Why Khun Pa-Oh.Com?
အားလုံးမင်္ဂလာပါ !! ဒီနေရာမှာ ကျနော်မိတ်ဆက် ပေးချင်ပါတယ်။ အခြားတော့ မဟုတ်ပါခင်ဗျာ (ခွန်ပအိုဝ်း) ဆိုတာဘာလဲ၊ ဘာအကြောင်း အရာတွေကို ရေးသားလွင့်တင်တဲ့ (Web Blog)လဲ ဆိုတာတွေကို ကျနော်ရေးသား ဖော်ပြမှာ ဖြစ်ပါတယ်။ ဤ (ခွန်ပအိုဝ်း) စာမျက်နှာ ရေးသားလွင့်တင် ဖြစ်မြောက်သွားသည့် ရည်ရွယ်ချက်က ဘာလဲ? ဟုတ်ကဲ့ .. ကျနော်တို့ရဲ့ (www.khunpaoh.com) ကို ရည်ရွယ်ချက် တစ်ခုတည်းနဲ့ အကောင်အထည် ဖော်လာခဲ့ပါတယ် .. ။
အဲဒါက ဘာလဲဆိုတော့ .. (ပအိုဝ်း)လူမျိုးဆိုတာ ဘာလဲ၊ ဘယ်ကနေ ပေါက်ဖွားလာတာလဲ၊ သူတို့ရဲ့ သမိုင်းကြောင်း အနည်းစုနဲ့တကွ၊ (ပအိုဝ်း)လူမျိုးတို့ရဲ့ ဓလေ့၊ ရိုးရာယဉ်ကျေးမှု၊ အစဉ်အလာ အစရှိသည်တို့ကို (Internet) ပေါ်မှာရှိ .. မိတ်ဆွေတိုင်းရင်းသားများကိုလဲ .. မိတ်ဆက်၊ ဗဟုတုတ ရစေကြောင်း ရည်ရွယ်ပြီးသကာလ၊ ကျနော်တို့ ဟိုးပြည်ပ၊ အဝေးနိုင်ငံရပ်ခြား တွေမှာ ရောက်ရှိနေကြတဲ့ (ပအိုဝ်း)တိုင်းရင်းသားများကို၊ မိမိတို့ရဲ့ အမိမြေ၊ မြန်မာပြည်ကြီး၊ ပြီးတော့ .. ပအိုဝ်းဌာနေပေါ့၊ ပအိုဝ်းဓလေ့၊ ရိုးရာယဉ်ကျေးမှုနဲ့တကွ .. ပွဲတော် အစဉ်အလာတွေကို သတိရအောင့်မေ့ရန် ရည်ရွယ်ပြီးတော့ … စတင်အကောင်ထည် ဖော်ခဲ့လိုက်ပါတယ် … ။
(ခွန်ပအိုဝ်း) ဆိုက်ကြီးဟာ ပြုပြင်ဆဲဖြစ်သည့်အတွက်၊ ပြီးပြည့်စုံမှုကတော့ ရှိနေမှာ မဟုတ်သေးပေမယ့် .. တစ်ဖြေးဖြေးချင်းတော့ အဆင်ပြေတဲ့ အတိုင်းအတာ တစ်ခုထိတိုင်၊ ရေးသား မျှဝေသွားမှာပါ ။ ဒီနေရာမှာ- အဓိက ကျနော်တို့ရဲ့ (ပအိုဝ်း)ရိုးရာယဉ်ကျေးမှု MP3 သီချင်းများ၊ VCD သီချင်းများ၊ သဘာဝရှုခင်း ဓါတ်ပုံများ၊ ပအိုဝ်းရိုးရာဓါတ်ပုံများ … အစရှိသည် တို့ကိုလဲပဲ မျှဝေသွားမှာ ဖြစ်ပါတယ် .. ။
ကျနော်တို့ရဲ့ (ပအိုဝ်း)လူမျိုးမှ မဟုတ်ပဲ၊ အခြားသော တိုင်းရင်းသား၊ လူမျိုးပေါင်းစုံကိုလဲ အလည်လာရောက်ဖို့ ဖိတ်ခေါ်ပါတယ် .. ။ ပြည်ထောင်စု မြန်မာနိုင်ငံကြီးမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများ အားလုံးဟာဆိုရင်၊ ညီအစ်ကို၊ မောင်နှမများ မဟုတ်ပါလော !! (^_^) .. ။
ခွန်ပအိုဝ်းမှ ကြိုဆိုပါ၏ (^_^)
ကျေးဇူးတင်လျှက်
@ခွန်ပအိုဝ်း@
———————————————————————————–
Our country is composed by 7 states and 7 divisions. There are over 100 ethnic groups in our country. The major groups are Kachin, Kayah, Karen, Chin, Mon, Burmar, Rakhine and Shan. All national races are living altogether unity in our country.
