Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

တောင်ကြီး

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကြီးဟာဆိုရင် ဆင်နွဲကျင်းပဖို့ နီးလို့လာပါပြီ။ ပွဲတော်ရက်တွေကတော့ (၁၄-၁၁-၂၀၁၀) မှ (၂၂-၁၁-၂၀၁၀) နေ့အထိလို့ သိရပါတယ်။ မီးပုံးပုံလွှတ်တင်ကြမယ့် အဖွဲ့တွေကလည်း မီးပုံးပျံတွေကို အပြိုင် လုပ်ဆောင်နေကြပြီး စမ်းသပ် နေကြရောပေါ့ဗျာ။ အဲဒီလိုပဲ ကျနော်တို့ရဲ့ အဝေးရောက် တောင်ပေါ်သားများလည်း ပွဲတော်ကြီးကို ဆင်နွဲဖို့ ပြန်မယ့်သူတွေကပြန် ပြီးတော့ မပြန်နိုင်တဲ့ ကျနော့်လို ဘော်ဒါတွေလည်း ရှိမှာပေါ့။ ဒီတော့ အလွမ်းပြေလေး သီချင်းနားထောင်ပြီးတော့ ဆင်နွဲတာပေါ့ဗျာ။ ဘယ်တတ်နိုင်မလဲနော .. အခြေအနေ မပေးလေတော့ သီချင်းနဲ့ပဲ နှစ်သိမ့်ပြီး အလွမ်းကို ဖြေရတာပေါ့လေ .. မဟုတ်ဘူးလားဗျာ။

တန်ဆောင်တိုင် သီချင်းတွေကို ကျနော်ဒီမှာ စုစည်းပြီးတော့ တင်ပြလိုက်ပါတယ်။ ကျနော်စုမိသမျှ အသစ်ရော အဟောင်းရော ပေါ့ဗျာ။ Download Link ကို အောက်နားမှာ တင်ထားပေးပါတယ်။ Online မှာတိုက်ရိုက် နားဆင်ချင်ရင်တော့ <Continue Reading>မှာနှိပ်လိုက်ပါ။

မီးပုံးပျံပုံအချို့ကို ဒီမှာပြန်တင် ပေးလိုက်ပါတယ်။ ပုံထဲမှာ ပါတဲ့ မီးတွေကတော့ (1) အာလူး (ခေါ်) နွေ;ဒီ;မီး (2) ပအိုဝ်;သွီ;မီးနဲ့ (3) ပေတူး (ခေါ်) ဗော့,လဲ့,မီး တို့ပဲဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

ရေထုညစ်ညမ်းခြင်း

          ဤကမ္ဘာမှလွှဲ၍ အခြားဂြိုလ်များတွင် ရေမရှိ။ ကမ္ဘာ၏ (၇၅) ရာခိုင်နူန်းသည် ရေထုဖြင့် ဖုံးလွှမ်းသကဲ့သို့ လူ့ခန္ဓာ၏ (၇၁) ရာခိုင်နူန်းလည်း ရေဖြင့်ဖွဲ့စည်းထားသည်။ ရေသည်လူသားအတွက် အဖိုးအတန်ဆုံးသော အရင်းအမြစ်ဖြစ်သည်။ လူသား၏ ကျန်းမာခြင်း မကျန်းမာခြင်းကို အဓိကဖန်တီးပေးနေသည်မှာလည်း ရေပင်ဖြစ်သည်။ အပင်များ တိရစ္ဆာန်များသည် ရေကိုမှီ၍ အသက်ရှင်ကြရသည်။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးစီ၏ အဆုံးစွန်သော ဖွံ့ဖြိုးတိုးတက်မူကို စည်းကမ်းကလနား သတ်မှတ်ထားသော နယ်နိမိတ်သည် ရေပင်ဖြစ်သည်။ ကမ္ဘာသည် ရေငံ (၉၉) ရာခိုင်နူန်းကျော်ရှိသော်လည်း ရေချိုမှာမူ (၀.၁) ရာခိုင်နူန်းသာရှိသည်။

