(ပအိုဝ်;လိတ်မွူးစောင်;) On-Line
ပအိုဝ်;လိတ်မွူးကို မကြာခင် (On-line)အွန်လိုင်း လေ့လာနိုင်တော့မည် ဖြစ်ပါသည်။ လောလောဆယ်မှာတော့ Khun Pa-Oh Team Member များမှ ဒီဇိုင်းနှင့် ပြင်ဆင်မှုများ ပြုလုပ်လျှက် ရှိပါတယ်။ PDF e-book နှင့်သော်လည်းကောင်း၊ အွန်လိုင်း Slide Show အနေဖြင့်သော်လည်းကောင်း၊ Flipping Book အနေဖြင့် သော်လည်းကောင်း တင်ဆက်သွားဖို့ အစီအစဉ်ရှိပါတယ်။
အလွယ်ကူဆုံးကတော့ PDF ဆိုပေမယ့်၊ Flipping Book နဲ့ ကျနော် တင်ဆက်ဖို့ စဉ်းစားနေဆဲပါ။ လေ့လာသူများ၊ စာဖတ်သူများ အဆင်ပြေမှုကသာ ခွန်ပအိုဝ်း၏ ဦးတည်ချက် ဖြစ်တဲ့အတွက် .. ကျနော်တို့ The best solution ကို ရှာဖွေမွေနှောက်လျှက် ရှိပါတယ်။ နဲနဲတော့ အချိန်လိုအပ်မည် ဖြစ်တဲ့အတွက် .. စောင့်မျှော်ဖတ်ရှု ကြပါလို့ .. ခွန်ပအိုဝ်းရဲ့ စာဖတ်ပရိတ်သတ်များကို ကြိုတင်အသိပေး လိုက်ရပါတယ်ခင်ဗျာ။
အမိမြေမှ ပအိုဝ်;လိတ်လဲုင်,သွဉ်တန်,ကို သွားရောက်ဖို့ အခက်အခဲ ရှိနေသူများအတွက် အထူးရည်ရွယ်ထားတာ ဖြစ်သလို – လွယ်ကူမြန်ဆန်စွာ လေ့လာနိုင်ရေးအတွက် ရည်ရွယ်ထားပါတယ်။
မိမိလူမျိုးတို့၏ စာပေနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းသည် မိမိတိုင်းရင်းသားတို့၏ ဘ၀ပေးတာဝန် တစ်ရပ်ပင် ဖြစ်ပါသည်။
မျှော်













ပအိုဝ်းဝက်ဘ်ဆိုက်တွေနဲ့ပါတ်သက်ပီး အကြံပေးချင်လို့ပါ။
)
အခု ညီမကြည့်တာ။ ပအိုဝ်းဝက်ဘ်ဆိုက်တွေက ဟိုတစ်ခုဒီတစ်ခု ကျဲပြန့်နေတယ်။ ဆိုဒ်တိုင်းက update မဖြစ်ကြ ပိုစ့်တွေ မှန်မှန်မတင်ကြနဲ့။ ပအိုဝ်း community website တစ်ခု သတ်သတ်မှတ်မှတ်၇ှိသင့်ပီထင်တယ်။ ဆိုဒ်တွေက ကော်မန့်ပေးရလွယ်အောင် anynomous ဖွင့်ထားပေးသင့်ပါတယ်။ facebook မှာလဲ group account တစ်ခုဖွင့်ပီး ပအိုဝ်းလူငယ်တွေ စုစုစည်းစည်းဖြစ်သင့်ပါတယ်။နောက်ပြီးတော့ မြန်မာပြည်ထဲက ပအိုဝ်းတွေဝင်လို့ရတဲ့ .com ဆိုက် ဒီဆိုဒ်လိုမျိုးမှာ စုစုစည်းစည်း ဆွေးနွေးကြရင် ပိုကောင်းမယ်ထင်တယ်။ ပိုပီးတော့လဲ အသက်ဝင်လာမယ်။ပြီးတော့ အခုဖြစ်နေတဲ့ ပအိုဝ်လူမျိုးတွေ ယူရေနီယမ် ။ ခဲဆိပ်သင့်တာတွေ အဲလိုအကြောင်းတွေကို တစ်ယောက်နဲ့တစ်ယောက်ဝင်ဆွေးနွေးကြ။ တက်တက်ကြွကြွပါဝင်ကြ ဒီလိုလေးဖြစ်ရင်ကောာင်းမယ်။ ပြီးတော့ http://bwarsara.blogspot.com/ ဒီဆိုဒ်ဆိုရင် သတင်းတွေ ကြည့်လိုရရတယ်။ ဒါပေမဲ့ ကော်မန့်ပေးမလို့လုပ်ရင် ဆိုက်က hang သွားတာတွေ ရှိပါတယ်။ ညီမဆိုလိုတာက ဆိုဒ်တစ်ခုလုပ် အပါတ်တိုင်း နေ့တိုင်း ပိုစ့်အသစ်တင်။ အဲဒါမှဖတ်တဲ့လူများလာပီး ဆိုဒ်ရည်ရွယ်ချက် လဲ ပိုအထမြောက်မှာပါ။ ဟိုဆိုဒ်ဒီဆိုဒ် သွားနေမယ့်အစား။ ပအိုဝ်းအကြောင်းဆိုရင် ဒီဆိုဒ်မှာကြည့်လိုရရတယ်။ အဲလိုလေး ဆိုပိုကောင်းမယ်ထင်ပါတယ်။
