Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

သတင်းများ

လာမည့် လိတ်ဗဟိုးသွဉ်တန်,ဆိုင်ရာ သတင်းအချက်အလက်တွေကို ဒီပို့စ်အောက်မှာ စုဆောင်းတင်ပြထားမှာဖြစ်ပါတယ်။ သွဉ်တန်,သွားရောက် တက်ရောက်လိုတဲ့ ညီအစ်ကို၊ မောင်နှမများကို ဖိတ်ခေါ်ပါရစေ။ ဒီ သွဉ်တန်,ကျင်းပမည့် နေ့ရက်ကို လူငယ်တော်တော်များများ မေးလာကြပါတယ်။ ဒီတော့ အဲဒီ သွဉ်တန်, ကျင်းပမည့်ရက်၊ ၀င်ခွင့်အတွက် လုပ်ဆောင်ရန် အဆင့်ဆင့်ကို ဒီမှာ စုဆောင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်က ကျွန်တော်ကိုယ်တိုင် ဆီဆိုင်မြို့မှာရှိတဲ့ ဇ၀နာရာမ စာသင်တိုက်မှာ သီတင်းသုံးနေတဲ့ ပအိုဝ်;လိတ်လဲုင်, ဗဟို;သွဉ်တန်, ဥက္ကဌ ဆရာတော် အရှင်ဘဒ္ဒန္တကောဝိဒ နဲ့ တယ်လီဖုန်းကတစ်ဆင့် တွ့ဆုံ၊ မေးမြန်း၊ လျှောက်ထားခွင့် ရခဲ့ပါတယ်။

ဆရာတော်ရဲ့ မိန့်ကြားချက်အရ သွဉ်တန်,အတွက် ကျင်းပမည့်နေ့ရက်ကို သတ်မှတ်ရန် လာမည့် သီတင်းတစ်ပတ်မှာ တောင်ကြီးမြို့ရှိ၊ အေးစေတီ ကျောင်းတိုက်မှာ အစည်းအဝေးနှင့်အတူ တိုင်ပင်ဆွေးနွေး ကြမယ်လို့ သိရှိရပါတယ်။ လက်ရှိ ခန့်မှန်းနဲ့ ဖြစ်နိုင်ချေ ကျင်းပမည့် နေရာတွေကတော့ (တောင်ကြီး-ထီသိမ်;) or (တောင်ကြီး-ဖဲုင်မွိုန်း)တို့ပဲဖြစ်ပါတယ်။ နေ့ရက်လအတွက်ကတော့ (ဒဲဉ်ရုတ်,ဆန်,)လမှာ ဖြစ်ပါတယ်။ အတိအကျကို သိလိုရင်တော့ လာမည့် သီတင်တစ်ပတ်အတွင်း အစည်းအဝေးပြီးတာနဲ့ ဆရာတော်ကို ကျွန်တော် နောက်တစ်ခေါက် ဖုန်းခေါ်ဆိုတဲ့အခါ လျှောက်ထား မေးမြန်းသွားပါမယ်။ အဲဒီအခါမှာ သိရတဲ့ အချက်အလက် အသေးစိပ်တွေကို ဒီပို့စ်အောက်မှာပဲ တင်ပြသွားမှာ ဖြစ်ပါတယ်။

တောင်ကြီးမြို့တစ်ဝိုက်မှာရှိတဲ့ ညီအစ်ကို၊ မောင်နှမတွေပဲ ဖြစ်ဖြစ်၊ ပအိုဝ်;လိတ်လဲုင်, သွဉ်တန်,ကို တက်ရောက်လိုတဲ့ မိတ်ဆွေများ အနေနဲ့လည်း အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

မေးမြန်းစုံစမ်းရန် ဌာနတွေကတော့ -

  • တောင်ကြီးမြို့- အေးစေတီကျောင်းတိုက် – ဖုန်း – 081-22701
  • ဆီဆိုင်မြို့ – ဇ၀နာရာမ စာသင်တိုက် – ဖုန်း – 081-49121
  • တောင်ကြီးမြို့ – မြို့ဦးကျောင်း – ဖုန်း – 09-521 1729 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဖုန်းနံပါတ်များ မျှဝေပေးခဲ့တဲ့ ပအိုဝ်;သွီ;မိသားစုမှ ညီလေး Khunu နဲ့ ခွန်ရောင်;ခမ်; (khunraungkham)ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။