ပြောင်းဖူးတစ်ဖူးရရန် ရေဂါလံ (၅၀)လိုသည်။ ပေါင်မုန့်တစ်ချပ်ရရန် ရေ (၃၇) ဂါလံလိုသည်။ အာလူးတစ်နှပ်စာရရန် ရေ(၁၄၀၀)ဂါလံ လိုသည်။ အမဲသားတစ်ပေါင်ရရန် ရေဂါလံ (၁၆၀၀)လိုသည်။ ဂျုံတစ်တန်ရရန် ရေဂါလံ (၄၄၀၀၀) လိုသည်။ စိုက်ပျိုးရေးလုပ်ငန်းမှ ရေကိုအဆမတန်သုံးစွဲလာကြသည်။ ရေတွင်နိုက်ထြိတ်များ၊ အာဆင်းနှစ်များ၊ ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ၊ အနုမြူဓာတ်ပြာများ၊ ဓာတ်ဆိုးဆေးများ၊ ပြဒါးရည်များ၊ ကက်ဒမီယံဓာတ်များ၊ ကော့စတစ်များ၊ ရေနံယိုဖိတ်မူများ၊ အမှိုက်၊ အညစ်အကြေးများစွာ ပျော်ဝင်လျက်ရှိသည်။

မြေအောက်ရေထုတ်ယူသုံးစွဲမူ နှစ်ဆတိုးလာသည်။ မြစ်ရေများ ပင်လယ်မရောက်မီ ရေများခမ်းခြောက်သွားနိုင်သည်။ စွန့်ပစ်ရေကို နည်းအမျိုးမျိုးကြံဆ၍ ရေသန့်ရရန် ငွေကုန်ကြေးကျ များစွာကုန်နေရသည်။ ရေချိုရေသန့်များ မဆုံးရှုံး မကွယ်ပျောက်စေရန် လူသားတိုင်း အသိတရားဖြင့် အလေးထား ဆောင်ရွက်ကြရန် လိုပါသည်။

၁၉၉၁-ခုနှစ် ဧပြီလတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)သည် ငြိမ်းချမ်းရေးရယူပြီး အချိန်မှာစ၍ မွေတော်ကက္ကူဘုရားကို အထူးအလေးထားပြီး ပြုပြင်ထိန်းသိမ်းခဲ့ရာမှ မြန်မာနိုင်ငံသာမက ကမ္ဘာအရပ်ရပ်သို့ တိုင်အောင် လူသိများ လာခဲ့သည်။ ယင်းသို့ ကမ္ဘာအရပ်ရပ်မှ လူသိများပြီး စိတ်ဝင်စားမှုများ လာသည့်အတွက် မွေတော်ကက္ကူ ဘုရားကို မိရိုးဖလာ ထုံးစံအတိုင်း ပြုပြင်ထိန်းသိမ်းရာတွင် ပြည့်စုံလုံလောက်မူ မရှိတော့သည်ကို တွေ့ရှိရသည်။

ခေတ်ကာလနှင့်အညီ ပြုပြင်ထိန်းသိမ်း မွမ်းမံနိုင်ရန် လိုအပ်လာသည်။ သို့ဖြစ်၍ ၁၃၆၁-ခုနှစ်၊ ၀ါခေါင်လဆုတ် (၂)ရက်နေ့ ၊ ၂၀၀၀-ခုနှစ်၊ သြဂုတ်လ (၁၆)ရက်၊ ဗုဒ္ဓဟူးနေ့တွင် တောင်ကြီးမြို့ အရိယ၀ံသ မြို့ဦးဓမ္မာရုံကျောင်းတိုက်တွင် ပဏာမ အစည်းအဝေးကို ကျင်းပပြီး မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့(မူကြမ်း) ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၃၆၂-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၆)ရက် (၃၀-၉-၂၀၀၀) စနေနေ့ တောင်ကြီးမြို့နယ် သီရိမင်္ဂလာ၊ ၀င်းယကျောင်း၌  မွေတော်ကက္ကူဘုရား သြ၀ါဒစရိယ ဆရာတော်များနှင့် ဂေါပကအဖွဲ့၏ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေး၌ ဂေါပကအဖွဲ့ကို ဖွဲ့စည်း အတည်ပြု ခဲ့ပါသည်။

