ပအိုဝ်းတို့၏ အနုပညာဗီဇဓာတ်ခံသည် ပျောက်ကင်းသွားခြင်းမရှိဘဲ အခြေအနေ အချိန်အခါ ပေးသည်နှင့် ရုန်းထရှင်သန်နိုင်ရန် အားအင်အပြည့် ရှိနေသည့်အဖြစ်ကို တွေ့မြင်နိုင်ပါသည်။ မြေတောင်မြှောက် ပေးနိုင်ရန်သာ လိုအပ်ပါသည်။ “ပေါ်ဦးလူ”ဟု အဓိပ္ပာယ် ရသော ပျူ (ပအိုဝ်း) လူမျိုးတို့သည် ဘာသာဘာဝ နေထိုင်ကျက်စားရင်း ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်း၊ ကြေးခေတ်၊ သံခေတ်၊ သမိုင်းတင်ခေတ်အထိ ယဉ်ကျေးမှုအတတ်ပညာများကို စွန့်ဦးတီထွင် ဖန်တီးခဲ့ လုပ်ကိုင်နိုင်ခဲ့ကြသည် ဖြစ်ပါသည်။ ပအိုဝ်းတို့၏ လက်ရာပစ္စည်းများသည် စားဝတ်နေရေးဆိုင်ရာ တောင်သူလယ်လုပ် ဓားမခုတ်ခြင်းအတွက် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို ပြုလုပ်ခဲ့ကြသည်။
အုတ်၊ ပြူးအဲပ်၊ တလင်း၊ ကောက်, စသည့်ယွန်းထည်ပစ္စည်းများ
ယွန်းထည်ပစ္စည်းများကို လုပ်ဆောင်နိုင်သော နည်းပညာများကို ပျူခေတ်ဟု ထင်ရှားခဲ့စဉ်ကပင် ပအိုဝ်းလူမျိုးများ တတ်မြောက်ပြီး ဖြစ်ကြောင်းသိရသည်။ တရုတ်တို့နှင့် အဆက်အသွယ်ရှိခဲ့သဖြင့် တရုတ်တို့ထံမှ ရရှိခဲ့ခြင်းဖြစ်မည်ဟု ဆိုသည်။ ရှေးကျလှသော ယွန်းထည်ပြုလုပ်မှု အတတ်ပညာကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသော်လည်း ယနေ့တိုင် ထိန်းသိမ်းလုပ်ဆောင် နိုင်နေသေးသည်မှာ ဂုဏ်ယူစရာ ဖြစ်ပါသည်။ လက်ရာသေသပ်ပြီး ကောင်းမွန်သော အဆင့်မြင့် ယွန်းထည်ပစ္စည်းများကို ကျောက်တစ်လုံး အရှေ့တောင် မကျတကျရှိ ဆောင်းဖိုးရွာ (နောင်ယာသဲုင်,တောင်ဘက်)နေ ဖြားကုဏ္ဏမား၏ သားမြေးများက လုပ်ကိုင်နေသေးကြောင်း သိရပါသည်။
အုတ် (အွုပ်)၊ ပြူးအဲပ် (ကွမ်းအစ်)၊ တလင်း (ဒေါင်းလန်း)၊ ကောက်, (ခွက်)စသည့် ယွန်းထည်ပစ္စည်းများအနက် ပအိုဝ်းတို့ အသုံးပိုမိုများပြားသော ယွန်းထည်ပစ္စည်း တစ်မျိုးမှာ ဒေါင်းလန်းခေါ် တလင်းသည် ဖြားကုဏ္ဏမား၏ သားမြေးများ လက်ရာက နာမည်ကြီးလေသည်။
မေနော်
ကျေးလက်နေ တောင်သူလယ်သမားများ၏ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သော ‘မေနော်’ သည် အသီးအရွက် ထည့်စရာတောင်းဟု အလွယ်ဆိုနိုင်သော်လည်း တောင်းအမျိုးမျိုးထဲမှ ကြက်သွန်ဖြူ နုတ်ရာတွင် အပင်ပြတ်သွားသော ကြက်သွန်ဥကို ပစ်ထည့်ရန် အသုံးပြုသော တောင်းတစ်မျိုးဖြစ်လေသည်။
ပနော်