Let me tell all readers about some information of Pa.Oh people, “Pa” means the egg explodes and “Oh” means remove the cover. So “Pa.Oh” means the egg explodes and removes the cover.
ပြည်ထောင်စုထဲက ”ပအိုဝ်း”
ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဟာ ပြည်နယ်ခုနှစ်ခု၊ တိုင်းခုနှစ်ခုနဲ့ တည်ဆောက် ထားတယ်လို့ ကျနော်တို့ စာဖတ်သူတို့ ငယ်ငယ်တုန်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေမှာ လေ့လာခဲ့ကြပါတယ်။ အဲဒီ ပြည်နယ်တွေ၊ တိုင်းတွေထဲမှာ အဓိက လူမျိုးစု (၇)စုရှိတယ် ပြောပေမယ့်၊ လူမျိုးစုလေးတွေကို ရေတွက်ကြည့်မယ်ဆိုရင် လူမျိုးစုပေါင်း (၁၀၀)ကျော်တယ်လို့ ရှေးလူကြီးရေးသားတဲ့ စာအုပ်ပေါင်းချုပ်တစ်ခုမှ ဖတ်လိုက်ရမိပါတယ်။
အဓိက လူမျိုးကြီးတွေကတော့ ကျနော်တို့ စာဖတ်သူများ သိကြတဲ့အတိုင်း၊ သတ်မှတ်ကြတဲ့ အတိုင်းဖြစ်တဲ့ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း) တို့ပဲ ဖြစ်ပါတယ်။ ဒီလူမျိုးကြီး (၇)မျိုးကို လူမျိုးကြီးလို့ ခေါ်ဆိုသတ်မှတ်ကြလေ့ ရှိပါတယ်။ အဲဒီလူမျိုးကြီး (၇)မျိုးထဲမှာမှ လူမျိုးစုလေးတွေ ရှိတယ်လို့လည်း မှတ်သား သိရှိရပါတယ်။
ဥပမာအနေနဲ့ ကျနော်ပြောလိုတဲ့ “ပအိုဝ်း”လူမျိုး၊ “၀”လူမျိုး၊ “အင်းသား”၊ “ဓနု” အစရှိသည်တို့ကို “ရှမ်း”လူမျိုးကြီးထဲမှာ ထည့်သွင်းပြီး ခေါ်ဆိုသမုတ်ကြ ပါသေးတယ်။ အခြားလူမျိုးကြီး တွေမှာလည်းပဲ အထက်ပါပုံစံမျိုး ခေါ်ဆိုမှုတွေ ရှိနေမှာပါ။ အသေးစိပ်ကို သမိုင်းစာအုပ်တွေမှာ တွေ့ရမှာ မဟုတ်ပါပေမယ့် ရှေးလူကြီးများထံတွင် မေးမြန်းပြီး အချက်အလက်တွေကို ရှာဖွေ၊ ရယူနိုင်ပါမယ်။ ဒီလိုနဲ့ .. ပြည်ထောင်စု မြန်မာနိုင်တော်ကြီးမှာ တိုင်းရင်းသားများ စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ် အတူအကွ၊ နေထိုင်ကြတယ် ဆိုပါစို့ … ။
» Facebook မှာ Share ရန်နှိပ်ပါ »











that good idear. I congraguration u.Thank so
ဘယ်သူကပအိုဝ်းကိုစတင်တည်ထောင်ခဲ့တာပါလည်း..