(ဆက်ရန်) ————->

ဖန်လုံအိမ်အာနိသင်များလာခြင်း

ဖန်လုံအိမ်ဟူသည် အဆောက်အဦးကို အမိုးအကာအားလုံး ဖန်သားဖြင့် ပြုလုပ်ထား၍ ပြင်ပနေ၏ အလင်းရောင်ကို ပိုမိုရရှိစေသည်။ ပြင်ပမှဝင်လာသော အပူဓာတ်ကို ပြန်မထွက်နိုင်ရန် ထိန်းထားနိုင်ခြင်းကို ဖန်လုံအိမ်အာနိသင်ဟုခေါ်သည်။ ဟော်လန်နိုင်ငံသည် ဖန်လုံအိမ်အတွင်း ဟင်းသီးဟင်းရွက် ပန်းမျိုးစုံစိုက်ပြီး ရောင်းချ၍ ချမ်းသာသော နိုင်ငံဖြစ်သည်။ ကမ္ဘာကို လွှမ်းမိုးထားသော လေထုတွင် နိုက်ထရိုဂျင် (၇၈)ရာခိုင်နူန်း၊ အောက်စီဂျင်(၂၁)ရာခိုင်နူန်းနှင့် အခြားဓာတ်များ အနည်းငယ်စီသာ ပါဝင်သည်။

သို့သော် ထိုအနည်းငယ်သော ဓာတ်များသည် နေ၏ အပူစွမ်းအင်ကို ထိန်းနိုင်စွမ်းရှိသည်။ ထိုထိန်းနိုင်သော သတ္တိကြောင့် ကမ္ဘာကြီးပူနွေး၍ အပင်နှင့်သတ္တ၀ါများ အသက်ရှင်နိုင်ကြသည်။ လေထုတွင်ပါဝင်သည့် ဓာတ်ငွေ့ အချို့၏  အပူဓာတ်ကို စုပ်ယူထားနိုင်မှုသည် ဖန်သားပြင်ဖြင့် ပြုလုပ်ထားသော ဖန်လုံအိမ်၏ အာနိသင်နှင့် ဆင်တူသည်။ သုတေသနပညာရှင် များက ကမ္ဘာမြေကြီးတဖြည်းဖြည်း ပူနွေးလာခြင်းကို ရည်ညွှန်း၍ ကမ္ဘာကြီးသည် ဖန်လုံအိမ်အာနိသင် တစ်နေ့ထက်တစ်နေ့ ပိုမိုခံစားနေရသည်ကို သတိပြုမိ ခဲ့ကြသည်။

တစ်ကမ္ဘာလုံး တောမီးလောင်ခြင်း၊ တောမီးရှို့ခြင်း လူသုံးစက်ရုံသုံး လောင်စာများကြောင့် နှစ်စဉ်လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် တန်သန်းတစ်ထောင်မှ နှစ်ထောင့်ငါးရာအထိ နှစ်စဉ်လွှတ်ပေးနေကြောင်း သိရသည်။ လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် မတိုးပွားလာစေရန် လေထု မညစ်ညမ်းစေရန် လူသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။