စီးပွားရေးနဲ့ စီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ Post များကို ကျွန်တော်တို့ ပအိုဝ်းလူငယ်များ ဖတ်ရှုနိုင်ရန် တင်ဆက်ဖို့ စီစဉ်နေပါတယ်။ အချိန်ရရင် ရသလို တင်ပြသွားမှာဖြစ်ပါတယ်။ စီးပွားရေး လောကမှာ ရှိနေတဲ့ Organization ခေါ်အဖွဲ့အစည်းတွေရဲ့ အခြေခံ ဖွဲ့စည်းပုံနဲ့ ကိုယ်စီ လုပ်ငန်းတာဝန်တွေ ဘယ်လိုရှိသလဲ အစရှိသည်ကို မျှဝေတင်ပြသွားပါမယ်။

နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေး၊ နိုင်ငံရေး အခြေအနေတွေ ကျွန်တော်တို့ကို တစ်နည်းမဟုတ်တစ်နည်း တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်တဲ့ နည်းနဲ့ပဲ ဖြစ်ဖြစ် ဘယ်လိုသက်ရောက်နိုင်သလဲ အစရှိတဲ့ ခေါင်းစဉ်တွေနဲ့အတူ တင်ဆက်သွားဖို့ စီစဉ်ထားပါတယ်။ အကောင်ထည်ဖော်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။

ခွန်ပအိုဝ်းမှာ ဆောင်းပါးပဲ ဖြစ်ဖြစ် ဗဟုတုတ ရစေလိုတဲ့ Post တွေပဲ ဖြစ်ဖြစ် မိမိလူမျိုးအတွက် တစ်ကယ် အသုံးဝင်တယ်ဆိုရင် ဘယ်လိုအကြောင်းအရာ မဆို ၀င်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်။ ကိုယ်ကျွမ်းကျင်ရာ ကျွမ်းကျင်ရာ ဘာသာရပ်များကို မျှဝေဖို့ ဖိတ်ခေါ်ပါတယ်။ အကယ်၍ ဆက်သွယ်လိုခဲ့လျှင် ဒီပို့စ်အောက်မှာ comment ချန်ထားပေးခဲ့ပါ။ ကျွန်တော် ဆက်သွယ်လာမှာပါ။ အားလုံးပဲ ကျေးဇူးတင်ပါတယ်။

ပအိုဝ်;သွီ; ခေါ် ပအိုဝ်း Social Network ဆိုက်မှာ Ning ရဲ့ Branded Music Player ကို ၀ယ်ယူသုံးစွဲလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ပအိုဝ်းသီချင်းများ Upload လုပ်ပြီးမျှဝေချင်တဲ့ ညီအစ်ကိုများ သွားရောက်တင်ပြီး မျှဝေနိုင်ပါပြီတဲ့။ မိမိတို့ရဲ့ ပအိုဝ်းသွီး စာမျက်နှာတွေမှာလည်း သီချင်း Player မှာ တင်ထားလို့ရပါပြီ။ ကိုယ်ကြိုက်တဲ့ သီချင်းလည်း တင်နိုင်ယူနိုင်ပါပြီတဲ့။

သွားရောက် စမ်းသပ်ကြရအောင်လို့ သတင်းကောင်းပါးလိုက်ပါတယ်ဗျာ။ @ www.paohswee.com

ခွန်ပအိုဝ်းမှ လက်ရှိ  VCD သီချင်းများကို MP3 သို့ Convert လုပ်လျှက်ရှိပါတယ် ခင်ဗျာ။ နောက်ပိုင်း ဆက်တိုက်တင်ပေးသွားမယ့် ပအိုဝ်းသီချင်းခွေများ စာရင်းကို သိရအောင် အရင်ဦးဆုံး တင်ပြချင်ပါတယ်။ အချို့ Album များမှာ အဟောင်းဖြစ်ပြီး၊ အချို့မှာ အသစ်တွေဖြစ်ကြပါတယ်။ အလုပ်အားလပ်ချိန် ကျောင်းအားလပ်ချိန်မှာ လုပ်ရတာ ဖြစ်တဲ့အတွက် တစ်ပတ်ကို နှစ်ခွေလောက် မဖြစ်ဖြစ်အောင် ကြိုးစားပြီး တင်ပေးသွားမှာ ဖြစ်ပါတယ်။ ခွန်ပအိုဝ်းမှာ MP3 သီချင်းအနေနဲ့ တင်မှာဖြစ်ပြီး။ VCD Version ကြည့်ချင်သော ညီအစ်ကို မောင်နှမများအတွက် ခွန်ပအိုဝ်းရဲ့ Youtube Channel သို့ သွားရောက်နားဆင် နိုင်ပါတယ်ခင်ဗျာ။

