Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

ပအိုဝ်းတိုင်းရင်းသားများသည် ပဒေသရာဇ် အုပ်စိုးသူ လူတန်းစား၏ ဖိနှိပ်ညှဉ်းပန်းမှုနှင့် အခွန်အတုတ် မတရားအတင်း အဓမ္မကောက်ခံမှုများကြောင့် ၄င်းတို့နှင့် ကင်းဝေးရာ တောင်ပေါ်ဒေသများတွင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ပင်ကိုစရိုက်အနေဖြင့် မိမိ၏ စားဝတ်နေရေးအတွက် လွတ်လပ်စွာ ပရိယေသန ရှာမီးလိုမှု စိတ်ဓာတ်အပြည့်ရှိကြသည်။ ပဒေသရာဇ်စနစ် ပပျောက်ပြီး ပအိုဝ်းများ တောင်ပေါ်ဒေသတွင် အတည်တကျ နေထိုင်လာကြသကဲ့သို့ မြေပြန့်ဒေသများသို့ဆင်း၍ လယ်ယာလုပ်ငန်း လုပ်ကိုင်အသက်မွေး ဝမ်းကြောင်း ပြုလာကြသည်။ ပအိုဝ်းများ၏ စိတ်နေသဘောထားများမှာ ရိုးသားမှုကို အရင်းခံကြသည်။ ပအိုဝ်းစကားပုံတစ်ခုက ‘ကုန်းမြင့်လျှင် ရေမတင်၊ ဂုဏ်မြင့်လျှင် လူမခင်’ ဟု ဆိုပေသည်။ ပအိုဝ်းများသည် အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ တပြေးညီစွာ တန်းတူရည်တူ ဆက်ဆံကြသည်။ ဓနဂုဏ်၊ ငွေဂုဏ်၊ ပညာဂုဏ်မောက်ခြင်းများ မရှိသလောက် နည်းပါးကြောင်း တွေ့ရသည်။

ပအိုဝ်းများသည် ပင်ကိုဗီဇအားဖြင့် ရိုးသား၍ နိုးကြားကာ ကြိုးစားကြသည်။ ပွင့်လင်းခင်မင် တတ်ကြသည်။ မိမိတို့အချင်းချင်းနှင့်ဖြစ်စေ အခြား ညီအစ်ကို တိုင်းရင်းသားများနှင့်ဖြစ်စေ၊ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပြေပြေလည်လည် ဆက်ဆံတတ်ကြသည်။ မြန်မာ့စွယ်စုံကျမ်းတွင် “ပအိုဝ်းတိုင်းရင်းသားများသည် ကိုယ်လက်ကြံ့ခိုင်သည်၊ သတ္တိရှိသည်၊ အေးဆေးစွာ နေထိုင် တတ်သည်။ ရှက်ကြောက်ခြင်း။ တည်လွန်းခြင်း အလျဉ်းမရှိ၊ ဖော်ရွေလှ၍ လွယ်ကူစွာပေါင်းသင်း ဆက်ဆံနိုင်သော တိုင်းရင်းသား” ဟုရေးသားထားပါသည်။ ပအိုဝ်း အမျိုးသားရော အမျိုးသမီးများပါ လုံ့လဝီရိယ ရှိကြပြီး အလုပ်ကို အားသွန်ခွန်စိုက်လုပ်ကိုင် အသက်မွေးကြသည်။

ပအိုဝ်းများသည် စကားပြောရာတွင် စကားတန်ဆာဆင်လေ့ မရှိ၊ လိုရင်းကို တဲ့တိုးပြောတတ် ကြသည်။ ရောက်ရှိလာကြသော ဧည့်သည်များအား ပွင့်ပွင့်လင်းလင်း ခရီးဦးကြိုပြု၍ ဧည့်ဝတ်ကျေပွန်တတ်ကြသည်။ ပအိုဝ်းဘာသာစကား တတ်ကျွမ်းလျှင် ပအိုဝ်းရိုးရာ ဟာသ ပုံပြင်များကို အရသာခံရင်း ပအိုဝ်းများ၏ သဘာဝမူရင်းစိတ်ဓာတ်၊ ဖော်ရွေမှုများ ပို၍သိရှိ လာနိုင်သည်။ အပေါ်ယံပြင်ပတွင် အဝတ်မဲများ ဝတ်ထားကြသော်လည်း အတွင်းစိတ် သဏ္ဍာန်တွင်ကား အဖြူချည်းသာ တွေ့မြင်နိုင်ပါသည်။ ပအိုဝ်းများသည် ထေရ၀ါဒ ဗုဒ္ဓဘာသာကို ရှေးပဝေသဏီ နှစ်ပေါင်းများစွာကပင် ယုံကြည်စွာ ကိုးကွယ်လာခဲ့ကြသည်။ ဘုရား၊ တရား၊ သံဃာကို အထူးကြည်ညိုလေးစားကြသည့်အလျောက် ပအိုဝ်းကျေးရွာများတွင် တိုက်ကျောင်း ကြီးများ၊ သစ်သားကျောင်းကြီးများကို ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်လှူဒါန်းကြသည်။ ဗုဒ္ဓ၏ သားသမီးများဖြစ်ကြသည့် အားလျှော်စွာ အကြင်နာတရားများ မေတ္တာတရားများဖြင့် ပြည့်ဝနေကြကြောင်း တွေ့ရပါသည်။

4 Responses to စိတ်နေသဘောထားများ

  • khunhlatun says:

    ကျွန်တော်ကတောင်ကြီးမြိုနယ်…ရွာကိုမပြန်ရတာတော်တော်ကြာ်နေပြီ အခုလိုအစ်ကိုရဲဓါတ်ပုံတွေကိုတွေရတောရွာလေးကိုရောက်သွာတဲ့အတိုင်းပါပဲ……

      (Quote)

  • khunhlatun says:

    အရမ်းကိုကျေးဇူးတင်ပါတယ်.အစ်ကို အခုလိုတင်ပေးဒါကို

      (Quote)

  • KhunLazer says:

    Thanks for your comments brother.
    Please come and visit again..

    Regards,
    @KhunLazer@

      (Quote)

  • I am glad to read the history about that. This is the first time for to have a good opportunity to study about that. So far i just want to know more. i am sure that i gonna suggest what we have to update.

    thank you.

      (Quote)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Spam protection by WP Captcha-Free