ပြီးတော့ အခု ပအိုဝ်းတွေ လယ်မြေတွေအသိမ်းခံ၇တာတွေ။ ဖမ်းဆီး ပေါ်တာဆွဲခံရတာတွေကို PNO လိုအဖွဲ့အစည်းမျိုးကိုထိထိ ရောက်ရောက် ဘယ်လိုအသိပေးမလဲ။ ဒါတွေဘယ်လိုဖြေရှင်းမလဲ။ ၀ိုင်းဆွေးနွေးသင့်ပါတယ်။ ပအိုဝ်းတွေက အတော်ကို၇ိုးသားကြပါတယ်။ ဘာသာရေးလဲ အလွန်ကိုင်းရှိုင်းကြပါတယ်။ ခေါင်းဆောင်ဆိုလဲ အလွန်ရိုသေကြတာ ကိုယ်တွေ့ပါ။ ဒါပေမဲ့ ခေါင်းဆောင်ရဲ့တာဝန်ဆိုတာကိုယ့်လက်အောက် ငယ်သားတွေ ဒုက္ခရောက်နေရင် ဖြေရှင်းပေးရမလဲဆိုတဲ့ တာဝန်ရှိပါတယ်။ အခုဦးအောင်ခမ်းထီက အသက်လဲအတော်ကြီးနေပါပီ။ သူ့အရင်က လက်နက်ကိုင်အဖွဲ့ကလဲ အစိုးရနဲ့ငြိမ်းချမ်းရေးယူပီးတဲ့ နောက်မှာ သူ့အာဏာက ရှမ်းတောင်မှာ မရှိသလောက်ဖြစ်နေပါပီ။ သူ့အနေနဲ့ပအိုဝ်းလူမျိုးတွေ ခံစားနေရတဲ့ ဒုက္ခတွေ မတရားမှုတွေမှာ လက်ပိုက်ကြည့်နေသလိုခံစားရပါတယ်။ အခု ပအိုဝ်းနယ်တွေမှာဖြစ်နေတဲ့ကိစ္စတွေမှာ ပအိုဝ်းလူမျိုးတွေကြား သတင်းပြန့်နှံ့အောင်ဘယ်လိုလုပ်ကြမလဲ။ပြီးတော့ ပအိုဝ်းလူမျိုးတွေရဲ့ပညာရေး။ ပအိုဝ်းမိဘတွေကရန်ကုန် လိုနေရာမျိုးက ဘုန်းကြီးကျောင်းတွေမှာ ကလေးတွေသွားထားကြပါတယ်။ ဟိုတလောက သီရိလင်္ကာ ဘုန်းကြီးလူကုန်ကူးတဲ့ ကိစ္စမှာ ပအိုဝ်းစာသင်သားတွေပါသွားတယ်ဆိုတာ ဖတ်ရပါတယ်။ လူမျိုးစုတစ်စု တိုးတက်ဖို့ရာပညာရေးက အဓိကကျပါတယ်။ တစ်ချို့ပအိုဝ်းတွေ ပညာကိုဆုံးခန်းတိုင်အောင်မသင်နိုင်ကြပါဘူး။ နိုင်ငံခြားထွက်အလုပ်လုပ်နေကြတယ်ဆိုတဲ့ လူတွေမှာလဲ ပညာနဲ့အလုပ်လုပ်တာနည်းပါတယ်။ ပန်းရံ ဆောက်လုပ်ရေး စတဲ့ အလုပ်တွေလုပ်တာပဲတွေ့ပါတယ်။ပအိုဝ်းတွေ ပညာအဆင့်အတန်းမြင့်အောင် ဘယ်လိုလုပ်ကြမလဲ။ လယ်သမားဖြစ်နေတဲ့ပအိုဝ်းတွေ ဒီ့ထက် အဆင့်တစ်ဆင့်မြင့်တဲ့ စားသုံးသူလူတန်းစားဖြစ်အောင် ဘယ်လို အဆင့်မြှင့်တင်ကြမလဲ။နောက်ပီး အခု မရှိမဖြစ်ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို ပအိုဝ်းတွေလေ့လာနိုင်အောင် ဘယ်လိုလုပ်မလဲ။ အတွေးလေးတွေဝင်စေချင်ပါတယ် ပအိုဝ်းတွေကြားမှာ။ ဒီဆိုဒ်ပိုင်ရှင်ဘယ်လို ပြန်ဖြေပေးမယ် ဆိုတာညီမ ပြန်လာဖတ်ပါအုံးမယ်။
Kham ရဲ့မှတ်ချက်ကကောင်းပါတယ်။အကြံပြုချက်တွေကောင်းပါတယ်။ ပအိုဝ်း IT ပညာရှင်တွေ၊ လူယ်တွေ လုပ်နိုင်လိပ်မယ်လို့ယုံကြပါတယ်။ အချိန်တော့ယူရပါလိမ့်မယ်။ ပအိုဝ်းအမျိုးသားခေါင်းဆောင်တစ်ဦးပြောခဲ့ပါတယ် ““ကိုယ်ရဲ့အခွင့်အရေးတွေကို တောင်းယူလည်းရမှာမဟုတ်ပါဘူး၊ တိုက်ယူလဲရမှာမဟုတ်ပါဘူး၊ လုပ်ယူဖန်းတည်းယူရမှာဖြစ်တယ်””