သီချင်းတွေ အွန်လိုင်းတင်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ ပအိုဝ်းမြေမှ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာခဲ့ကြပြီး ပြည်ပရောက်ရှိနေကြတဲ့ ကျွန်တော်တို့ရဲ့ မျိုးချစ်ပအိုဝ်းလူငယ်များ ညီအစ်ကို မောင်နှမများ မိမိတို့ရဲ့ အမိပအိုဝ်းမြေကို ပြန်လည်သတိရအောင့်မေ့ စေရန်အလို့ငှါ ကျွန်တော်တို့ ခွန်ပအိုဝ်းမှ တတ်နိုင်တဲ့ဖက်က သီချင်းခွေများကို စုဆောင်းမှာယူပြီးတော့ တင်ပေးခြင်းသာ ဖြစ်ပါတယ်။

ဒီလိုသီချင်းတွေ တင်တဲ့အခါမှာ အခွေထုတ်လုပ်သူတွေထံ ကျွန်တော်လက်လှမ်းမှီသလောက် ခွင့်တောင်းပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မတောင်းရသည့် အခွေများလည်း ပါဝင်ပါတယ်။ အဲဒီတော့ ထုတ်လုပ်သူတွေအနေနဲ့ ကျွန်တော်တို့ ဒီလိုတင်လိုက်တဲ့အတွက် အနှူးအညွှန့်ပဲ တောင်းပန်ပါတယ်ခင်ဗျာ။ ဒါပေမယ့် မတတ်နိုင်ဘူးဗျာ။ ဒီလိုမျိုး သီချင်းတွေနဲ့ ကိုယ့်ပအိုဝ်းလူမျိုးတွေ ကိုယ့်ပအိုဝ်းမြေ၊ ကိုယ့်လူမျိုးကို သတိရကြမှာ သေချာတယ်။ တစ်နည်းအားဖြင့် ကိုယ့်လူမျိုးတွေကို ကူညီရာေ၇ာက်သလိုလည်း ဖြစ်ပါတယ်။ အဲဒီတော့ ခွင့်လွတ်ပါခင်ဗျာ။ :P

လျှာတော်တော်ရှည်သွားပြီ။ ကဲ ညီအစ်ကိုမောင်နှများ ကျွန်တော်တို့ ခွန်ပအိုဝ်းမှ တင်မယ့် နောက်ပိုင်း အခွေတွေရဲ့ နာမည် အချို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ ပြည်တွင်းမှ ညီအစ်ကိုများ မူရင်းခွေ အားပေးကြပါလို့ တိုက်တွန်းပါတယ် ခင်ဗျာ။ အဲဒါမှလည်း ကျွန်တော်တို့ ပအိုဝ်းလူမျိုးတွေရဲ့ အဆိုတော်တွေ ရေရှည်ရပ်တည်ပြီး အမျိုးအတွက် အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

(၁) မျင်,မိုရ်;ကောင်ဦ, မွိုးဂုဏ်;ကေ,ဇူ,ဗွေ; – အခွေသစ်

(၂) နီရပ်ဒေ;သ

(၃) သဲင်,ချာနီပအိုဝ်;ခမ်း – ခွန်ခမ်းခြွိုင်,

(၄) နီဆာ;တဲုင် – ညာ,ခမ်းသားပအိုဝ်;ပေ;အစွို, – ထိုင်းနိုင်ငံ

(၅) ၀ါးလွီးဗွာ – အခွေသစ်

(၆) အနုပညာ;သားထာ,ရက် – ခွန်တူးလေး တစ်ကိုယ်တော်

ချစ်ခင် လေးစားရပါသော ပအိုဝ်းညီအစ်ကို မောင်နှမများခင်ဗျား ရက်တွေပြောင်းလို့ လတွေဟောင်းသွားတဲ့အလျောက် သီတင်းကျွတ်ဆိုတဲ့ လမြတ်လေးလည်း လက်တစ်ကမ်း ရောက်လာပြန်ပါပြီ။ နွမ်းနယ် ပင်ပန်းလှတဲ့ ဘ၀ခရီးလမ်းအတွက် ကုသိုလ်ယူဖို့ ခရီးမှတ်တိုင်တစ်ခုပေါ့ဗျာ။

ဒီ့အတွက် -

- ၉၊ ၁၀၊ ၂၀၁၁ သီတင်းကျွတ် ဘုန်ကြီးကျောင်းတက် ဆရာတော်ကန်တော့ပွဲကို ပအိုဝ်းမိသားစုများအားလုံး အတူတကွ စုစည်းစွာ တက်ရောက် ကုသိုလ်ယူနိုင်ရန် ကား(၃)စီးဖြင့် စီစဉ်ထားပါကြောင်း အသိပေး ဖိတ်ကြားအပ်ပါသည်ခင်ဗျား။

