Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

ပအိုဝ်း တိုင်းရင်းသားတို့တွင်  ဆယ့်နှစ်ရာသီလုံး ပွဲတော်များ ရှိလေသည်။ ဆယ့်နှစ်ရာသီ ပွဲတော်များအနက် သင်္ကြန်ပွဲ၊ ဝါကျွတ်ပွဲ၊ ကထိန်ပွဲများကိုသာ ခမ်းခမ်းနားနား၊ သိုင်းသိုင်းဝိုင်းဝိုင်း ကျင်းပကြသည်။ အခြားလများတွင်လည်း ရာသီအလိုက် ပွဲတော်များ ကျင်းပကြ၏။

နှစ်သစ်သို့ ကူးပြောင်းချိန်ဖြစ်သော  အတာသင်္ကြန်ရက်များတွင်လည်း ပအိုဝ်းတိုင်းရင်းသား များသည် မြန်မာများနည်းတူ သင်္ကြန်ပွဲတော်ကို နွှဲပျော်ကြသည်။ သင်္ကြန်အကျရက်မှ နှစ်ဆန်းတစ်ရက်နေ့အထိ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ကန်တော့ပွဲများဖြင့် ရွာအတွင်းရှိ သက်ကြီးရွယ်အိုများကို သွားရောက်ကန်တော့ကြသည်။ အသက်အရွယ်မကြီးသော်လည်း ဥပုသ်သီလ ဆောက်တည်ကြသူများကို  အကန်တော့ခံ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကာ ကန်တော့ကြသည်။

သင်္ကြန်အကြိုနေ့တွင် ဘုရားကျောင်းကန်၊ ဇရပ်များသို့ ရွာလုံးကျွတ် သွားရောက်၍ ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီတော်များကို ရေသပ္ပာယ်ကြသည်။ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ ချိုးရေခပ်ပေးခြင်းများ ပြုလုပ်ကြသည်။ ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပာယ်နိုင်ရန် ဘုန်းတော်ကြီး ကျောင်းရှေ့တွင် နေရာသီးသန့်ပြုလုပ်ထားကြသည်။ ထိုပြင် သင်္ကြန်ကာလသုံးရက်အတွင်း မည်သည့်တောင်ယာလုပ်ငန်း၊ စီးပွားရေး လုပ်ငန်းကိုမျှ မပြုလုပ်ကြချေ။ အစားသောက်မှအစ သုံးရက်စာ ကြိုတင် သိုလှောင်ထားကြသည်။ အချို့မှာ သောက်သုံးရေကိုပင် သုံးရက်အတွက် ကြိုတင်ခပ်ထား ကြသည်။

သင်္ကြန်ရက်များအတွင်း မိမိတို့ရွာ၏ ၁ဝမိုင်ပတ်ဝန်းကျင် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များသို့ ကလေးလူကြီးမကျန် အိုးစည်ဗုံမောင်းများတီးကာ သွားရောက်ကန်တော့ကြ သည်။ ဤသို့ ဘုန်းကြီးကျောင်းတက်သည်ကို ပအိုဝ်းဘာသာအားဖြင့် ” ထန်ကျောင် ” ဟုခေါ်၏။ သင်္ကြန်ကျချိန်တွင် မြန်မာများကဲ့သိုပင် ရေပက်သောအလေ့အထ ရှိကြ၏။  အများအားဖြင့် သင်္ကြန်အတက်ရက်တွင် ရေပက်လေ့ ရှိကြသည်။ ဘုရားသွား ကျောင်းတက်သူများ ကိုမူကား မပက်ကြပေ။

ကဆုန်လနှင့် နယုန်လတွင်  ပအိုဝ်းတိုင်းရင်းသားတို့သည် ကုသိုလ်ပြုရန် ဘုန်းတော်ကြီး ကျောင်းသို့ စုပေါင်း၍ သွားလေ့ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်း၍ ဆွမ်းချက်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ဥပုသ်စောင့်သူများကို ထမင်းကျွေးခြင်း  စသည်တို့ကို ပြုလုပ်ကြလေသည်။ ထို့ပြင် ကဆုန်လတွင် ပျော်ရွင်မှုအတွက် ”ပွယ်လုဖိုင်” ခေါ် ဒုံးလွှတ်ပြိုင်ပွဲကို စုပေါင်းဆင်နွှဲကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ကဆုန်လ၊ နယုန်လကို နှစ်သစ်လဟု ယူဆကြ၏။ ထို့ကြောင့် တောင်ပေါ်ရှိ စေတီများတွင် ဆွမ်းလောင်းပွဲကျင်းပကြသည်။ ဆွမ်းလောင်းပြီးလျှင် ”လုဖိုင်”ခေါ် ဒုံးကို ရှို့လွှတ်ကြသည်။ ”ပွယ်လုဖိုင်” ခေါ် ဒုံးလွှတ်ပွဲသည် ပအိုဝ်းတိုင်းရင်းသားတို့၏ ပျော်စရာကောင်းသော ပွဲတစ်မျိုးပင်ဖြစ်၏။ ကဆုန်၊ နယုန်လများတွင် ”ပွယ်ပန်” ခေါ် ရှင်ပြုပွဲကိုလည်း ကျင်းပကြသေး၏။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Spam protection by WP Captcha-Free