လူသားသည် သဘာဝပတ်ဝန်းကျင်၏ တစ်စိပ်တစ်ဒေသ မကပဲ သဘာဝပတ်ဝန်းကျင်ကို မှီခိုကာ အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ရှိ ရေ၊ လေ၊ မြေ၊ အပူချိန်၊ အစားအစာ၊ အ၀တ်အထည်၊ နေစ၇ာအိမ်၊ အသုံးအဆောင် ပစ္စည်းမျိုးစုံတို့ကို သုံးစွဲ၍ အသက်ရှင် နေကြရသည်။

မြန်မာနိုင်ငံ၏ ဧရိယာ စတုရန်းမိုင် (၂၆၁၂၈၈)အနက် (၅၇)ရာခိုင်နှုန်းသည် သစ်တောများဖြင့် ဖုံးလွှမ်းခဲ့သည်။ ကြိုးဝိုင်းသစ်တော (၁၅)ရာခိုင်နှုန်းနှင့် ကြိုးပြင်သစ်တော (၄၂)ရာခိုင်နှုန်း ဖြစ်သည်။ သစ်တော အမျိုးအစား (၁၁)မျိုးရှိသည်။ သစ်ပင်အမျိုးပေါင်း (၇၀၀၀)ကျော်ရှိသည်။

ရှမ်းပြည်နယ်သည် သစ်တောဧရိယာ အများဆုံးရှိသောပြည်နယ် ဖြစ်၍ ဧရိယာ စတုရန်းမိုင် (၄၅၀၅၀)ရှိသည်။ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သယံဇာတများကို ခေတ်မှီစက်များဖြင့် မြန်မြန်များများ ထုတ်ယူသုံးစွဲနေကြ၍ သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးကြရသည်။

အိုဇုန်းလွှာပေါက်ခြင်း၊ ဖန်လုံအိမ် အာနိသင် တိုးလားခြင်း၊ သစ်တောပြုန်းတီးခြင်း၊ အပူအအေး လွန်ကဲခြင်း၊ မုန်တိုင်းထန် ရေကြီးခြင်း၊ မြေဆီလွှာခန်းခြောက်ခြင်း၊ သောက်သုံးရေ ရှားပါးခြင်း၊ လေထုညစ်ညမ်းခြင်း၊ သစ်ပင်နှင့် တိရစ္ဆာန်များ မျိုးတုံးလားခြင်း စသည့် အန္တရာယ်များစုံ ကြုံတွေ့နေရသည်။ သစ်တော ပါရဂူများက တိုင်းပြည်တစ်ပြည် သဘာဝအန္တရာယ်များ ကာကွယ်နိုင်ရန် သစ်တောထွက်ပစ္စည်း အတော်အသင့်ရှိသည့် သစ်တောကြိုးဝိုင်း (၂၅) ရာခိုင်နှုန်း ရှိရန်လိုအပ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

ကျနော်တို့ ၂၀၀၈ ခုနှစ်တုန်းက တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားနေ့မှာ ကိုဇော်ဝင်းထွဋ် ဆိုသွားပေးတဲ့ (စည်လုံးခြင်းအတွက် သီချင်းတစ်ပုဒ်) ဆိုတဲ့ သီချင်းကို တင်ပြသွားမှာ ဖြစ်ပါတယ် .. ။ Live ဖြစ်တဲ့အတွက် သီချင်း Quality နဲနဲအဆင်မပြေ ဖြစ်ချင်ဖြစ်မယ်ဗျ။ ဒါပေမယ့် ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာအိုးစည်သံလေးနဲ့ ဆိုထားတဲ့အတွက် မိုက်တယ်ဗျ .. ။ နားဆင်ကြည့်ပါအုံး ခင်ဗျာ။

အပြည့်အစုံနဲ့ ဗီဒီယို Version ကိုကြည့်ချင်ရင်တော့ >ဒီမှာနှိပ်လိုက်ပါ< … ။ ကျနော့် Youtube နဲ့ ချိတ်ထားပေးပါတယ်ဗျ။

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

            

 