- အတတ်နိုင်ဆုံး ၀တ်စုံပြည့်ဖြင့် တက်ရောက်ပေးကြပါရန် မေတာရပ်ခံပါရစေ။

- မနက် ၉ နာရီမှာ ဓါတ်တော်တိုက် ဘုန်းကြီးကျောင်းတွင် စုစည်းကြမှာဖြစ်သည့်အတွက် အချိန်မှီလာရောက်ပေးကြပါရန် ကြိုတင်မေတာရပ်ခံ ပါရစေခင်ဗျား။

- နေ့လည်စာကို ကျွန်တော်တို့ စင်္ကာပူရောက်ပအိုဝ်းမိသားစု ဥက္ကဌ ကိုခွန်ကျော်မင်းသွင်မှ ဒါနပြုမှာဖြစ်ပြီး အချိုရည်ကို ပအိုဝ်းမိသားစု အကြံပေးအတိုင်ပင်ခံ ခွန်ရေချမ်းမှ ဒါနပြုပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။

လေးစားစွာဖြင့် ကျေးဇူးတင်လျက် – ပအိုဝ်းမိသားစု (စင်္ကာပူနိုင်ငံ)

ဆက်သွယ်ရန် - ခွန်ရေချမ်း – ၉၃၂၉ ၉၂၃၃၊ ခွန်မောင်မောင် – ၈၂၂၉ ၄၆၀၃၊ ခွန်ဘုန်းကျော် – ၉၀၁၅ ၆၃၄၅

မကြာမီအတောအတွင်းမှာ ထွက်ရှိတော့မယ့် ခွန်တူးလေးနဲ့ နန်းမိုးမိုးစံတို့ ဆိုထားတဲ့ (ရက်သ,ရိုင်း) အမည်ရခွေအသစ် ထွက်ရှိတော့ မှာဖြစ်ပါတယ်။ စောင့်မျှော် အားပေးနိုင်ရန်အတွက် ကြော်ငြာလိုက်ပါတယ်။ ရောင်းဈေးကတော့ VCD အခွေတစ်ခွေကို (၂၀၀၀)ကျပ်လို့ သိရပါတယ်။ အားပေးလိုက်ကြပါအုံးဗျာ။ အမြည်းသီချင်းကိုတော့ ကျွန်တော် နန်းမိုးမိုးစံဆီ တောင်းဆိုထားပါတယ်။ ရတာနဲ့ တင်ပေးပါမယ်ဗျာ။ လာမည့် စက်တင်ဘာလ 3rd Week ၀န်းကျင်လောက်မှာ ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။ သီချင်းခေါင်းစဉ် ပုံကြီးချဲ့ကြည့်လိုပါက အောက်ဖော်ပြပါ ပုံပေါ်မှာ ကလစ်နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

အခွေဝယ်ယူ ရရှိနိုင်မယ့် နေရာတွေကတော့။ တောင်ကြီးမှာဆိုရင် ဖူဂျီ၊ ခမ်းကောင် အစရှိတဲ့ အခွေဆိုင်တိုင်းမှာ ရရှိနိုင်ပြီ၊ ထိုင်းနိုင်ငံရောက် ပအိုဝ်းညီအစ်ကိုများအတွက် (ချင်းမိုင်မြို့ရှိ – နောင်ခံဘုန်းကြီးကျောင်း)တွင် ၀ယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။ အခုလောလောဆယ်တော့ ဘန်ကောက်မြို့မှာ ရောင်းချသင့်မသင့် စဉ်းစားနေတုန်းလို့ သိရပါတယ်။

တတိယအကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား (ခေါ်) Lar Khaung Khai Suu ပွဲတော်ကို စင်္ကာပူနိုင်ငံ Sims Avenue အမှတ် ၁၆၅ ရှိ Harvest Care Center တွင် ၂၀၁၁ခုနှစ် သြဂုတ်လ ၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ထိုကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသို့ ကျွန်တော်တို့ စင်္ကာပူနိုင်ငံရောက် ပအိုဝ်းမိသားစုမှ ညီအစ်ကို၊ မောင်နှမများမှလည်း တက်ရောက် အားပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ စင်္ကာပူရောက် ပအိုဝ်းမိသားစု မှလည်း ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား (ခေါ်) Lar Khaung Khai Suu ပွဲတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပအိုဝ်းရိုးရာ အိုးစည်ဗုံမောင်းအက ဖြင့်လည်း ကပြဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။