What are you doing for PA.OH? Are you thinking for PA.OH? What do you want to talk to every PA.OH National.
How do they try to develop every PA.OH National. What do they want to know? Do you want to talk our PA.OH to develop? I’m PA.OH. I love PA.OH. I can everything do for their development.
I love ပအိုဝ်း.
I’m very apperciate khunpaoh site and all of who establish this site and sponser. Please try to continue the best for this site , the people in the world will know ‘ we are Pa-Oh and we have own culture, own literature, own words, a long history,…….. and i wish this site is will shine for all Pa-Oh people and Pa-Oh’s next genaration.
thank you for the comments Khun Kham Nyar .. trying our best.
ကျနော်ပအိုဝ်းကဗျာပို့ ပေးချင်တယ်
ခေတ်တသာဝါဒ
တွိုးထွူဝင်ခမ်း ညာလဲဉ်းလမ်းတွော့
သငမ်းတရျိုး နာအဝ်းလွူးဒွုန်းနဲ့ ။
ညာလဲဉ်းမွိုးဖာ ဖူးးဝေးအာတွော့
နာကာသမွိုက် နာအဝ်းလွူးဒျားနဲ့ ။
တွိုးထွူဝင်ခြာ လိုမျိုအာခါး
နာကာရက်ခွို နာသအဝ်တဝ်းနဲ့ ။
အုံထွူထာဒါး ဥာဏ်ပညားခြာ
တနျားဟံးယိုနာ နာမဲဉ်ပွိုဒွိုန်းနဲ့ ။
တွိုးလဲဉ်းဝင်ခါး ရန်းထိုငါးတွော့
ခွိုတားယံလ နာကျိုစာနွောင်တဝ်းနဲ့ ။
ထီးလဲဉ်းဝင်လင် မျိုကျင်ပြင်တွော့
ယံစင်ခွိုကို နာကျမ်းဖျင်ဒါးတဝ်းနဲ့ 
(၂၁)ရျာဗူး နွို့ လွဉ်တလူးလဲဉ်းတွော့
ထာယူးလီယ အမွီးမွဖုံးနာအဝ်းနေးဒွိုန်နဲ့ ။
ပအိုဝ်းမျိုနာထွာ ပအိုဝ်းလိတ်ငွါဖုံ
မွီးအာဟဝ်မျို နာထိန်တိုက်(တုက်)ဒါးတဝ်းနဲ။
ကွပ်စွဉ်းနဝ်ရာ ပအိုဝ်းပေးညာခမ်း
စွုမ်းဖြာသယူး စွီးစူဗူးတဲင်
သေယူးခိန်းခန် လွောက်ခေတ်တန်အလ
မွီးယံထိန်ခါ မွီးကဲုင်ညာထွူ
ထုံကာဝင်ရပ် ကတိုတက်ဖုံး
တုရက်မျိုဟဝ်ဒါး မျိုကဲုင်အွဉ်းပြားထွူ
ခွိုတားကျမ်းမာ ကျိုစာလွေသွော့သွူ။
ခွန်ရရာက်
ခွန်ဆန်းဝင်းပါ ။အစ်ကို့ ကိုအရမ်းလေးစားတယ်။သီချင်းတွေကိုည်းကြိုက်တယ်။နောက်ပြီး ခွန်ဇင်ထွဋ် ဆိုထားတဲ့ အချစ်သီချင်းတွေကိုလည်းတင်ပေးပါဦးလို့တောင်းဆိုချင်ပါတယ်။
ဟုတ်ပြီညီလေး … အစ်ကိုအားတဲ့အခါ တင်ပေးပါ့မယ်… အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် .. ။
အသင်းဝင်ချင်ပါတယ်
သီးသန့် သတ်မှာထားတဲ့ အသင်းတော့ မရှိသေးပါဘူး .. ။ Volunteer တော့အလိုရှိနေတာ အမှန်ပါ။ info@khunpaoh.com သို့ အသေးစိပ် ဆက်သွယ်မေးမြန်းပေးပါ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။