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နယ်၌၊ ကက္ကူကျေးရွာအုပ်စု၊ ကက္ကူကျေးရွာတွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားသည် ဒေသခံတိုင်းရင်းသား လူမျိုးများသာမက မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများ ကမ္ဘာလှည့် ခရီးသည်များပါ စိတ်ဝင်စားပြီး လာရောက်ဖူးမြော် နေကြသော ဘုရားဖြစ်သည်။

မွေတော်ကက္ကူဘုရားသည် ဘီစီ (၂၆၈)အတွင်း ကမ္ဘာပေါ်တွင် အထင်ရှားဆုံး မင်းတစ်ပါးဖြစ်တော်မူသော မဂဓတိုင်း၊ ပါဋလိပုတ်ပြည်၊ မောရိယ မင်းဆက်ဖြစ်သော ဒေ၀ါနံပိယတိဿ ဘွဲ့ရသည့် သီရိဓမ္မ သောကမင်း၏ ကိုးတိုင်းကိုးဌာန သာသနာပြုချိန်မှစပြီး ယနေ့ထိတိုင်အောင် ကိုးကွယ်ပူဇော်လာခဲ့ကြသည့် ဘုရားတစ်ဆူ ဖြစ်ပါသည်။

၂၀ရာစု နှစ်များအတွင်း မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့ကို ဖွဲ့စည်းကာ ဆရာတော်ကြီးများ၏ သြ၀ါဒကို ခံယူပြီး ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် တန်ဆောင်မုန်းလပြည့်နေ့နှင့် တပေါင်းလပြည့်နေ့များတွင် နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဇနိယ ပွဲတော်များကိုလည်း ကျင်းပလျက်ရှိသည်။

ရဟန္တာသိမ်တော် ——>

လူ့လောကတွင် ပစ္စုပ္ပန်နှင့်သံသရာ နှစ်ဖြာသော စီးပွားချမ်းသာအတွက် ဗုဒ္ဓသာသနာတော် အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲဖို့ လိုသည်။ သာသနာပြုလုပ်ငန်းမှာ သံဃာတော်များသည် ဦးစီးဦးဆောင်များ ဖြစ်ကြပါသည်။ ရဟန်းသံဃာတော်များ စဉ်ဆက်မပြတ်တည်ရှိနေရန် ဥပသမ္ပဒကံဆောင် ရဟန်းခံရာသိမ်သည် မရှိမဖြစ် အရေးကြီးလှပေသည်။ သိမ်မရှိပါက ရဟန်းခံ ဥပသမ္ပဒ ကံမြောက်နိုင်ခြင်း မရှိသောကြောင့် ရဟန်းသံဃာ ပြတ်လပ်သွားနိုင်ပါသည်။ ဦးဆောင်ရဟန်းသံဃာကင်းမဲ့ခဲ့ပါလျှင် ဗုဒ္ဓသာသနာတော်သည်လည်း လူ့လောကမှ ကွယ်ပျောက်သွားနိုင်သည်။

ဤအနာဂတ်အရေးကို မြော်တွေး၍ မဇ္ဈိမဒေသမှတစ်ပါး အခြားသော အစွန်းအဖျားကျသည့် ပစ္စန္တရာဇ် အရပ်ဒေသမှာ သိမ်သမုတ်ခြင်း စသော သံဃကံများ အောင်မြင်ပြီးမြောက်စွာ ဆောင်ရွက်နိုင်ရန် တတိယသင်္ဂါယနာတင်အပြီး ကိုးတိုင်းကိုးဌာန သာသနာပြုရာမှ ရှင်မဟာမောဂ္ဂလိ ပုတ္တဿမထေရ်နှင့် အသောကမင်းတရားကြီးတို့က သုဝဏ္ဏဘူမိသို့ သောဏမထေရ်နှင့် ဥတ္တရမထေရ်အမှူးရှိသော သံဃအဖွဲ့ငါးပါးကို အမြော်အမြင်ကြီးစွာ စေလွှတ်တော်မူခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်