Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

အလည်လာသူပေါင်း

Hits

Pages|Hits |Unique

  • Last 24 hours: 634
  • Last 7 days: 4,264
  • Last 30 days: 8,869
  • Online now: 2

ဖွိုင်းဟံ;ခေါ် မြေအိုးများသည်လည်း ကျေးလက်ဒေသနေ ပျူ(ပအိုဝ်း) တိုင်းရင်းသားများ ယနေ့တိုင် အသုံးပြုလျက်ရှိနေသေးသော လက်မှုပညာလက်ရာ ပစ္စည်းများဖြစ်ပါသည်။ မြေအိုးဖြင့် ချက်ပြုတ်သော ထမင်းမှာ ရနံ့ပိုသင်းပြီး ခံတွင်းပိုမြိန်ကြောင်း နှစ်သက်မြတ်နိုးစွာ ခံယူပြောဆိုလေ့ ရှိကြပါသည်။

ပုဂံခေတ်ကောင်းစားစဉ်အခါက ကျန်စစ်သားမင်းသည် မင်းဒဏ်သင့်ကာ ထွက်ပြေးတိမ်းရှောင်လာရင်း လွယ်လုံခေါ် ပင်လောင်းဒေသသို့ ရောက်ရှိခဲ့ကြောင်း၊ သမ္ဘူလတို့ နေထိုင်ရာ တောင်ပေါ်ဒေသ ကျေးတောရွာ အနီးဂူဖြစ်ကြောင်း ကျန်စစ်သားနှင့် သမ္ဘူလတို့ ချစ်ကြိုးနှောင်တွယ်ပြီး အတူနေ လက်ထပ်ခဲ့ကြကြောင်၊ ကျန်စစ်သား၏ ယောက္ခမက တောင်ယာအလုပ် စိုက်ရေးပျိုးရေးမလုပ်ဘဲ ပျင်းရိနေသော ကျန်စစ်သားအား ငြူစူပြောဆိုကြောင်း ကျန်စစ်သားက လှံဖြင့် ဝှေ့ကာ ဆူးဖျမား ဖန်တီးခဲ့ရာ ယနေ့တိုင်မပျက်မစီး တည်နေသေးကြောင်း ပုဂံပြည်သို့ ကျန်စစ်သားပြန်သွားကြောင်း၊ မင်းအဖြစ်သို့ ရောက်သောအခါ ပုဂံသို့လိုက်ပါသွားကြရာ နန်းတွင်းအမှုထမ်းတို့က ရွှေပန်းကန် ရွှေခွက် ရွှေလင်ပန်းများ စသည်ဖြင့် ခမ်းနားကြီးကျယ်စွာ ပြုစုဧည့်ခံသော်လည်း ရွှေများဖြင့် အသုံးမပြုလို မြေကိုသာ လက်ညိုးညွှန်လျက် မြေခွက် မြေအသုံးအဆောင်များဖြင့်သာ ဧည့်ဝတ်ကို ခံယူခဲ့ကြကြောင်း နေထိုင်စရာ မြေကိုသာ သတ်သတ်မှတ်မှတ် ဆောင်ရွက် ပေးရန် တောင်းဆိုခဲ့ကြကြောင်း ကျန်စစ်သားမင်းနှင့် တောင်ပေါ်သားပအိုဝ်းများမှာ လက်ရည်တစ်ပြင်တည်း နေထိုင် စားသောက်ခဲ့ကြကြောင်း ပြောင်းထမင်းနှင့် ခရုဟင်းကို အမှတ်သညာပြုခဲ့သည်အထိ သမိုင်းစကား ထင်ရှားရှိခဲ့ပါသည်။

မြေအိုးမြေခွက်များကို ယနေ့တိုင်ထုတ်လုပ် ရောင်းချနေသေးသော ကျေးရွာမှာ ကလောမြို့နယ် အတွင်းအပါအ၀င် အောင်ဘန်း ဟဲဟိုးနယ်ရှိ သရက်ပု ကျေးလက်အနီးဒေသ ဖြစ်ပါသည်။ ထိုဒေသမှ အိုးများကို တောင်ကြီးဈေးသို့တင်မက စဥ့်ဟယ်၊ ဆည်လဲစသော ကျေးရွာကြီးများသို့ တိုင်အောင်သွားရောက် ရောင်းချနေသေးသည်ကို တွေ့ရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>