အကြိုက်ဆုံး တေးသီချင်း (ခွန်သာဒွန်း)
Post ခေါင်းစဉ်ကို အကြိုက်ဆုံးတေးသီချင်းလို့ အမည်ပေးရတဲ့ အကြောင်းအရင်းက ဒီလိုရှိပါတယ်။ ခွန်သာဒွန်းဟာ သီချင်းရေးဆရာ တစ်ဦး (သို့) ဂီတမှူး တစ်ဦးဖြစ်ပြီး တေးသီချင်း အရေးအသားတွေမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သော မျိုးချစ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်လို့ အဖိုးအဖွား၊ မိဘများထံမှတစ်ဆင့် ကြားသိလေ့လာ ဖူးပါတယ်။ ခွန်သာဒွန်း၏ ရေးသားချက် ပြောင်မြောက်မှုကို သီချင်းနားဆင် ခံစားဖူးသူတိုင်း ထင်ရှားစွာ သိမြင်နိုင်ပါတယ် .. ။ ကျနော်တို့ရဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး ခွန်သာဒွန်းဟာဆိုရင် ကံမကောင်းစွာ ကွယ်လွန်သွားခဲ့ပေမယ့် ပအိုဝ်းလူမျိုးတိုင်းရဲ့ နှလုံးသားမှာ ယနေ့တိုင်အထိ ရှင်သန်ဆဲ ဖြစ်တယ်ဆိုတာ စာရေးသူ ပြောနေဖို့တောင် မလိုဘူးထင်ပါတယ်။

စာရေးသူငယ်စဉ်ဘ၀မှ ယနေ့တိုင်အထိ အကြိုက်ဆုံး ပအိုဝ်းတေးသီချင်းခွေကို ပြောပြပါဆိုခဲ့လျှင် (ခွန်သာဒွန်း) ရေးသားခဲ့တဲ့ (နွိုးဟွမ်တာ;သေ; ဝေးခွန်ဗွေ;) ဆိုတဲ့ တေးသီချင်းခွေပဲ ဖြစ်တယ်လို့ ဖြေကြားမိမှာ အမှန်ပါပဲခင်ဗျာ။ ခေတ်ရေစီးကြောင်းအရ တေးသီချင်းသစ်များစွာ ထွက်ပေါ်လာပေမယ့် ခွန်သာဒွန်းရဲ့ တေးသီချင်းများဟာ Still Unique ပါပဲ။
အဲဒီအတွက်ကြောင့် ကျနော် (အကြိုက်ဆုံး တေးသီချင်း) ခေါင်းစဉ်နဲ့အတူ တေးသီချင်းခွေ တစ်ခွေလုံးရဲ့ MP3 ကို ခွန်ပအိုဝ်းမှာ ညီအစ်ကိုများ တိုက်ရိုက်နားဆင်နိုင်အောင် မျှဝေဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါပဲ .. ။ နားဆင် ခံစားကြည့်ပါအုံး ခင်ဗျာ .. ။ Enjoy !!!!
သီချင်းများကို Download လုပ်ရန် - ဒီမှာနှိပ်ပါ - ။ သီချင်းနာမည်များကို နံပါတ်အစဉ်လိုက် ပေးထားပါတယ်။ Windows အသစ်တစ်ခု ပေါ်လာတဲ့အခါ မိမိလိုချင်သော သီချင်းနံပါတ် အပေါ်တွင် (Right-Click —> Save Target As) ဆိုရင် ရသွားပါပြီ။ Download အဆင်မပြေမှုရှိပါက Comment ချန်ခဲ့နိုင်သလို admin@khunpaoh.com သို့လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ပအိုဝ်း MP3 နှင့် VCD များကို အဓိက လိုက်လံ စုဆောင်းကူညီပေးသော အဆိုတော် နန်းမိုးမိုးစံ – ဦးကြီးခမ်းရပ် အား၊ အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။ ခွန်လှမောင် - ၀စ်စံထွန်းဈေးမှ သီချင်းများအတွက်လည်း .. ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ပါတယ်။
» Facebook မှာ Share ရန်နှိပ်ပါ »











I want to listen Khun Tar Doon song.
Please sent me my gmail.
Thank you so much.
Please check your e-mail. I just sent with attachments, thank you for your visit.
hi bro, how do i download these songs! could u spare some time to teach me pls?
Hi bro, please find the download link above which I just updated recently, please do let me know if you have any problem in downloading. Thank you.
ဒေါင်းငေါဝ်းသချင်.မွော.တလတောဝ်းနဲး
I want to listen paoh soung please send me
thanks