အဲဒီခေါင်းဆောင်ရဲ့စကားကို သေချာစဉ်းစားပြီး ကိုယ့် လူမျိုးရဲ့အခွင့်အရေးသာမက လူသားများရဲ့အခွင်အေ၇းများကို ပညာရှိသောသူတိုင်း မိမိတတ်နိုင်သည့်အပိုင်းမှာ ၀ိုင်းဝန်း လုပ်ဆောင်ကြပါဆို့ လို့ ပအိုဝ်းလူမျိုးများကို တိုက်တွန်းပါတယ်။
ပေးထားတဲ့ Comment က တော်တော်ရှည်ပါတယ်။ တော်တော်လဲ လေးနက်ပြီး နက်နဲပါတယ်။ အကြံပေးမှုအတွက်လဲ ကျေးဇူးတင်ပါတယ်။ ဒီလိုလေးနက်တဲ့ comment မျိုးကို ကျနော် တိုတိုလေးနဲ့ ပြန်ဖြေဖို့ မသင့်ဘူးလို့ စဉ်းစားမိလိုက်တယ်။ ပညာေ၇းပိုင်းဆို ကျနော်ဆွေးနွေး နိုင်ပါတယ်။ ဆိုလိုတာက နိုင်ငံေ၇းပိုင်းနဲ့ ပက်သက်ပြီးတော့ ဖြစ်ပျက်နေတဲ့အရာတွေက ကျနော့်ညဏ်က လိုက်မှီမှာ မဟုတ်ပါဘူး။ Website တစ်ခုကို ထောင်လိုက်တာပဲ ဖြစ်ဖြစ်၊ ဘာလုပ်ငန်းတစ်ခုခုပဲ လုပ်တာဖြစ်ဖြစ် .. ဦးတည်ချက် (Target) ဆိုတာရှိစမြဲပါ။ Website တိုင်းမှာလဲ မိမိတို့၏ (ဦးတည်ချက်)ရှိပြီး တစ်ခုနဲ့တစ်ခု တူညီမှာ မဟုတ်ပါဘူး။ အကုန်လုံး ပေါင်းေ၇းပြီးတော့ ဆိုက်တစ်ခုတည်း ထားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။
ဆိုလိုတာက အကုန်လုံးက ကိုယ့်လူမျိုးကောင်းဖို့ အတွက်လုပ်နေကြတယ် ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့် နည်းလမ်းတူမှာ မဟုတ်ပါဘူး။ ဥပမာ- ပညာေ၇းနဲ့ လုပ်မှာလား- လူမှုရေးနဲ့လား၊ နိုင်ငံရေးနဲ့လား ဆိုတာတွေက အစကွဲပြားပါတယ်။ ကိုယ့်လူမျိုးအတွက် (တက်တက်ကြွကြွ ပါဝင်လုပ်ဆောင် ဆွေးနွေး) ဆိုတဲ့အပိုင်းကို ကျနော် သဘောကျပါတယ်။ အဲဒီအတွက် Community Site တစ်ခုကိုလဲ စီစဉ်ထားပါတယ်။ (ခွန်ပအိုဝ်းမှာ ကြေငြာမှာပါ ပြီးသွားတဲ့အခါ)
နောက် ပို့စ်ကိုနေ့တိုင်း Update လုပ်မယ့်ကိစ္စမှာ Website တစ်ခုကို လုပ်လိုက်ပြီဆိုတာနဲ့ Update ဖြစ်နေရမယ်ဆိုတဲ့ စကားဟာ သဘာဝကျပါတယ်။ သို့ပေမယ့် Website ကိုနေ့တိုင်း Update လုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ မလွယ်ပါဘူးဆိုတာက ကျနော်တို့ အားလပ်ချိန်မှာ လုပ်ရခြင်း ဖြစ်ပါတယ်။ ကိုယ့်ပညာေ၇း၊ စားဝတ်နေရေး လဲ ရှိပါသေးတယ်။ ကျောင်းတက်ရအုံးမယ်၊ စာလုပ်ရအုံးမယ်၊ ကျောင်းလခသွင်းနိုင်ဖို့ အတွက် ကျနော်တို့ အလုပ်လုပ်ရပါသေးတယ်။ အဲဒီကြားထဲက မဖြစ်ဖြစ်အောင် အချိန်လုယူပြီးတော့ လုပ်ရပါတယ်။ ပြီးတော့ ကျန်တော်တို့က ဒီလို Site တွေ လုပ်လိုက်လို့ အကျိုးအမြတ်ယူနေတဲ့သူတွေ မဟုတ်ပါဘူး။ Volunteer လုပ်နေတဲ့သူတွေပါ။ ကိုယ့်လူမျိုးကို ချစ်တဲ့အတွက် ဒါတွေ လုပ်နေခြင်းဖြစ်ပါတယ်။ ကိုယ့်လူမျိုးကို တိုးတက်စေချင်တယ် မှန်တာပေါ့ဗျာ .. ။ တတ်နိုင်တဲ့ဖက်၊ ပေးနိုင်တဲ့အချိန် အတောအတွင်းကတော့ လုပ်ဆောင်နေကြတာပါပဲ။
