Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

ပအိုဝ်းတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာ စတင်ထွန်းကားရာ သုဝဏ္ဏဘူမိသထုံပြည်မှ ရှမ်းကုန်း ပြင်မြင့်သို့ ရောက်ရှိပြီး ဗုဒ္ဓဘာသာ မျိုးစေ့ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်။ ပအိုဝ်းအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ အနည်းငယ်မျှသာ ခရစ်ယာန် ဘာသာကို ကိုးကွယ်ကြသည်။ ကြီးကျယ်ခမ်းနားသော ဘုန်းတော်ကြီးကျောင်းများကို ကျေးရွာတိုင်းတွင် တွေ့ရသည်။ ဘုရား၊ ကျောင်းကန်၊ ဇရပ်စသော သာသနာရေးဆိုင်ရာ အဆောက်အအုံများကို မိမိချွေးနည်းစာလုပ်အားခမှ စုဆောင်းထားသော ငွေကြေးများဖြင့် ဆောက်လုပ်လှူဒါန်းကြသည်။

ပအိုဝ်းရွာတိုင်းတွင် ရွှေရောင်တဝင်းဝင်းရှိသော ဘုန်းတော်ကြီးကျောင်းများကို ခမ်းနားစွာ တွေ့မြင်ရသည်။ စေတီဘုရားပုထိုးများလည်း တင့်တယ်စွာ ဖူးတွေ့ရသည်။ အခါကြီးရက်ကြီး၊ လပြည့်လကွယ်၊ ဝါတွင်းသုံးလ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ် အခါသမယများတွင် ဘုန်းတော်ကြီးကျောင်းနှင့် ဇရပ်များ၌ သီတင်းသီလ ဆောက်တည်သူများ ပြည့်ကျပ်၍ နေတတ် ပါသည်။ ရဟန်းသံဃာဘုန်းတော်ကြီးများကို အထူးကြည်ညိုလေးစားကြကာ တရားတော်များကို လေးစားစွာ နာယူသည့်အပြင် ဗုဒ္ဓဝေယျာဝစ္စ၊ ဓမ္မဝေယျာဝစ္စ၊ သံဃာဝေယျာဝစ္စများကို အထူးကျေပွန်တတ်ကြသည်။

ပအိုဝ်းအိမ်တိုင်းတွင် ဘုရားကျောင်းကို တရိုတသေ ပြင်ဆင်ထားကြသည်။ နေ့စဉ် နံနက်တိုင်း ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူဒါန်းကြသည်။ လယ်ယာလုပ်ငန်းခွင် မဝင်မီ ဘုရားဝတ်ပြုကြသည်။ အိမ်လည်လာသော ဧည့်သည်များသည် အိမ်ပေါ်ရောက်သည်နှင့် ဘုရားကို ဦးစွာဝတ်ပြုပြီး မှသာလျှင် လာရင်းကိစ္စကို တိုင်ပင်ဆွေးနွေး လေ့ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားများသည် အခြားဘုန်းရှင်၊ တန်ခိုးရှင်များကို ယုံကြည်ကိုးကွယ်သည့် အလေ့မရှိ။ ဗုဒ္ဓဘုရားကိုသာလျှင် အလေးထားကိုးကွယ်ကိုင်းရှိုင်းတတ်ကြသည်။ ဘုရားဟော ဒေသနာတော်များကို လိုက်နာ ကျင့်သုံးကြသည်။

မိမိ၏ စီးပွားရေး အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဖြစ်သည့် လယ်ယာလုပ်ငန်းများ လုပ်ဆောင်ရာ တွင်လည်း ဘာသာရေးကို ပစ်ပယ်ထားခြင်းဖြင့် အကျိုးကျေးဇူးများ ဆုတ်ယုတ်သွားနိုင်သည်ဟု ယုံကြည်ကြသည်။ ကျေးရွာရှိရွာသားတိုင်း ဘာသာရေးကို ရိုသေကိုင်းရှိုင်းသူများဖြစ်ကြပြီး၊ ဘာသာအယူဝါဒအပေါ် တိမ်းစောင်းသွေဖီစေသည့် အတွေးအခေါ် အယူအဆမျိုးကို လုံးဝ လက်မခံကြပေ။ ကျေးရွာများတွင် လုပ်ငန်းခွင်ပြီး၍ ကျင်းပသည့်ပွဲလမ်းသဘင်သည်လည်း ဘာသာရေးဆိုင်ရာ ပွဲလမ်းအခမ်းအနားများသာ ဖြစ်ကြသည်။ ဗုဒ္ဓကို ပူဇော်သည့်ပွဲ၊ ဗုဒ္ဓသားအဖြစ် ခံယူသည့် ရှင်ပြုရဟန်းခံပွဲ၊ ဝါကျွတ်ပွဲ၊ သင်္ကြန်ပွဲများနှင့်အခြား ဗုဒ္ဓကို ရည်စူးသည့် ပွဲများသာ ကျင်းပလေ့ရှိကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Spam protection by WP Captcha-Free