ပနော်မှာ လင်ဘန်းကိုပင် ခေါ်ဆိုလေ့ ရှိပါသည်။ လက်မှုအနုပညာဖြင့် အထူးယက်လုပ်သော ကျေးလက်အသုံးအဆောင် တစ်မျိုး ဖြစ်သည်။ အချို့ဒေသတွင် ဘန်းဟုပင် ခေါ်ပါသည်။
က၀်သဲက်
က၀်သဲက်ခေါ် က၀်တစ်မျိုးမှာလည်း တောင်း အမျိုးအစားဝင် ကျေးလက်တောင်သူ လယ်သမား အသုံးအဆောင် ပစ္စည်း တစ်မျိုးပင်ဖြစ်လေသည်။ ဖော့ခေါ် ပလိုင်းအမျိုးအစားနှင့်လည်း ဆင်တူသည်။ တောင်းကြီးဟုလည်း ဆိုနိုင်သည်။ အောင်ဘန်းခြင်းဟု နာမည်ကြီးသည်။ လက်ကိုင်တပ်ဆင်ထားသော တောင်းမျိုးဖြစ်သည်။
ယုံး
စပါးထည့်ရန် အထူးယက်လုပ်ထားသော သရိုးမံထားသည့် တောင်းကြီးတစ်မျိုးဖြစ်သည်။ ယုံးမှာ မြန်မာအခေါ် စပါးကျီပင် ဖြစ်ပါသည်။
ကျောက်ကျီနှင့်လုံးခြွ,
ကျောက်ကျီမှာ နွားချေးကျုံးရာတွင် အသုံးပြုရသော ကိရိယာဖြစ်သည်။ သူ့ချည်းသက်သက် အသုံးပြု၍ အဆင်မပြေချေ။ ‘ကျောက်ကျီ’နှင့် တွဲဖက်အသုံးပြုရသော ကိရိယာမှာ ‘လုံးခြွ,’ ဖြစ်သည်။ လုံးခြွ,မှာ ထွန်ခြစ်နှင့်တူသော ကိရိယာမျိုးဖြစ်သည်။ လုံးခြွ,ကို တစ်နည်းခေါ်သေးသည်မှာ “ဖိုးလွိုင်ဗျင်း” ဖြစ်သည်။
ထီတတောက်နှင့်ထီဆေ့
ရေထည့်ရန် ပြင်ဆင်ပြုလုပ်ထားသော ထီတတောက် (၀ါးကျည်တောက်)နှင့် ထီဆေ့ (ထီချေ့) (ဗူးသီးရေဗူး)များ ဖြစ်သည်။ ထီဆေ့ကို တရားနာ ရေစက်ချရာတွင် လည်းကောင်း၊ ခရီးဆောင်ရေဗူးများ အဖြစ်လည်းကောင်း အသုံးပြုလေ့ ရှိပါသည်။
ခြောင်းပွေးနှင့်ပိုး
သနပ်ဖက်လုပ်ငန်းတွင် အသုံးများသော ကိရိယာတစ်မျိုးဖြစ်သည်။ လှော်ပြီးသား သနပ်ဖက်များကို အရွယ်အလိုက်ရွေးပြီး ခွေထည့်စရာအဖြစ် ခြောင်းပွေးကို အသုံးပြုသည်။ သနပ်ဖက်များကို ထုတ်ထည့်စရာတောင်း တစ်မျိုးကိုလည်း ပို; ဟုခေါ်ပါသည်။
သွုမ်တွိုင်၊ ခြေင်း
ကျေးလက်နေအိမ်ထောင်တိုင်းတွင် မီးဖိုပေါ်၌ တပ်ဆင်ထားသော ကြပ်ခိုးပင်ဖြစ်သည်။ အခိုးပေါင်း တစ်ထောင်တည်ရာ တိုင်းရင်းဆေးဖော်စပ်ရန် အလွယ်တကူ ရယူနိုင်သည့်စင် ဖြစ်ပါသည်။
နောက်ပိုင်းတွင် .. ဆက်လက်ဖတ်ရှုရန်


ပအိုဝ်းရိုးရာ ၀တ်စုံဒီဇိုင်းအသစ်ထုတ်လုပ်သင့်ပြီဟု–ယူဆပါသည်၊ ဘာကြောင့်လဲဆိုတော့ တို့လူမျိုးတော်များများတွေဟာ ဆင်းရဲကြတယ် ရိုးရာဝတ်စုံ မဝယ်နိုင်ကြဘူး၊ ကြုံရာကြိုက်ရာ မြန်မာဝတ်စုံတွေပဲ ဝယ်အားပေးကြ ဝတ်ကြတာကို ခေတ်ကာလတော်တော်ကြာကတည်းက တွေ့ရပါတယ်။ ယခုရိုးရာဝတ်စုံကို မကြိုက်လို့တော့မဟုတ်ဘူးပေါ့ ဒီတဇိုင်းအပြင် နောက်ထပ်ဈေးချိုသာတဲ့ လန်းတဲ့ ဒီဇိုင်းလေးပေါ့။ လူတိုင်းဝယ်နိုင်ဝတ်နိုင်အောင်လို့ပါ။
ရဲရင့်သူ(Quote)