ပဲ ပအိုဝ်းသီချင်းတွေ ငတ်မွတ်နေတဲ့ ကျွန်တော်တို့ ပြည်ပရောက် ညီအစ်ကိုများကို ပြန်ကြည့်ပြန်တော့လည်း ကိုယ်ချင်းစာမိတယ် .. ကဲဗျာ မထူးပါဘူးဗျာ ခွင့်ပြုချက်မတောင်းပဲ တင်လိုက်မိပြီ။ အခွေပိုင်ရှင်များမှလည်း ခွင့်ပြုကြလိမ့်မယ်လို့ ကျွန်တော်တို့ အဝေးရောက် ပအိုဝ်းများမှ ယူဆပါတယ်ခင်ဗျာ။
ဒါပေမယ့် ပြည်တွင်းမှာ ရှိနေတဲ့ ညီအစ်ကိုတွေက အခွေဝယ်ပြီးတော့ အားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ Download ကိုအရမ်း အားမပေးချင်ပါဘူး။ Download Speed ကလည်း ကောင်းတာမှ မဟုတ်တာ မဟုတ်ဘူးလားဗျ။ ခွေသွားဝယ်တာ ၂၀၀၀ကျပ်တောင် မကုန်ပါဘူးဗျာ။ Download လိုက်ရင် ကိုယ်ကအလကားရတာ ဟုတ်ပေမယ့် ထုတ်လုပ်တဲ့သူတွေရဲ့ အခက်ခဲကို စာနာတဲ့အနေနဲ့ မူရင်းခွေကိုပဲ အားပေးစေချင်ပါတယ်ဗျာ။ ကဲ လေရှည်သွားတယ်။ MP3 နားဆင်ချင်သူများအတွက် Continue Reading ဆိုတဲ့ ပုံအောက်က လင့်မှာ ရဲရဲသာ နှိပ်လိုက်ချပါခင်ဗျာ။ အခက်ခဲရှိရင် Comment ချန်ထားပေးပါ။ ကျေးဇူးတင်ပါတယ်။

ခွန်အောင်နိုင်၊ ခွန်ခမ်းခြွိုင်၊ ခွန်ရဲနိုင်၊ ခွန်ရဲုင်းဟန်၊ ခွန်ယောင်းယွာ၊ ခွန်အောင်အောင်၊ ခွန်ထွန်းဟန်၊ ခွန်တူးလေး၊ ခွန်ရဲသွေးတို့ရဲ့ သီချင်းအချို့နှင့်အတူ အခြား ပအိုဝ်းMP3 သီချင်းများကို ဒီမှာ Download Link မျှဝေသွားမှာဖြစ်ပါတယ်။ Files Upload လုပ်နေကျ FTP လေးမှာ ပြဿနာ အနည်းငယ် ရှိနေတော့ သီချင်းတွေ အခုတလော မတင်ဖြစ်ဘူး ဖြစ်နေတယ်။ အဲဒီအတွက် သီချင်းကို စောင့်မျှော်နေကြတဲ့ ညီအစ်ကိုများအတွက် ကျနော် Temporary Solution အနေနဲ့ Mediafire မှာပဲ တင်ပီးတော့ Download Link ကို မျှဝေပါတော့မယ်။
အချိန်ရရင် ရသလို နဲနဲချင်းစီ Upload လုပ်သွားမှာ ဖြစ်တဲ့အတွက် ဒီပို့စ်အောက်မှာပဲ စောင့်မျှော် Download လုပ်ပါလို့ ပြောချင်ပါတယ်။ ပြီးတော့ အချို့သီချင်းတွေ (10%)လောက်က ကျနော့်ဆီမှာ ခေါင်းစဉ်မရှိတာတွေ ရှိပါတယ်။ အဲဒီ သီချင်းတွေကို ကျနော် သီချင်းနာမည်နဲ့နီးစပ်အောင် နာမည်ပြန်ပေးထားပါတယ်။ Download Link တွေ တစ်ရက်ပြီးတစ်ရက် တိုးလာမှာဖြစ်ပါတယ်။ ပို့စ်အရမ်းရှည်သွားမှာဖြစ်လို့ အပြည့်အစုံနဲ့ အခြားသီချင်းများကို Download လုပ်ရန်၊ Online နားဆင်ရန်အတွက် ((Continue Reading)) ဆိုတဲ့ အောက်နားက စာလုံးကိုနှိပ်ခြင်းအားဖြင့် ပို့စ်အပြည့်အစုံကို တွေ့ရမှာဖြစ်ပြီး Download ရယူနိုင်ပါတယ်။ အဆင်မပြေမှုရှိပါက Comment ချန်ထားခဲ့ပေးပါ။ ကျေးဇူးတင်ပါတယ်။
လက်ရှိ (၅၀)ပုဒ် တင်ထားသည်။ Last Updated (17-05-11)
ညီလေးတစ်ယောက်က (ခွန်ရဲုင်းဟန်) မြန်မာသီချင်းခွေ ဖြစ်တဲ့ (ကမ္ဘာမြေ အိပ်ယာ) ဆိုတဲ့ သီချင်းအခွေကို တင်ပေးပါလို့ တောင်းဆိုထားလို့ တင်ပေးလိုက်ပါတယ်။ ကျနော်သိသလောက်ကတော့ ရဲုင်းဟန် မြန်မာခွေက ဒီတစ်ခွေတည်း ထွက်တယ်လို့ပါ။ ပအိုဝ်းလို အခွေတွေကတော့ အများကြီးပေါ့။ ခွန်ရဲုင်းဟန် ဆုံးသွားပြီးတဲ့နောက် သူ့အမှတ်တရ အခွေလည်း ရှိပါတယ်။ ပအိုဝ်းအဆိုတော်များ သူ့သီချင်းတွေကို အမှတ်တရ အနေနဲ့ ပြန်ဆိုကြတဲ့ အခွေပါ။ အဲဒီအခွေထဲမှာဆိုရင် (ခွန်ရဲုင်းဟန်)ရဲ့ ညီဖြစ်တဲ့ (ခွန်ရဲနိုင်) ဆိုထားတဲ့ (လမ်းခွဲလမ်းသွယ်) ဟာဆိုရင် တော်တော်လေး မိုက်ပါတယ်။ ကျနော် အချိန်ရတာနဲ့ အဲဒီသီချင်းခွေကိုလည်း တင်ပေးပါ့မယ်။
Online တိုက်ရိုက်နားဆင်ရန် အောက်ဆုံးနားက Continue-Reading မှာနှိပ်နိုင်ပါတယ်။ သီချင်းပဲ Download လုပ်မယ် ဆိုရင်တော့ အောက်မှာ ကျနော်ပေးထားတဲ့ Download-Link တွေကို နံပါတ်အစဉ်လိုက် Download လုပ်လိုက်ရုံပါပဲ။ သီချင်းခွေကို မျှဝေပေးခဲ့တဲ့ သူငယ်ချင်း ခွန်အောင်-HongKongကို ကျေးဇူးမှတ်တမ်း ပြုပါတယ်။



Recent Comments