ပြည်ထောင်စုထဲက ''ပအိုဝ်း''

Best view in Microsoft Internet Explorer (IE) and Windows Media Player plug-in is in uses:

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (၂)

လူသားသည် သဘာဝပတ်ဝန်းကျင်၏ တစ်စိပ်တစ်ဒေသ မကပဲ သဘာဝပတ်ဝန်းကျင်ကို မှီခိုကာ အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ရှိ ရေ၊ လေ၊ မြေ၊ အပူချိန်၊ အစားအစာ၊ အ၀တ်အထည်၊ နေစ၇ာအိမ်၊ အသုံးအဆောင် ပစ္စည်းမျိုးစုံတို့ကို သုံးစွဲ၍ အသက်ရှင် နေကြရသည်။

မြန်မာနိုင်ငံ၏ ဧရိယာ စတုရန်းမိုင် (၂၆၁၂၈၈)အနက် (၅၇)ရာခိုင်နှုန်းသည် သစ်တောများဖြင့် ဖုံးလွှမ်းခဲ့သည်။ ကြိုးဝိုင်းသစ်တော (၁၅)ရာခိုင်နှုန်းနှင့် ကြိုးပြင်သစ်တော (၄၂)ရာခိုင်နှုန်း ဖြစ်သည်။ သစ်တော အမျိုးအစား (၁၁)မျိုးရှိသည်။ သစ်ပင်အမျိုးပေါင်း (၇၀၀၀)ကျော်ရှိသည်။

ရှမ်းပြည်နယ်သည် သစ်တောဧရိယာ အများဆုံးရှိသောပြည်နယ် ဖြစ်၍ ဧရိယာ စတုရန်းမိုင် (၄၅၀၅၀)ရှိသည်။ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သယံဇာတများကို ခေတ်မှီစက်များဖြင့် မြန်မြန်များများ ထုတ်ယူသုံးစွဲနေကြ၍ သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးကြရသည်။

အိုဇုန်းလွှာပေါက်ခြင်း၊ ဖန်လုံအိမ် အာနိသင် တိုးလားခြင်း၊ သစ်တောပြုန်းတီးခြင်း၊ အပူအအေး လွန်ကဲခြင်း၊ မုန်တိုင်းထန် ရေကြီးခြင်း၊ မြေဆီလွှာခန်းခြောက်ခြင်း၊ သောက်သုံးရေ ရှားပါးခြင်း၊ လေထုညစ်ညမ်းခြင်း၊ သစ်ပင်နှင့် တိရစ္ဆာန်များ မျိုးတုံးလားခြင်း စသည့် အန္တရာယ်များစုံ ကြုံတွေ့နေရသည်။ သစ်တော ပါရဂူများက တိုင်းပြည်တစ်ပြည် သဘာဝအန္တရာယ်များ ကာကွယ်နိုင်ရန် သစ်တောထွက်ပစ္စည်း အတော်အသင့်ရှိသည့် သစ်တောကြိုးဝိုင်း (၂၅) ရာခိုင်နှုန်း ရှိရန်လိုအပ်ကြောင်း သိရှိရသည်။

ကမ္ဘာသူကမ္ဘာသားအားလုံး မိမိ မှီတင်းနေထိုင်သော မြေကမ္ဘာကြီး စိုပြေစိမ်းလန်းစေရန် ကမ္ဘာချစ်စိတ်ဓါတ်ဖြင့် ၁၉၉၂-ခုနှစ် ဘရာဇီးနိုင်ငံ ရီရှိဒီဂျနေးမြို့တွင် နိုင်ငံပေါင်း(၁၂၀) ခေါင်းဆောင်ကြီးများ တက်ရောက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံတစ်ရပ် ကျင်းပခဲ့သည်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း မရှိဘဲ ကမ္ဘာဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းများ ရှာခဲ့ကြသည်။ ယခုသည် (၂၀၁၀)ခုနှစ်သို့ ရောက်ရှိလာခဲ့ပါပြီ။ ပြုပြင်မှုများ ပြုလုပ်သင့်ပီလော !!

အထက်ပါ ညီလာအခံအတောအတွင်း နိုင်ငံပေါင်းစုံများမှလဲ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များစွာ သဘောတူညီမှု ရရှိခဲ့ကြသည်။ ပြည်ထောင်စု မြန်မာနိုင်ငံအနေဖြင့် သစ်တောဥပဒေသစ်၏ အခြေခံမူများကိုလည်း ချမှတ်ခဲ့သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒများ၊ သစ်တောရေးရာ မူဝါဒများ၊ အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဖြစ်သည်။

သစ်တောနှင့် ဇီဝမျိုးများ ပြုန်းတီးခြင်း၊ မီးလောင်ခြင်း၊ အပင်ရောဂါ ကျရောက်ခြင်းတို့မှ ကာကွယ်သွားရန် ဖြစ်သည်။ သဘာသစ်တောများ ထိန်းသိမ်းကာကွယ်ရေးနှင့် သစ်တောစိုက်ခင်းသစ်များ တည်ထောင်ရေးတို့ကို တစ်ပြိုင်တည်း ဆောင်ရွက်ရန်ဖြစ်သည်။

ကျမ်းကိုး- (၁) ပြည်ထောင်စုထဲက ပအိုဝ်း (၂) မြန်မာ့ရှေ့ရေး မနှေးသစ်ပင် ၀န်းကျင်သဘာဝ ထိန်းသိမ်းကြ – ဒေါက်တာမောင်သင်း (စာပေဗိမာန်၊ ရန်ကုန်မြို့။)

» Facebook မှာ Share ရန်နှိပ်ပါ »

Posted in ခွန်ပအိုဝ်း သတင်းများ and တောင်ကြီးတစ်ခွင် (ရှမ်းပြည်နယ် တောင်ပိုင်း).

1 comment

One Reply

  1. apirlmg Aug 11th 2010

    သဘောကျပါတယ်။


Leave a Reply

Spam protection by WP Captcha-Free