Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

သမိုင်းကြောင်းဆိုသည်မှာ ရာဇ၀င်မဟုတ်၊ ပုံပြင်မဟုတ်၊ သမိုင်းကြောင်းကို မမှီလိုက်သူများ၊ သမိုင်းကြောင်းကို မလေ့လာမိသူများ၊ သမိုင်းကြောင်းကို အလေးအနက် မထားမိသူများ အတွက် သမိုင်းကြောင်း၏ အမှန်တရားကို သိမြင်နားလည်ခွင့် ရှိမည်မဟုတ်ပေ။

ယခုတင်ပြလိုသော `သမိုင်းနှင့်ပက်သက်သော ပအိုဝ်းတိုင်းရင်းသားတို့၏ အခြေအနေ` နှင့်ပက်သက်၍ အထက်ပါ အဆိုအမိန့်အရ သမိုင်းကြောင်းကို မမှီလိုက်သော ပအိုဝ်းတိုင်းရင်းသားများ၊ သမိုင်းကြောင်းကို မလေ့လာမိသော ပအိုဝ်းတိုင်းရင်းသားများ၊ သမိုင်းကြောင်းကို အလေးအနက်မထားမိသော ပအိုဝ်းတိုင်းရင်းသားများ အများစု ဖြစ်နေသောကြောင့် ပအိုဝ်းတိုင်းရင်းသားတို့၏ သမိုင်းကြောင်းနှင့် ပက်သက်၍ တိုက်ရိုက် အားဖြင့် သော်လည်းကောင်း၊ သွယ်ဝိုက်သော နားအားဖြင့် သော်လည်းကောင်း ဗြောင်လိမ် ဗြောင်စား လုပ်နေသူများအတွက် အသက်ရှူချောင် နေစေမည်မှာ မလွဲပါချေ။

ထို့ကြောင့် မိမိတို့သမိုင်းကြောင်း၏ အချက်အလက်များကို မမှီလိုက်သော်လည်း သိမှီအောင်၊ လေ့လာနိုင်အောင်၊ အလေးအနက်ထားတတ်အောင် လေ့ကျင့်ကြိုးပမ်းရမည့် တာဝန်မှာ၊ မိမိတို့ဆိုင်ရာ၊ ပအိုဝ်းတိုင်းရင်းသားများ၏ မွေးရာပါ ဗီဇတာဝန်သာ ဖြစ်လေသည်။

ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများသည် မနေ့တစ်နေ့ကမှ တွေ့ဆုံစုစည်းခြင်းမဟုတ်၊ ရှေးပဝေသဏီ နှစ်ပေါင်းထောင်ချီကတည်းက အတူတကွ စုစည်းနေထိုင် ရှင်သန်လာခဲ့ကြခြင်းဖြစ်သည်။ ထိုအချက်ကို မမေ့ပဲ မိမိတို့ဆိုင်ရာ သမိုင်းအချက်အလက်များကို မှန်မှန်ကန်ကန် လေ့လာဖော်ထုတ် မှတ်တမ်းတင်ရင် လိုအပ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်မှု အခန်းကဏ္ဍများတွင် ပအိုဝ်း တိုင်းရင်းသားများသည် မြန်မာပြည်သူလူထု ဖြစ်သည်နှင့်အညီ အခြားသွေးချင်း ညီနှောင်များနည်းတူ မြန်မာ့သမိုင်းစဉ်တစ်လျှောက် ပါဝင်ဆောင်ရွက်ခဲ့သည် ချည်းသာဖြစ်လေသည်။ ဤတွင် မြန်မာလူမျိုးတစ်မျိုးဖြစ်သည့် ပအိုဝ်းတိုင်းရင်းသားများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမည်နာမ အဓိပ္ပါယ်တို့ကို သိရှိနားလည်ထားရန် လိုအပ်ပေသည်။

မြန်မာဟူသော ဝေါဟာရသည် ပုဂံရာဇ၀င်ကြီး၌ (မြန်မာဟူသည်ကား ပျူသား၊ ပျူမြေးတည်း) ဟူ၍လည်းကောင်း၊ (သရေခေတ္တရာပျက်ဆဲအခါ သန်လျင် မြန်မာသူကို ပျူအချင်းချင်း မြန်မာသော ပျူခေါ်သည်) ဟူ၍ ထူးခြားစွာ ဖော်ပြထားကြောင်း၊ သမုဒ္ဒရာမင်း ပုဂံကိုတည်ထောင်သည်မှ အနော်ရထာမင်းအထိ (အေဒီ ၁၀၄၄) နှစ်ပေါင်း (၉၃၇)ခုနှစ်အတွင်း ပျူနှင့်မြန်မာရောစပ်ကာ ပျူလည်းမြန်မာ၊ မြန်မာလည်းပျူခေါ်ကြောင်း၊ မွန်၊ မြန်မာ မင်စာ၊ ကျောက်စာများမှပင် စတင်ကာ (မြန်မာ) ဝေါဟာရကို ပီပီသသ တွေ့ရပေသည်။

သက္ကရာဇ်နှင့် တွက်စစ်ပါက မြန်မာသက္ကရာဇ် (၄၀၀) မှ (၆၀၀) အကြားတွင် (မြန်မာ) ဝေါဟာရကို ခေါ်ဆိုရေးသား နေကြပေပြီ ဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။ ထို့အပြင် (ပျူစစ်လျှင် မြန်မာ၊ မြန်မာစစ်လျှင် ပျူ) ဟူသော စကားလည်း အထင်အရှား ရှိခဲ့ပါသည်။

ဆက်လက်ဖော်ပြမည် ———–>>>>>

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Spam protection by WP Captcha-Free