စင်္ကာပူရောက် ဇွဲကပင် မျိုးချစ်လူငယ်များအဖွဲ့မှ ဦးစီးပြီး ပွဲတော်ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဇွဲကပင် မျိုးချစ်လူငယ်များအဖွဲ့မှ ညီအစ်ကိုများ ဟာဆိုရင် ကျွန်တော်တို့ စင်္ကာပူရောက် ပအိုဝ်းမိသားစုမှ ဦးစီးပြီး ၂၀၁၁-ခုနှစ်-မတ်လမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (ဒဲဉ်သီ;လာဗွေ (ခေါ်) ပအိုဝ်းအမျိုးသားနေ့) ပွဲတော်ကို အင်တိုက်အားတိုက် ၀င်ရောက် အားဖြည့်ကူညီ ဖျော်ဖြေပေးခဲ့တဲ့ ဇွဲကပင်မျိုးချစ်လူငယ်များအဖွဲ့မှ ညီအစ်ကိုများလည်း ဖြစ်ပါတယ်။

ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားမှ အထိန်းအမှတ် ဓါတ်ပုံများ၊ ဗီဒီယိုများကို စုဆောင်းပြီးတင်ပေးရန် စီစဉ်ထားပါတယ်။ စောင့်မျှော်ကြည့်ရှု ကြပါခင်ဗျာ။ လောလောဆယ်တော့ ကျနော်တို့ ကရင်ညီအစ်ကိုများ တင်ထားတဲ့ Youtube ဗွီဒီယိုများကို ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ။  ဒီမှာကလစ်ခေါက်ပြီး ကြည့်နိုင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ခွန်ပအိုဝ်းရှိ ပို့စ်များကို ပြန်လည်ပြုပြင်နေဆဲ ဖြစ်ပါတယ်။ အရင်က Online MP3 နားဆင်နိုင်ရန်အတွက် ကျွန်တော် Microsoft ရဲ့ Windows Media Player plugin ကို အသုံးပြုခဲ့ပါတယ်။ အဲတော့ Microsoft ရဲ့ Internet Explorer (IE)မှာ အကုန်အဆင်ပြေတယ်။ ဒါပေမယ့် အဲဒီ Windows Media Player Plugin က Firefox မှာ Compatible မဖြစ်ပါဘူး။ သီချင်းတော့ ဖွင့်လို့ရပေမယ့် Firefox ဖွင့်လိုက်ရင်ပဲ ပို့စ်ထဲမှာရှိတဲ့ MP3 Playerနဲ့ ပို့စ်တွေ မှန်သမျှ အကုန်လုံး သီချင်း Auto Play တော့တာပါပဲ။ အဲတော့ ဆူညံသွားတာပေါ့ဗျာ။

အဲဒီတော့ အချို့ Visitor များက Feedback ပေးပါတယ်။ အချို့ပို့စ်တွေကို ဖွင့်လိုက်တဲ့အခါမှာ သီချင်းသံတွေ ပြိုင်တူထွက်လာလို့ အကုန်လိုက်ပိတ် ရတဲ့ဒုက္ခတွေရောပေါ့။ အဲတော့ ကျွန်တော်စဉ်းစားရပါတော့တယ်။ အဲဒီအတွက် ဖြေရှင်းချက်တစ်ခုခုတော့ ရှာရတော့မယ်။ ပအိုဝ်း MP3 သီချင်းတွေကို Microsoft ရဲ့ Internet Explorer ရော Mozilla ရဲ့ Firefox မှာပါ အလုပ်ကောင်းကောင်းလုပ်မယ့် MP3 Player Plugin ရှာရတော့မယ်ပေါ့။ ရှာလို့တွေ့ပေမယ့် ဖရီးပေးတာတွေက အသုံးပြုလို့ သိပ်အဆင်မပြေချင်ဘူး။ အမျိုးမျိုး စမ်းကြည့်ဖူးတယ်။ musicbox, 8tracks, mixpod တွေ စုံလို့ဗျာ စမ်းတာ .. စိတ်ကြိုက်မတွေ့ဘူး။ သီချင်းဖွင့်လို့ရတယ် ဒါပေမယ့် Restriction တွေက ခပ်များများ ဆိုတော့ ဆက်လို့ရှာတုန်းပေါ့ဗျာ။

Visitor များထဲမှ MP3 Plugin ကောင်းကောင်းလေး တွေ့ရင် ပြောပြပါအုံးဗျာ။ အကြံပေးပါအုံးဗျို့။ :D ကျေးဇူးတင်ပါတယ်။ မကြာခင်တော့ MP3 Player ကောင်းကောင်းတစ်ခု တွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။