သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (၃)
ကျေးဇူးရှင်ဖြစ်သော သဘာဝပတ်ဝန်းကျင်ကို လူသားတို့ ကျေးဇူးကန်းကြ၍ သဘာဝပတ်ဝန်းကျင်၏ ဒဏ်ခတ်ခြင်းကို ခါးစည်းခံနေကြရသည်။ ထိုသဘာဝဘေးဆိုး အန္တရာယ်မျိုးစုံမှ ကင်းဝေးရန် နည်းလမ်းမှာ သဘာဝပတ်ဝန်းကျင်ကို လူသားတစ်ရပ်လုံး၏ လှုပ်ရှားမှုအသွင်ဖြင့် ထိန်းသိမ်းစောင့်ရှောက် ကြရန်သာဖြစ်သည်။
အိုဇုန်းလွှာတွင် ဓါတုဗေဒ ဖွဲ့စည်းမှုအရ အောက်စီဂျင်(၃)လုံး ပါဝင်၍ မြေပြင်မှ ကီလိုမီတာ(၂၀)မှ (၄၀)အမြင့်တွင် တည်ရှိသည်။ သက်ရှိများအား အန္တရာယ်ကြီးမားစေသော ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးသည်။ လူတို့ အသုံးများသော ကာဗွန်၊ ကလိုရင်း၊ ဖလူအိုရင်း အက်တမ်များက ကမ္ဘာ့လေထုအတွင်း ထိုးဖောက်ပြီး ဓါတုဖွဲ့စည်းမှုအရ အိုဇုန်းဒြပ်များနှင့် ပူးပေါင်းပြီး အိုဇုန်းကို ဖျက်စီးပစ်လိုက်ကြသည်။
ပျက်စီးသွားသော အိုဇုန်းလွှာများကို ပြုပြင်၍ မရတော့သဖြင့် ပို၍ထပ်မံ မပျက်စီးအောင် ထိန်းသိမ်းကြရသည်။ အိုဇုန်းလွှာကို ပျက်စီးစေသော အက်တမ်များ ထိန်းချုပ်ရန် ကြိုးစားလာကြသည်။ လေထုတွင် လူတို့ထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် များမှလာ၍ ကမ္ဘာကြီး ယခင်ကထက် ပို၍ပူနွေးလာသည်။
အိုဇုန်းလွှာ တစ်ရာခိုင်နှုန်း ပျက်စီးတိုင်း ခရမ်းလွန်ရောင်ခြည် နှစ်ရာခိုင်နှုန်း တိုးလာသည်။ လေပွေလှိုင်းများကြောင်းလည်း အိုဇုန်းလွှာ ပျက်စီးနိုင်သည်။ သီးနှံထွက်နှုန်း ကျဆင်းခြင်း၊ ရေခဲပြင်များ အရည်ပျော်ခြင်း၊ စသည့် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ အပင်များမှ ထုတ်လွှတ်သော အောက်ဆီဂျင်များ အိုဇုန်းလွှာကို ဆက်လက်ဖြည့်ဆည်း ပေးနေမှသာ ကျနော်တို့၏ ကမ္ဘာမြေကြီးကို ခရမ်းလွန်ရောင်ခြည် ဒဏ်မှ ကာကွယ်ပေး နိုင်မည်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်က ဖန်ဆင်းထားသော သစ်ပင်၊ သစ်တောများ ဘယ်လောက် အရေးကြီးသည် ဆိုသည်ကို ကျနော်တို့ မငြင်းနိုင်တော့ပေ ………… ။
ဆက်လက်ဖော်ပြမည် ………
» Facebook မှာ Share ရန်နှိပ်ပါ »












အစ်ကိုရေ လာလည်သွားတယ်နော်
ဆက်ပြီးလဲ ကြိုးစားသွားပါအုန်းလို့  အားပေးနေပါတယ်။
လူတွေသိအောင် အချက်အလက်များ ရသလောက် ဆက်လက် ဖေါ်ပြပေးပါ။ တဆင့် ပြန်လည် ဝေမျှပေးပါမယ်။
Thank you bro