ဒဿမမြောက်လအမည်မှာ ပြာသို၊ ပြာသိုဝ်လ ဖြစ်သည်။ ပအိုဝ်းဘာသာဖြင့် ပြာ;သို; ထင်းများ ခွဲဖြန့်သောလ ဟုဆိုပါသည်။ ပြကို ‘ပျ’ ဟုရေးသေးကြောင်း၊ ပျားကောင်ကို ရည်ညွှန်းကြောင်း ‘သိုဝ်’ မှာစုဆောင်း သိုလှောင်ခြင်း ဖြစ်ကြောင်း ပျားရည်နှင့် ပျားဖယောင်းများ စုဆောင်းသည့်လဖြစ်ကြောင်းနှင့် တစ်ချို့ကလည်း ထင်းမီးသွေးပြာများကို သိုလှောင်ကြသည့်လဖြစ်ကြောင်း ယူဆပြောဆိုကြပါသည်။
ဧကာဒဿမမြောက်လမှာ တပို့တွဲ (တပိုဝ်တွဲ) လဖြစ်ပြီး ပအိုဝ်းဘာသာဖြင့် ‘တဖွိုးတွယ်;’ ဖြစ်ပြီး ထမ်းပိုးဖြင့် ပြာသိုလတွင် ခွဲဖြန့်ထားသော ထင်းများကို အတွဲလိုက် အဆိုင်းလိုက် ထမ်းပိုးသယ်ဆောင်ရသောလ ဟုဆိုပါသည်။
ဒွါဒဿမမှာ တပေါင်, (ခေါ်) တပေါင်းလ ဖြစ်သည်။ ပအိုဝ်းတို့၏ ရာဇ၀င်တွင် “သူရိယစန္ဒာ မဟာဒွတ္တပေါင်” မင်းကြီးသည် အထင်ရှားဆုံးဖြစ်သည်။ သူရိယ (နေမင်း)၊ စန္ဒာ (လမင်း)၊ မဟာ (ကြီးမြတ်ခြင်း/အထူးဖြစ်ခြင်း)၊ ဒွတ်/ဒွိ (နှစ်မျိုး/နှစ်ခု)၊ တပေါင် (ပေါင်းစုံခြင်း/ပေါင်းစပ်ခြင်း) ထို့ကြောင့် နေမင်းနှင့် လမင်းနှစ်ပါး အထူးစုံခိုက် မွေးဖွားခဲ့သောမင်း၏ မွေးလ၊ ကမ္ဘာဦးကာလ နေမင်းလမင်းနှစ်ပါးစုံ ပေါင်းဆုံ ပေါ်ထွန်းခဲ့သော တာကာလ ‘တပေါင်;လာ’ ဟုဆိုလိုပါသည်။ တစ်နည်းအားဖြင့် တပေါင်းကို စဖွေါင်;လာဟုလည်း ခေါ်ပါသေးသည်။ ခြံယာမြေများကို စည်းရိုးမှတ်သား ပိုင်းခြားသည့်လ ဟုဆိုလိုပါသည်။ တပေါင်းလကို ထန်းပင်နှင့် ဆိုင်သည့် အမည်ဖြစ်ကြောင်း ထန်းဖိုပင်များမှ ခံယူရရှိသော ထန်းရည်ကို မီးနှင့်ကျိုချက်ပြီး ထန်းလျက်လုပ်သောလ ဟုဆိုပါသည်။
သို့သော် ပအိုဝ်းတို့၏ ကမ္ဘာအဦးအစ မြေဖြစ်သော တောင်ပေါ်ဒေသအရပ်များဆီသို့ ထိုးဖောက်ဝင်ရောက် လာသော ရှမ်းတိုင်းရင်းသား ညီအစ်ကိုများနှင့် ဆုံတွေ့ ပေါင်းစည်းမှုရှိလာသောအခါ ဆယ့်နှစ်လရာသီ အခေါ်အဝေါ်များတွင် အချို့ကို ရှမ်းလေသံလိုက်၍ ပြောင်းလဲသုံးနှုန်းခဲ့ကြကြောင်း တွေ့ရှိရပါသည်။



အရမ်းကိုအကျိုးရှိတဲ့ပို့လေးပါ။ ကျေးဇူးအရမ်းတင်ပါတယ်…
Thida(Quote)
အလည်လာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း thida
KhunLazer(Quote)
ဒီပို့ အတွက်လည်း ကျေးဇူးပါပဲဗျာ
ပအိုဝ်းလမသိတဲ့အနော်အတွက် ခုတော့ ကျက်ထားဦးမှ
dëcêmbër khüñ(Quote)
ကျွန်တော်တို့လည်း အတူတူပါပဲဗျာ …
အခုတော့ သိခွင့်ရပါပြီ။
KhunLazer(Quote)