လုပ်ချင်တာကတော့ အများကြီးပါ .. သို့ပေမယ့် လုပ်ချင်တိုင်း လုပ်လို့မရတဲ့ အခြေအနေတွေက များပါတယ်။ အဲဒါကြောင့် လုပ်နိုင်တာလေးတွေနဲ့ လုပ်နေရခြင်းဖြစ်တယ်။ ကျနော့်ဆိုက်ရဲ့ ရည်ရွယ်ချက်နဲ့ ကြေငြာချက်မှာ khunpaoh.com (ဦးတည်ချက်)ကို (ဆက်သွယ်ရန်) ခေါင်းစဉ်အောက်မှာ ဖတ်ရှုနိုင်ပါတယ်။ ပြီးတော့ Website တစ်ခုဖြစ်ပေါ်ဖို့ ဆိုတာ လွယ်လွယ်လေး (.com) တစ်ခုရှိရင် ကောင်းမယ်ဆိုတာ ပြောဖို့ လွယ်ပေမယ့် တစ်ကယ့် Technical – Background မှာ ဖြစ်ပျက်နေတာ အများကြီးပါ။ ဥပမာ- Website’s Hosting, Website’s Domain အဲဒါတွေက အခကြေးငွေ ပေးရပါတယ်။ ကိုယ့်အိပ်ထဲက အကုန်ဆိုက်ပြီးတော့ ကိုယ့်ဝါသနာ အရလုပ်ဆောင် ကြရပါတယ်။ ဒါကတော့ အခက်အခဲတွေကို သိအောင်ပြောပြရခြင်းဖြစ်တယ်။
Nothing is Perfect & Perfect is nothing ဆိုသလို .. ကျနော်တို့ရဲ ခွန်ပအိုဝ်းဆိုက်က comment ထဲကလို အလုံးစုံအောင် တစ်နည်းအားဖြင့် Perfect ဖြစ်အောင် လုပ်ပေးနိုင်မှာ မဟုတ်တဲ့အတွက် စိတ်မကောင်းပါဘူး။ ကျနော်တို့ (ဦးတည်ချက်၊ ရည်ရွယ်ချက်၊ ကြေငြာချက်မှာ) ကတိပေးထားတဲ့အတိုင်းပဲ ကျနော်တို့ တတ်နိုင်သလောက် အစွမ်းကုန် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အကြံညဏ်ပေးတဲ့ ဟောဒီက ညီမလေးကိုလဲ ကျေးဇူးတင်ပါတယ်။ နောက်ဆုံးတစ်ခု ပြောချင်တာက ခွန်ပအိုဝ်းဆိုက်မှာ Site ၏ ရေရှည်တည်တံ့ရေးအတွက် (Strictly No Political, No Conflict) ပါ။ နားလည်မှုအတွက် ကျေးဇူးတင်ပါတယ်။
လေးစားစွာဖြင့်
@Site-Admin@
ကို ခွန်ကျော်ဝင်း ပြောသွားတာလဲ မှန်ပါတယ်။ ဒီတော့ ကိုယ်တိုင် လုပ်ယူဖန်တီးဖို့ နည်းလမ်းတွေရှာကြရပါတယ်။ ပြီးတော့ Conflict ဖြစ်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် မကောင်းပါဘူး။ တရားတာတွေ၊ မတရားတာတွေကို ဆွေးနွေးနေဖို့ ကျနော်တို့ အချိန်ပိုတွေ မထားသင့်ပါဘူး။ အဲဒါတွေက မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ၊ ဒီတော့ အဲဒီ Conflict တွေအစား ကျနော်တို့ ကိုယ့်လူမျိုးကောင်းအောင် ပညာရေးပိုင်းမှာ တိုးတက်ဖွံ့ဖြိုးမှု ရှိအောင်၊ ရွာသူရွာသားတွေကို အသိညဏ် ပိုမိုဖွံ့ဖြိုးလာအောင် ဘယ်လိုလုပ်ဆောင် ကြမလဲဆိုပဲ ကျနော်တို့ လုပ်ဆောင်နိုင်ကြမှာပါ။ အဲဒီလို ဘယ်လိုလုပ်ဆောင် ကြမလဲဆိုတာ စဉ်းစားဖို့ပါပဲ။ Conflict လား Conflict ဆိုတာ ငြင်းခုန်ကြမယ်၊ စကားများကြမယ်၊ သတ်ကြမယ်၊ ဖြတ်ကြမယ် အဲဒါကောင်းတယ်လို့ ယူဆသလား? ဆိုတာကတွေက အစ ထည့်စဉ်းစားရပါမယ်။ ကျနော့်အနေနဲ့ တည်ငြိမ်အေးချမ်းတဲ့ ပညာေ၇းပိုင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းတွေကို ပိုပြီးအားသန်သင့်တယ် .. ။ ဘာလို့လဲ ဆိုတော့ အဲဒီအပိုင်းက Conflict နဲလို့ ဖြစ်ပါတယ်။
ညီမလေး ခမ်း comment ထဲကလို ကျနော်တို့ ပအိုဝ်းလူမျိုးတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်၊ ပြည်ပကိုထွက်ပြီး အလုပ်ကြမ်းတွေနဲ့ အသက်မွေးကြရတယ် … ။ ဒါတွေကို ကျနော်တို့ လူတိုင်းသိကြပါတယ်။ ဖြစ်ပျက်နေတာတွေကို ဖြေရှင်းဖို့ဆိုတာ Resolution က ရှာရခက်ပါတယ်။ ခက်တယ်ဆိုတာက Conflict ပိုင်းနဲ့ သွားသွားညှိ နေတဲ့အပိုင်းဖြစ်နေလို့ပါ။ ပြည်တွင်းမှာ အဆင်မပြေမှုတွေကြောင့် ပြည်ပကိုေ၇ာက်သွားရတယ်ဆိုတာ .. ခေါင်းဆောင်ပိုင်းပဲ ဖြစ်ဖြစ်၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရကပဲ ဖြစ်ဖြစ် ပါဝင်ပက်သက် နေပါတယ်။ အဲဒီတော့ Conflict ပေါင်းများစွာ ပါဝင်ပက်သက်နေတာတွေက အလွန့်အလွန် ရှုပ်ထွေးပါတယ်။ အဲဒီအပိုင်းနဲ့ ကျနော်တို့ အချိန်ကုန် မခံတာပဲ ကောင်းတယ်လို့ ယူဆတယ်။ လုပ်စရာရှိတာတွေကို လုပ်နိုင်တာလေးတွေနဲ့ လုပ်သွားတာက အကောင်းဆုံးပဲလို့ မြင်ပါတယ်။ အယူအဆတွေကတော့ ကွဲလွဲနိုင်ပါတယ် .. ။ ဦးတည်ချက် (Goal) မှန်ကန်၊ အကျိုးရှိဖို့ပဲ အေ၇းကြီးပါတယ်။ ကျနော် ဒီလောက်ပဲ ပြန်ပြောနိုင်ပါတယ် ..။ ညဏ်မမှီတဲ့ ဘာသာရပ်ကို စကားတစ်ခွန်းတည်းနဲ့ (လုပ်သင့်တယ်) ဆိုတဲ့ စကားမျိုးအတွက် စိတ်မကောင်းပါဘူး။ comment အတွက် ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ တတ်နိုင်တဲ့ ဖက်က လုပ်နိုင်တာလေးတွေနဲ့ လုပ်ဆောင်သွားမှာပါ။
dear administrator
1. it does not matter the site starts with educational, techonological or social purposes, it has to deal with political issues (national issues) ultimately; there is no doubt about it.
2. i’m deeply moved and proud of your noble ambition (ကိုယ့်လူမျိုးကို ချစ်တဲ့အတွက် ဒါတွေ လုပ်နေခြင်းဖြစ်ပါတယ်။ ကိုယ့်လူမျိုးကို တိုးတက်စေချင်တယ် ) and i’m also aware of that your personal struggle to meet those obligations on a daily basis. if this site is operated outside of Myanmar, you’ve got yourself another project ——to set up an account for donation “revenue to to run this site effectively”.
3. the more transparent your financial statement of your site, the more people feel their doation is working for the cause, and the more —– you’ve got the answer. until then, i may count me in.
4. ကျွှန်တော် ပ၀ိုဝ်း မဟုတ်ပါ။ ပ၀ိုဝ်း သူငယ်ချင်းတော့ အများကြီး ရှိခဲ့တာပေါ့။
truely,
ssye
ပအိုဝ်;လိတ်မွူးစောင်; မျက်နှာဖုံးလုပ်ဖို့ ကော်ပီလိုက်တယ်နော် ဆရာ;ဖြား
အုံဟဝ်ဒျာ;သွော့နေား
သြ ဝေးဖြား khunnaung ထွူဟဲုင်း အ၀်လဒျာ;သြ ..
… အုံဟ၀်ဒျာ;သြ thanks …
Dear Ssye,
First of all, thank you very much for your suggestions to improve (khunpaoh.com). I somehow agree with yours comment no (1), and what I was really mean with my above long comment is that we are going to try to minimize the political issues, Of course. Yes, you are right.
For comment no (2), thanks. Although, we won’t be going to create an account for donation to run (khunpaoh.com), we should setup some funds to make it works, yes you are right. But the “revenue to run this site effectively” is should be from our own pocket, since we are going to be forever volunteer and we won’t expect any donation from anyone and from any association. This site was setup to express about pa-oh people and we are trying to make it possible as much as we can, Of course.
For comment no (3), financial statement of the site: we don’t need funds to run (khunpaoh.com) I believe, since we will be forever donor for this site and for the success of our pa-oh people. But we may need (technical) man power who can be a volunteer or who can spend sometime for this site, I mean from our pa-oh people. This will take time to find out the solution and not every pa-oh technician would like to be a volunteer, unfortunately. What we can do is we will do whatever we can, definitely.
Comment no (4), please allow me to correct you. We are (ပအိုဝ်;) not (ပ၀ိုင်း)။ thanks a lot for your suggestions. Cheers !!